Subscribe to our RSS Feed

ဂျပန်ဝန်ကြီးချုပ်အဖြစ် ရှင်ဇိုအဘီ ရွေးချယ်ခံရ

From : planet

ဒီဇင်ဘာ ၁၆ ရက် လွှတ်တော်ရွေးကောက်ပွဲတွင် အဘီ၏ Liberal Democratic Party က အနိုင်ရရှိခဲ့ပြီးနောက် ယခုတစ်ဖန် ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ပြန်လည် ရွေးချယ်ခံရခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်အဖြစ် ရှင်ဇိုအဘီ ရွေးချယ်ခံရ
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ရှင်ဇိုအဘီအား ဂျပန်လွှတ်တော်က ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) အတည်ပြုရွေးချယ်လိုက်ကြောင်း The Asahi Shimbun သတင်းက ပြောကြားသည်။ ရှင်ဇိုအဘီသည် ၂၀၀၆ မှ ၂၀၀၇ ခုနှစ်အထိ ဂျပန်နိုင်ငံဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်သည်။

shinzo abe

ဒီဇင်ဘာ ၁၆ ရက် လွှတ်တော်ရွေးကောက်ပွဲတွင် အဘီ၏ Liberal Democratic Party က အနိုင်ရရှိခဲ့ပြီးနောက် ယခုတစ်ဖန် ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ပြန်လည် ရွေးချယ်ခံရခြင်းဖြစ်သည်။ အဘီသည် ၎င်းအား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ပြီး မကြာမီပင် စီးပွားရေးဆိုင်ရာ အတွေ့အကြုံရှိသူမျး ပါဝင်သည့် အစိုးရဝန်ကြီးအဖွဲ့ အမည်စာရင်းကို ထုတ်ပြန်လိုက်သည်။ အဘီ၏ အစိုးရအဖွဲ့တွင် ယခင် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ တာရိုအဆိုအား ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထည့်သွင်းခန့်အပ်ထားသည်။
 
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်