ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။
Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။
ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။
ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြော
၃၊၄ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ ကားလို့ ခန့်မှန်းထားကြပြီး မောင်းနှင်ပြ တဲ့ ပရိုမိုးရှင်း ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
www.MyanmarExpress.net
1 comments:
Very wonderful. I like this car 1000 %. Congratulation to German Car company Volkswagen to invent this car. China is more advanced than USA now.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်