Subscribe to our RSS Feed

မီးလောင်ဗုံး ဟု ပြောခဲ့သည်မှာ မှားယွင်းကြောင်း ဒေါက်တာခင်မောင်ညို ၀န်ခံပြီ

From : ပလေတို ဒီမို

လက်ပံတောင်းတောင်အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည် ဟု ကြိုတင်ခန့် မှန်း ပြောကြားခဲ့သည့်အတွက် အထူးပင် စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညိုက ယေန့  ထုတ်ဖော် ပြောကြားလိုက်သည်။

ယင်းကိစတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲဗင်းမီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့  က မိမိထံ လာရောက်၍ သဘောထားထင်မြင်ချက် တောင်းခံခဲ့ကြောင်း၊ ထိုသို့  ပြောကြားရာတွင် မိမိအနေဖြင့် ရရှိသမျှသော ဓါတ်ပုံများ၊ ဗီဒီယိုများ စသည်တို့ ကို လေ့လာကြည့်ရှု၍ ခန့် မှန်းပြောကြား ခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့ ရာတွင် ခန့် မှန်းပြောကြားရာတွင်လည်း တစ်သက်လုံး သင်ယူလေ့လာခဲ့သော ဓါတုဗေဒ သဘောတရားများ၊ သီအိုရီများ စသည်တို့ နှင့် ချင့်ချိန်၍ ပြောကြားခဲ့ ကြောင်း၊ လက်တွေ့  အသုံးပြုခဲ့သော ဗုံးအစအနများ၊ ဗုံးနမူနာများ စသည်တို့ ကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း မရှိသဖြင့် မှားယွင်းနိုင်သည် မှာလည်း မှန်ပါကြောင်း၊ ထိုအချိန်တွင် အစိုးရဘက်မှ သတင်းထုတ်ပြန်ချက် အားနည်းနေသဖြင့် ရရှိသမျှ သတင်းအချက်အလက်များကို အခြေခံရခြင်း ဖြစ်ကြောင်း အငြိမ်းစား ဓါတုဗေဒပါမောက ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။

ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်သည် အခြေအနေ ပိုမိုဆိုးဝါးသွားစေရန် မီးလောင်ရာ လေပင့် မဖြစ်ခဲ့ဘူးလား ဟု မေးမြန်းရာ မိမိအနေဖြင့် ထိုမျှအထိ မျှော်မှန်းထားခဲ့ခြင်း မရှိခဲ့ ကြောင်း၊ တတ်သည့်ပညာ မနေသာ ဆိုသလို အမေးရှိလာ၍ ဖြေကြားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိမှ မီးလောင်ဗုံး ဖြစ်နိုင်သည ဟု သာ ပြောကြားခဲ့ခြင်း ဖြစ်ပြီး မျက်ရည်ယိုဗုံး မဖြစ်နိုင် ဟူ၍လည်း ပြောကြားခဲ့ကြောင်း၊ ယင်းပြောကြားချက်များကြောင့် အခြေအနေ ပိုမိုဆိုးဝါးစေခဲ့ပြီး သံဃာများ၏ ဒေါသကို နှိုးဆွသလို ဖြစ်စေခဲ့သည်ဆိုလျှင် မိမိ၏ ပညာရပ်ဆိုင်ရာ မှားယွင်းမှု ဟု ပြောကြားလိုကြောင်း ၄င်းက ဖြေကြားသည်။

