Subscribe to our RSS Feed

နှစ်ဖက်တပ်များကျွံနေသည့်အတွက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်

From :vinus

 ကချင်ပြည်နယ်တွင်ယခုလ ၁၉ ရက်နေ.မှစတင်ကာ သမ္မတကထိုးစစ်ဆင်မူများရပ်ဆိုင်းရန်ထုတ်ပြန်ထားပြီး လက်ရှိတိုက်ပွဲများဖြစ်ပွားနေခြင်းမှာ နှစ်ဖက်တပ်များကျွံနေသည့်အတွက် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောကြားသည်။

"တိုက်ပွဲတွေဖြစ်တာကတပ်က အမိန်.မနာခံလို.မဟုတ်ဘူး၊ရှေ.တန်းမှာသူ.ဘက်ကိုယ့်ဘက် တပ်တွေကကျွံနေတယ်၊ကျင်းတူးပြီးဝပ်နေရတယ်၊ခေါင်းဖော်တာနဲ. ပစ်တာပေါ့၊ဥပမာလက်ဝှေ. ကြိုးဝိုင်းမှာဒိုင်ကတော်ခိုင်းပေမယ့် အရှိန်မထိန်းနိုင်လို.ဆက်ထိုးနေတဲ့သဘောပဲ"ဟု
ဝန်ကြီးကဆိုသည်။

ဦးအောင်မင်းကယနေ.နံနက်ပိုင်း Myanmar Peace Center တွင်ကျင်းပသောပြည်ထောင်စုဝန်ကြီး၃ဦးနှင့်
ွှအရပ်ဘက်လူ.အဖွဲ.အစည်း၉၀ကျော်တို.၏တွေ.ဆုံပွဲတွင် တက်ရောက်လာသူတစ်ဦး၏ မေးမြန်းမူကိုဖြေကြားခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကဆက်လက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမူအောင်မြင်ရန်မှာ
အလွန်နီးကပ်နေပြီးမကြာမီအချိန်တွင်လိုင်ဇာမြို.သို. သွားရောက်ရန်ရှိကြောင်းပြောကြားခဲ့သည်။

နှ
  
www.MyanmarExpress.net
 

1 comments:

ဝန်ကြီး ဦးအောင်မင်း က ဥပမာပေးတော်တယ်
နေရာတိုင်းမှာဘဲ ...ဥပမာပေးတတ်တယ် ..
ဒါကြောင့်ဝန်ကြီးဖြစ်တာနဲ့ တူတယ် ..





Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်