Subscribe to our RSS Feed

တရုတ်တွင် ကမ္ဘာ့ပြေးလမ်းအရှည်ဆုံး မြန်နှုန်းမြင့် မီးရထားလမ်း စတင်ဖွင့်လှစ်

From : planet

ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်သော မီးရထားလမ်းသည် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့် မီးရထားလမ်းများ တိုးချဲ့ရေး မျှော်လင့်ချက်ကို တွန်းအားပေး ဖြည့်ဆည်းပေးမည် ဖြစ်သည်။

တရုတ်တွင် ကမ္ဘာ့ပြေးလမ်းအရှည်ဆုံး မြန်နှုန်းမြင့် မီးရထားလမ်း စတင်ဖွင့်လှစ်
ကမ္ဘာပေါ်တွင် ပြေးလမ်း အရှည်ဆုံး မြန်နှုန်းမြင့် မီးရထားလမ်းကို တရုတ်နိုင်ငံတွင် စတင်ဖွင့်လှစ် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်သော မီးရထားလမ်းသည် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့် မီးရထားလမ်းများ တိုးချဲ့ရေး မျှော်လင့်ချက်ကို တွန်းအားပေး ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ဘေဂျင်းနှင့် ဂွမ်ဇူးတို့မှ မီးရထား နှစ်စင်းသည် မနက်(၉)နာရီတွင် အသီးသီး စတင်ထွက်ခွာကြသည်။ ထိုမီးရထားလမ်း၏ အရှည်သည် (၂၂၉၈)ကီလိုမီတာ ရှိသည်။ ယင်းမီးရထားလမ်းပေါ်တွင် ရထားများသည် ပျမ်းမျှမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ (၃၀၀)မျှဖြင့် ခုတ်မောင်းကြမည် ဖြစ်သည်။



ထို့ကြောင့် ဘေဂျင်းနှင့် တရုတ်နိုင်ငံ တောင်ပိုင်း ဒေသရှိ မြို့ကြီးကို ဆက်သွယ်သွားလာရာတွင် နာရီ(၂၀)မျှ ကြာမြင့်ရာမှ (၈)နာရီ ဝန်းကျင်သာ ကြာမြင့်အောင် အချိန်လျှော့ချနိုင်ခဲ့သည်။ ထိုရထားလမ်းပေါ်တွင် နေ့စဉ် မြန်နှုန်းမြင့် ရထားစင်းရေ (၁၅၅)စင်းမျှ ခုတ်မောင်းနေမည်ဟု ရထားပို့ဆောင်ရေး ဌာနက ဆိုသည်။ "ဘေဂျင်း-ဂွမ်ဇူး မြန်နှုန်းမြင့် ရထားလမ်းဟာ တရုတ်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်ကို ပိုပြီး ကောင်းမွန် ထက်မြက်လာစေမှာပါ"ဟု ဝန်ကြီးဌာန၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဌာနခွဲမှ အထွေထွေ ဒါရိုက်တူ ဇူလီက ပြောကြားခဲ့သည်။



တရုတ်နိုင်ငံသည် ယခုအခါ မြန်နှုန်းမြင့် မီးရထားလမ်းကွန်ရက် အရှည် (၉၃၀၀) ကီလိုမီတာမျှထိ ယှက်သန်း ဖောက်လုပ်ပြီး ဖြစ်သည်။ တရုတ်သည် နိုင်ငံအရှေ့ဖျားမှ အနောက်ဖျား၊ တောင်ဘက်စွန်းမှ မြောက်ဘက်စွန်းထိ မြန်နှုန်းမြင့် မီးရထားလမ်းများ သွယ်တန်းသွားရန် စီမံကိန်း ရေးဆွဲထားသည်။ တရုတ် အစိုးရသည် (၂၀၂၀)ပြည့်နှစ်တွင် နိုင်ငံအတွင်း မြန်နှုန်းမြင့် မီးရထားလမ်းအရှည် ကီလိုမီတာ (၁၂၀၀၀၀)ကျော် ရှိနေရန် လျာထားလုပ်ကိုင်နေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။


 www.MyanmarExpress.net

1 comments:

China high speed bullet trains are world fastest trains in the world . China trains are more advanced than USA . There are no bullet train in USA now.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်