ဆက်လက်၍ ဒေါက်တာခင်မောင်ညိုက နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး မီးမလောင် ဟု ပြောခဲ့ရခြင်းမှာလည်း နိုင်ငံတကာ အဓိကရုဏ်းများကို ထောက်ရှု၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါတုဗေဒသဘောတရားတွင် မီးလောင်အောင် ဖော်မြူလာ ထုတ်လျှင်လည်း ရပါကြောင်း၊ မီးခိုးဗုံး ဆိုသော်လည်း မီးလောင်နိုင်သည့် မီးခိုးဗုံးများ ထွက်ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ မိမိ၏ ခန့် မှန်းချက် စောစီးစွာ ပေါ်ထွက်လာခဲ့ခြင်းမှာလည်း မီဒီယာများက လာရောက်မေးမြန်းသဖြင့် မိမိ သိရှိနားလည်ထားသမျှ ပညာရပ်ဆိုင်ရာများကို အခြေခံ၍ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယင်းကိစကို စစ်ဆေးဖော်ထုတ်နေပြီ ဖြစ်ရာ မိမိ၏ ပြောကြားချက်များကြောင့် ကော်မရှင်အပေါ် ယုံကြည်မှု အားနည်းစေမည်ကိုလည်း မလိုလားကြောင်း၊ ကော်မရှင်မှာ လက်တွေ့  အသုံးပြုခဲ့သည့် ဗုံးစဗုံးနများကို သိပံနည်းကျ စစ်ဆေးဖော်ထုတ်မည် ဖြစ်၍ မိမိ၏ ခန့် မှန်းပြော ကြားချက်ထက် ပိုမို၍ တိကျခိုင်မာမည် ဟု ယုံကြည်ထားကြောင်း၊ မိမိအနေဖြင့် လေ့လာထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအပေါ်တွင် အခြေခံ၍ ပြည်သူများ သိရှိနားလည် စေရန် နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး သုံးကြသော်လည်း မီးလောင်ခြင်း မရှိသည်ကို ထင်ရှားစေရန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ရေနှင့် မီးစုန်း ဓါတ်ပြုလျှင် မီးလောင်ကျွမ်းသည် ဟူသည်ကို သိပါသလား ဟု မေးမြန်းရာ ဒေါက်တာခင်မောင်ညိုက မှန်ပါကြောင်း၊ မီးစုန်းသည် ရေနှင့်တွေ့လျှင် သေချာပေါက် မီးလောင်ကြောင်း၊ မီးစုန်းပါဝင်မှု အချိုးအစား အနည်းအများပေါ်မူတည်၍ မီးလောင်ကျွမ်းမှု အနည်းအများ ဖြစ်စေတတ်ကြောင်း၊ ယင်းကာလက မိမိအနေဖြင့် မီးစုန်းဓါတ် ပါဝင်နိုင်သည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊ ယင်းအတွက် မိမိအား မှားယွင်းသည် ဟု ပြောလျှင်လည်း ခံရမည်သာ ဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက်များ အလွန်အကျွံ ဖြစ်ခဲ့သည် ဟု ဆိုပါက ထိုအချိန်က တွေ့  ရှိရသော သတင်းဓါတ်ပုံများကို ကြည့်၍ ဖြစ်ပေါ်လာသော စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့သည် ဟု ပြောကြားလိုကြောင်း၊ မိမိ၏ပြောကြားချက်များကြောင့် လူအများ၏ ဒေါသကို ပိုမိုဖြစ်စေခဲ့သည် ဟု ဆိုပါက မိမိအနေဖြင့် ပညာရှင်တစ်ယောက်၏ စိတ်ခံစားမှု ဟူ၍သာ နားလည်ပေးစေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကော်မရှင်မှ စစ်ဆေးတွေ့ ရှိချက်သာ အစစ်အမှန် ဟု မိမိအနေဖြင့် လက်ခံမည် ဖြစ်ကြောင်း၊ မပြည့်စုံသော အထောက် အထားများကို အခြေခံ၍ ခန့် မှန်းပြောကြားလျှင် မိမိကဲ့သို့ ပင် မှားယွင်းနိုင်ပါကြောင်း၊ ပညာရှင်များသည် တိကျခိုင်မာမှသာ ပြောကြားသည်ဟူသော ဆိုရိုးကို မိမိလက်ခံပါကြောင်း၊ စောစီးစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းအတွက် မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။

လက်ပံတောင်းတောင်အရေးတွင် ရဲတပ်ဖွဲ့ ဝင်များက ရေဖြင့်ပက်ဖျန်းပြီးမှ မီးခိုးဗုံးများ အသုံးပြုခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။ ယင်းဖြိုခွင်းမှုကြောင့် သံဃာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ ဒဏ်ရာဆိုးဝါးသော ဦးတိကမှာ ထိုင်းနိုင်ငံသို့  ပို့ ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိသည်။ ထိုင်းနိုင်ငံမှ ဆရာဝန်များက မီးခိုးဗုံးနှင့် ရေ ထိတွေ့  ဓါတ်ပြုခြင်းကြောင်း လောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ကောက်ချက် ချထားသည်။
www.MyanmarExpress.net
 

20 comments:

Dr. Khin Maung Nyo should surrender his Doctorate Degree.

