Subscribe to our RSS Feed

မြန်မာနိုင်ငံတွင် လေယာဉ်ပျက်ကျ မီးလောင်မှု တွင် ၂ ဦး သာ သေဆုံးသော်လည်း ဇင်ဘာဘွေ တွင် ကား တိမ်းမှောက်မှု ၁၈ ဦး သေ၊ ၄၆ ဦး ဒဏ်ရာရ

From :မြဝတီ


ဇင်ဘာဘွေ နိုင်ငံတွင် ဒီဇင်ဘာလ ၂၃ ရက် နေ့၌ ဖြစ်ပွားခဲ့သော ခရီးသည် ၁၈ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး ဒဏ်ရာ ရရှိခဲ့သည့် ကားတစ်စီး လမ်းချော် တိမ်းမှောက်မှုအား အမျိုးသားရေး ဆိုင်ရာ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ဇင်ဘာဘွေ အစိုးရက ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။

ဇင်ဘာဘွေ နိုင်ငံ အရှေ့ပိုင်း မာနီကာလန် ပြည်နယ်၊ နိုင်ဂျာမြို့ အနီးရှိ မတ်စောက်သည့် တောင်တက်လမ်း ဖြစ်သော Selbourne- Hauna လမ်း၌ ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် ခရီးသည်များ တင်ဆောင် လာသည့် ကားတစ်စီး လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

ယာဉ်မောင်း အနေဖြင့် ခရီးသည် ၆၄ ဦး စီးနင်း လိုက်ပါလာသော ကားအား ထိန်းချုပ်၍ မရခဲ့ကြောင်းနှင့် လမ်းချော် တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၇ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၁ ဦးမှ Hauna ခရိုင်ရှိ ဆေးရုံသို့ ရောက်ရှိပြီးမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ Tinaye Matake ကပြောကြားခဲ့ ပါသည်။



  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်