Subscribe to our RSS Feed

အိန္ဒိယနိုင်ငံသို့ မြန်မာ့ရေထွက်ကုန်ပစ္စည်းများ တိုက်ရိုက်တင်ပို့ခွင့်ရရှိ

From : မြဝတီ

မြန်မာ့ရေထွက်ကုန်ပစ္စည်းများအား အိန္ဒိယ နိုင်ငံသို့ တိုက်ရိုက် တင်ပို့ခွင့် ရရှိပြီဖြစ်ကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးပွဲမှ သိရ သည်။

ယခုနှစ် ဒီဇင်ဘာလမှစတင်ကာ ရေထွက်ကုန် ပစ္စည်းများကို အိန္ဒိယနိုင်ငံသို့ တိုက်ရိုက်တင်ပို့ခွင့် ရ၍ အခွန်ကင်းလွတ်မှုဖြင့် တင်ပို့ခွင့်ရရှိခြင်းဖြစ် သည်ဟု သိရသည်။

ယခင်က မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရာတွင် ထိုင်းနိုင်ငံမှတစ်ဆင့် အခွန်ပေးဆောင်ကာ တင်ပို့ရခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ အစိုးရသို့လည်း အခွန်ပေးဆောင် ပေးပို့ရခြင်း ဖြစ်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ ထိုင်းနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံ တံဆိပ်ဖြင့် တင်ပို့ခဲ့ရသော်လည်း ယခုအခါ တိုက်ရိုက်တင်ပို့ခွင့်ရရှိခဲ့ပြီဖြစ်ပြီး အခွန်ကင်းလွတ် ခွင့်ဖြင့် တင်ပို့ခွင့် ရရှိခြင်းကြောင့် ပိုမိုကောင်းမွန်လာ နိုင်မည်ဟု သိရသည်။

''တစ်ဆင့်တင်ပို့နေရတာကနေ တိုက်ရိုက် တင်ပို့ခွင့်ရပြီး အခွန်လည်း မပေးရတော့ အချိန်ကုန် သက်သာပြီး ငွေကုန်လည်း သက်သာသွားပါတယ်'' ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်