Subscribe to our RSS Feed

Air Bagan လေယာဉ်မတော်တဆဖြစ်မှု Air Bagan မှတာဝန်ရှိသူများ သတင်းစာ ရှင်းလင်းပွဲပြုလုပ်

From :Yangontimes

 
Air Bagan လေကြောင်းလိုင်းပိုင် F-100 လေယာဉ် XY-AGC လေယာဉ် မတော်တဆမှုအတွက် Air Bagan မှတာဝန်ရှိသူများက ယနေ့ ညနေ ၄း၃၀ မိနစ်မှစတင်ကာ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟော်တယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လေယာဉ်မတော်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို Air Bagan မှ အကောင်းပက တိနီးပါးဖြစ်သည် အထိ အလုံးစုံတာဝန်ယူကာ ပြန်လည်ကူညီသွား မည် ဖြစ်ကြောင်းပြောကြားသည် ။လေယာဉ်မတော်တ ဆဖြစ်မှုကြောင့် ကွယ်လွန်ခဲ့ရသည့် Tour Guide တစ်ဦးဖြစ်သူ မနွယ်လင်းရှိန် အတွက်လည်း Air Bagan ဥက္ကဌကိုယ်တိုင် သွားရောက်ကာ နာရေးကိစ္စရပ်များကို ဆောင်ရွက်ပေးနေကြောင်းသိရသည်။

"ကျွန်တော်တို့ လျော်ကြေးအတွက်လည်း မြန်မာ့အာမခံလုပ်ငန်းကနေတဆင့် နိုင်ငံတကာ အာမခံဌာနကိုတင်ထားတယ် အဲဒီကရရင်လည်းလျော်ကြေးပေးသွားမှာ ဖြစ်ပါတယ် အခုမတော်တဆမှုမှာ ကွယ်လွန်ခဲ့တဲ့ မနွယ်လင်းရှိန် အတွက်လည်း ကျွန်တော်တို့ ဥက္ကဌ ကိုယ်တိုင်သွားပြီး ကူညီဆောင်ရွက်ပေးနေပါတယ်" ဟု သတင်းစာရှင်းလင်းပွဲတွင် ပြေားကြားခဲ့သည်။

Air Bagan လေယာဉ်မတော်တဆဖြစ်စဉ်ကို အတိအကျမသိရှိရသေးသော် လည်း လေယာဉ်၏ အဓိကအစိတ်အပိုင်းဖြစ်သည့် Black Box ကိုရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ယင်းကို စင်ကာပူနိုင်ငံတွင် သွားရောက်စစ်ဆေး မည်ဖြစ်ကြောင်း အချိန်အားဖြင့် ရက်သတ္တပတ် ၄ ပတ်ခန့်ကြာမြင့် နိုင်ကြောင်း သိရသည်။ ယခုအခါတွင် အဆိုပါ Black Box ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့ ပေးအပ်ထားပြီးဖြစ်ကြောင်းသိရသည်


   www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်