ဒေါ်လာ၂ဒသမ၃သန်း တန်ဖိုးရှိ စိန်အလုံး၂၂၀ကို ၀မ်းဗိုက်အတွင်း မျိုချကာ ပြည်ပသို့တရားဝမင် မှောင်ခိုတင်သွင်းရန် ကြိုးစားသူကို တောင်အာဖရိကနိုင်ငံမြို့တော် ပေါလ်ရာမာလိုကိုမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း နိုဝင်ဘာလ၁၅ ရက် သတင်းများတွင် ဖော်ပြခဲ့သည်။ စိန်အလုံး၂၂၀ကို မျိုချပြီး ပြည်ပသို့ထွက်ပြေးရန် ကြိုးစားသူအသက် ၂၅နှစ်အရွယ်ရှိ တောင်အာဖရိက နိုင်ငံသားတစ်ဦးသည် နိုဝင်ဘာလ ၁၃ရက်နေ့က စိန်လုံး၂၂၀ ကျော်မျိုချကာ ပေါလ်ရာမာလိုကိုမြို့ အိုအာတန်ပို နိုင်ငံတကာလေဆိပ်မှ ပြည်ပသို့ထွက်ခွာစဉ် စစ်ဆေးဂိတ် ရေဒါဖန်သားပြင်တွင် တွေ့ရှိရသဖြင့် လေဆိပ်ရဲများက ဖမ်းဆီးခဲ့သည်။ စိန်လုံးများကို မျိုချထားသူသည် ဒူဘိုင်းသို့ထွက်ခွာမည့် လေယာဉ်နှင့်လိုက်ပါမည်ဖြစ်သည်။ တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် စိန်အများဆုံး ထွက်ရှိသည့်နိုင်ငံဖြစ်ပြီး အလားတူ စိန်မှောင်ခိုတင်ပို့မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
. www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်