Subscribe to our RSS Feed

ဟဲဟိုးလေဆိပ်၌ လေယာဉ်ပျက်ကျခဲ့မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်

From : ခေတ်လူငယ်


ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် အဲပုဂံလေကြောင်းလိုင်းပိုင် F-100 လေယာဉ် XY-AGC သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျခြင်းနှင့် ပတ်သက်၍ ၁၉၃၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းဥပဒေ ၇၅ အရ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ဥက္ကဋ္ဌအဖြစ် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းနှင့် အဖွဲ့ဝင် လေးဦး ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်း တာဝန် ပေးအပ်ထားကြောင်း အဆိုပါဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။  

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်