DR ခင်မောင်ညို မှားကြောင်း ဒီနေ့ဝန်မခံရင် နောက်နေ့ -င်ခံရမယ် နားမလည်ရင်ရှောက်မဖွနဲ့ မင်းလောက်ဘွဲ့ မရှိပေမဲ့ မင်းထက်တတ်တဲ့ပြည်သူတွေရှိတယ် ဖယောင်းတိုင်မီးစာ ရေဖြန်းရေတောက် ရင်မီးထတောက် တာ မီးစုန်ဓါတ်သုတ်ထားလို့ပါ ကွမ်းယာဝါးရင်းမီးခိုး ထွက်လာတာ မီးစုန်းဓါတ်ကြောင့်ပါ ရေစိုချိန်မှာ မီးစုန်ဓါတ်ပါတဲ့မီးခိုးဗုန်းခွဲရင်င်္မးလောင်တတ်တာ(ရဲတပ်ဖွဲ့လက်နက်ခဲယမ်းမကျွမ်းကျင်တာ) မျက်လှည့်ဆရာတောင်သိပါတယ် အမှန်က မျက်ရည်ယို ဗုံးသုံးပြီးမှ မီးသတ်ပိုက်နဲ့ပက်ရမှာ အရင်လုပ်ရမှာနဲ့ နောက်လုပ်ရမှာလွဲသွားလို့လက်နက်မကျွမ်းတဲ့ရဲတရားခံ ဖြစ်သွားတာ မြန်မာ အိပ်စစ်ပရက်ကန်မက်တင်တဲ့AK လောက်တောင် ဖော့စဖေါ့ရပ်ဆိုတဲ့မီးစုန်းဓါတ်အကြောင်း မသိတဲ့ဒေါက်တာဖွတ်ကြီး ခိုးချ စာမေးပွဲအောင် ပိုက်ဆံပေး ဒေါက်တာ ဘွဲ့ရခဲ့ ရင် ဖြုတ် နား သူပြောတာ အဟုတ်မှတ်ရေး ဒေဝဒတ်ဆရာတင်မှားတဲ့ဂျာနယ်လစ် တွေ ငရဲပြည်မှာ အဇာတသတ်စောင့်နေလေရဲ့ သွားကြ ခုမှ ဆောရီးမနေကြနဲ့ တိုင်းပြည် သိက္ခာကျတယ်

I agree it. Should an educated man tell that?

အို လို့  သေ တော့ မယ် စ ကားး ကို ဆင် ချင် မ ပြော တတ် ဘူး။dr ဘွဲ့ ပြန် သိမ်း သင့် တယ်။မ လို အပ် ဘဲ အာ ချောင် လို့ အလုပ် များ သွားတယ်။

အစိုးရအပေါ် မကောင်းမြင် တိုက်ခိုက်ချင်တဲ့အတ္တမီး က ဘုန်းကြီးတွေနဲ့ဘာမှ ပညာမတတ်တဲ့ ကျောင်းသားခေါင်း ဆောင်တွေအပေါ် လောဘမီး ဒေါသမီးတွေလောင်ရတာ မီးလောင်ဗုန်းလို့အမည်တတ် ဖွခဲ့တဲ့ခွေးမသားတွေကပါသေး နိင်ငံတစ်ကာမှာ မြန်မာတွေ ဘာနည်းပညာမှမတတ်တာ ပေါ်လွင်သွားတာ ဒင်းတို့ကြောင့် ရှက်စရာပါ ဘေးထိုင် ဘိုင်ကျ ဘုပြော တဲ့ကောင်တွေ ရှင်းပြစ်ပါ သူတို့စကားမယုံကြပါနဲ့

100% sure that Dr. Khin Maung Nyo was forced by someone to tell like above. Otherwise, he will be punished by ex-soldiers.

ရှက်စရာကောင်းပါတယ် ဦးခင်မောင်ညိုရယ် ခင်ဗျားသာ ကိုယ့်စကားကိုယ် တာဝန်ယူတတ်ရင် ဒေါက်တာဘွဲ့ကြီးကို ပြန်အပ်သင့်ပါပြီ။

We, the ordinary citizen, might be able to forgive if the former junta admits its mistakes like U Khin Maung Nyo. He examplified the rare bravery act of a learned person.

@first commenter, you can't read Myanmar? he concluded with what he had. nothing wrong with that. if there is a problem that show 2 + 2 + 2 + 2 but if u only get information about 2 + 2 you will answer 4, can you say he is wrong? people ask him showing part of the problem and he used all his knowledge to conclude what happened. if you get shot in your head and leg but your friends only show your leg wound to dr.kin mg nyo and you died, you blame the dr or you blame the friends who did not show your head wound? go blame the media for not showing whole thing.

