Subscribe to our RSS Feed

မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ခဲ့သူ အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် ဆေးရုံမှ မဆင်းရသေး

From : planet

သမ္မတသက်တမ်း (၄)နှစ်ကြာ တာဝန်ယူခဲ့သော ဘုရှ်သည် ဟူစတန် ဆေးရုံတွင် တက်ရောက်နေရပြီး ဇနီးသည် ဘာဘရာနှင့် အခြားသော ဆွေမျိုး မိတ်သင်္ဂဟများက လာရောက် လည်ပတ်ခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် ခရစ္စမတ်ကို ဆေးရုံတွင် ဖြတ်သန်းရမည်
အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်သည် ယခုနှစ် ခရစ္စမတ် ကာလကို ဆေးရုံတက်နေရင်း ဖြတ်သန်းခဲ့ရကြောင်း သိရှိရသည်။ သမ္မတသက်တမ်း (၄)နှစ်ကြာ တာဝန်ယူခဲ့သော ဘုရှ်သည် ဟူစတန် ဆေးရုံတွင် တက်ရောက်နေရပြီး ဇနီးသည် ဘာဘရာနှင့် အခြားသော ဆွေမျိုး မိတ်သင်္ဂဟများက လာရောက် လည်ပတ်ခဲ့သည်။ ဘုရှ်၏ ဆွေမျိုးများက ၎င်းကို ခရစ္စမတ်နေ့တွင် အထူးစပယ်ရှယ် အားလပ်ရက် ဟင်းလျာများဖြင့်လည်း စီစဉ်ကျွေးမွေးခဲ့သည်။ ဘုရှ်၏သား နေးလ်နှင့် ဇနီးတို့သည်လည်း အင်္ဂါနေ့က ဖခင်ထံ လာရောက် လည်ပတ်ခဲ့သည်။ ဘုရှ်၏ မြေးတစ်ဦးလည်း ယင်းအစီအစဉ်တွင် လာရောက် ပူးပေါင်းခဲ့ကြောင်း သမ္မတဟောင်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျင်မ်မက်ဂရက်သ်က ပြောကြားခဲ့သည်။



ဘုရှ်သည် ရင်ကျပ်ခြင်းဆန်ဆန် ချောင်းဆိုးမှုကြောင့် နိုဝင်ဘာလ (၂၃)ရက်နေ့က ကတည်းက ဆေးရုံတက်ရောက် ကုသခဲ့ရသည်။ အသက်(၈၈)နှစ် ရှိပြီဖြစ်သော ဘုရှ်သည် ခရစ္စမတ်ကို နေအိမ်တွင် ဆင်နွှဲရန် စီစဉ်ခဲ့ပြီးမှ အတန်ငယ် ကိုယ်အပူချိန် မြင့်တက်လာသဖြင့် အိမ်မပြန်ဖြစ်ခဲ့ကြောင်း မက်ဂရက်သ်က ဆိုသည်။ ဘုရှ်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆရာဝန်များက အကောင်းမြင်ထားသော်လည်း သတိထား စောင့်ကြည့်နေဆဲဟု သိရသည်။ ဘုရှ်သည် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာလျှင်လည်း အပြည့်အဝ ကြံ့ခိုင်သည်အထိ ဆေးရုံတွင် ဆက်လက် နေထိုင်ရန် ဆရာဝန်များ၏ တိုက်တွန်းမှုကို ခံထားရကြောင်းလည်း မက်ဂရက်သ်က ပြောဆိုထားသည်။

ဘုရှ်သည် ဒုတိယ ကမ္ဘာစစ် ကာလက ရေတပ်တွင် တိုက်လေယာဉ်မှူး တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ ထို့အပြင် ၎င်းသည် ထိုခေတ်က ရေတပ်တွင် အသက်အငယ်ဆုံး လေယာဉ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး ပစိဖိတ် သမုဒ္ဒရာတွင် လေယာဉ် ပျက်ကျခဲ့ဖူးသည်။ ဘုရှ်သည် အမေရိကန် သမ္မတ ရာထူးကို (၁၉၈၉)ခုနှစ်မှ (၁၉၉၃)ခုနှစ်ထိ တာဝန်ယူခဲ့ပြီးနောက် ၎င်းနေရာကို ဘီလ်ကလင်တန်က ဆက်ခံခဲ့သည်။

 www.MyanmarExpress.net
  

2 comments:

သေမှာပါ သိပ့်မကြာပါဘူး ကောင်းတယ်

This is the consequences of his karma

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်