Subscribe to our RSS Feed

မြန်မာနိုင်ငံ၌ ပထမဆုံး ၅၀၀ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းမည်


မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သော ၅ဝဝ KV ဓာတ်အားလိုင်း သွယ်တန်းမှုကို လာမည့်၂ဝ၁၃ ခုနှစ် ဆန်းတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် တော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။

လျှပ်စစ် ဓာတ်အားလိုင်းအဆင့် သွယ်တန်းမှုကြောင့် ဓာတ်အားဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ၂၆၃ မိုင်ရှည်သော ၅ဝဝKV ဓာတ်အားလိုင်းကို သွယ်တန်းခြင်း ဖြစ်ကြောင်း ထိုသို့သွယ်တန်းမှုကြေင့် ဓာတ်အား ဆုံးရှုံးမှုအလွန်နည်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၆၃ မိုင်ရှည်သော ၅၀၀ KV ဓာတ်အားလိုင်းကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည် ဖော်ဆောင် ရွက်သွားမည် ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ၁၄၆မိုင်ရှည်သောသပြေဝ(မိတ္ထီလာ) -တောင်ငူအပိုင်းကို အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၃၁သန်းခန့်ဖြင့် ဆားဗီးယားနိုင်ငံမှ အကူအညီဖြင့် တည်ဆောက်မည် ဖြစ်ရာ မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

ဒုတိယ အဆင့်အဖြစ် ၁၁၇ မိုင် ရှည်သော တောင်ငူ-ကမာနတ် ဓာတ်အားလိုင်းအား အမေရိကန်ဒေါ်လာ ၈၇ဒသမ ၇၅ သန်းအကုန် အကျခံကာ တည်ဆောက် မည်ဖြစ်သည်။ ယင်းဒုတိယ အဆင့် ဓာတ်အားလိုင်း သွယ်တန်းမှုကို တောင်ကိုရီးယား နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံ ငွေဖြင့် ဆောင်ရွက် သွားမည်ဖြစ်သည်။

အဆိုပါ ဒုတိယအဆင့် တည်ဆောက် သွယ်တန်းမှုကို ၂ဝ၁၃ ခုနှစ် အတွင်း အကောင်အထည်ဖော်မည် ဖြစ်သည်။ ဆက်လက်ပြီး တတိယအဆင့် အနေဖြင့် သပြေဝမှ ကမာနတ်အကြား ဓာတ်အားစက်ရုံသုံးရုံ တည်ဆောက်မှုကို အမေရိကန် ဒေါ်လာ ၈၇ သန်းဖြင့် အကုန်အကျခံကာ တည်ဆောက်သွား မည် ဖြစ်သည်။ ထိုသို့ တည်ဆောက်မှုကို ဂျပန်နိုင်ငံ ပင်လယ်ရပ်ခြား ဖွံ့ဖြိုး တိုးတက်မှု အကူအညီပေးရေး ရန်ပုံ ငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝန်း လျှပ်စစ် ဓာတ် အားလိုင်းများ စနစ်တကျ သွယ်တန်းနိုင်ပါက လမ်းခရီးတွင် ဓာတ်အား လေလွင့် ဆုံးရှုံးမှုများ နည်းပါးသွားမည်ဖြစ်ကာ ပြည်သူ များနှင့် စက်ရုံအလုပ်ရုံများ ဓာတ်အား ပိုမို သုံးစွဲနိုင်မည် ဖြစ်သည်။
  

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်