ဘာ ဘဲ ဖြစ် ဖြစ် လေ
မြန် မာ media တွေ ကြောင့်
မြန် မာ ပြည် က ဒေါက် တာ ကြီး
ရဲ့ အယူ အဆ ဖြစ် စဉ် တစ် ခု
အ ပေါ် သုါံ်းသပ် လေ့လာ
ကောက် ချက် ချ တတ် တဲ့
ပညာ ရှင် ပီသ တဲ့
တော် တာ တတ် တာ တွေ ကို
ကမ္ဘာ က လည်း သိ သွား တာ ပေါ့
ဒါ ကြောင့် အဒီ အ ချိန် တုန်း က
မြန်မာ media တွေ က ဘဲ
မီး လောင် ဗုံး လို့ လုပ် နေ ချိန် မှာ
နိုင် ငံ ကြီး တွေ က media တွေ က
ဘာ မှမပြော ဘဲ နေ တာ ဆို....
မြန် မာ Media တွေ ကို သတိ ထား
ပြီး ဆက်ဆံ ကြ ပါ
သူ တို့ ဂျာ နယ် ရောင်း ရ ရေး
အ တွက် သူ တို့ မအေ နှမ မု ဒိမ်း
ကျင့် ခံ ရ ရင် တောင်
သတင်း ဦး ဆိုပြီး
ကျွန် တော် နှမ လေး ဒီ လို ဖြစ် ပါ တယ် ဗျာ
ဆို ပြီး အ ရင် ဆုံး ဖေါ် ပြ မဲ့ ကောင် တွေ

ခွေးလိုးမသားမင်းကြောင့် နောက်တစ်ကြိမ် တိုင်းပြည် ပျက်သွားတော့မလို့ ကိုယ်မညမျှပင်ကျွမ်းကျင်နေပါစေ မျက်စိနဲ့ တပ်အပ်သေချာမမြင်ရဘဲ ရမ်းပြောတာ ဖွတာနဲ့ အတူတူဘဲကွ ခွေးလိုးမသားရ။

what the hell!!! if he didn't have the any proof, he should talk that it was just his assumption. But he talked like he was sure about it. That's why we are pointing out about his misjudgment. Didn't you hear bla bla from many ppl bcoz of his misjudgment. If he want to talk to the public. he must confirm first. By the way. your example is very stupid. :)

အစကတော့ ဒေါက်တာကြီးဆိုပြီး အထင်ကြီးနေတာ
လက်စသတ်တော့ ဖွတ်အုပ်ထဲက ဖွတ်တစ်ကောင်ပါပဲလေ

. . .

ဦးသိန်းစိန်လို လူမျိုး နဲနဲ လွဲမှားရင် တောင် မ ကျေနိုင် မချမ်းနိုင် ဝိုင်း ဟောင် ကြတယ်။
ခင် မောင် ညို မင်းလို ကောင် မျိုးမှား ရင်
သေဒဏ် ပေးရမယ် ။
အစိုးရ က တရားစွဲ လိုက်ပါ။
အဓိက တရားခံ ထဲ မှာ သူပါတယ်

န၈ို ကမု အလုပ် ပိတ် တိုင်း လမ်း ပေါ်တက် ချင် နေ ကြ ပါတယ် ဆို မု...ကားဆ၇ာေ၇ သူ့  ကို ပါေ၇ာ က လော် တုတ်ပေ တော့...တတ်ထားတ့်ပညာ က မိဒိယာမုဆိုး ၇့့်ေ၇လာ မြောင်း ပေး စကားလောက်မုအလုပ်မဖြစ်ပ်

တကယ်တော့ အရင်စစ်အစိုးရလက်ထက်က မပြောရဲလို့ ငြိမ်ခံလာခဲ့ရသမျှ
ပြောချင်နေတဲ့ မကျေနပ်ချက်တွေအားလုံးကို လွတ်လပ်ခွင့်ပေးလိုက်တဲ့ လက်ရှိအစိုးရ အပေါ်အတိုးချပြီး အမျိုးမျိုးမကောင်းပြောဖို့ ကြိုးစားနေတဲ့ မီဒီယာ သမားတွေရဲ့ အသုံးချခံ ဖြစ်သွားတာပါ။ အဲဒီလို အသုံးချခံခဲ့ရတာကလည်း ပညာဥာဏ် နည်းပါးလို့ မဟုတ်ပါဘူး။ အစိုးရအပေါ် အကောင်းမမြင်တဲ့ စိတ်ရင်းခံရဲ့ တွန်းအားကြောင့်လို့ပဲ ထင်ပါတယ်။ တကယ်တော့ လက်ရှိမီဒီယာတွေဟာ ပြည်သူလူထု တော်တော်များများမှာ ရှိနေတဲ့ အဲဒီ စိတ်အခံတွေအပေါ်မှာ အသုံးချပြီး ရပ်တည်နေကြတာပါ။ ကျနော်တို့ မြန်မာတွေ ကိုယ်ပိုင်အတွေးအခေါ်များ မြင့်မားလာကြပါစေလို့ မျှော်လင့်မိပါတယ်။

what the fuck you are talking bastard army man

so rude bastard...mother fucker

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်