From : http://www.kachindailynews.com/2013/01/blog-post_8989.html
ကချင်ပြည်နယ်မိုးညှင်းမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံကတော့ တပ်မတော်နဲ့ KIA လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးလုပ်ဆောင်စေချင်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏အမိန့်အတိုင်းထိုးစစ်များရပ်ဆိုင်းစေချင်သည်။ တပ်မတော်၏ ထိုးစစ်များကြောင့်ဟူသော အကြောင်းပြချက်များဖြင့် ကချင်လက်နက်ကိုင်များ မိုးညှင်းမြို့နယ်အတွင်း သွားလာလှုပ်ရှားလျက်ရှိနေသည်။ မိုးညှင်းမြို့နယ်အတွင်းKIA တပ်ဖွဲ့များ သွားလာရာ တွင် အရပ်သား အသွင်မျိုးဖြင့်သွားလာနေသည့်အတွက် အရပ် သားနှင့်ကေအိုင်အေခွဲခြားမရဖြစ်နေသည်။
www.MyanmarExpress.net

KIA တပ်ဖွဲ့ဝင်အချို့မှာ အရပ်ဝတ် ၀တ်ကာမော်တော်ဆိုင်ကယ်များဖြင့်
စီးနင်းသွားလာပြီး အစိုးရ ရုံးများ ရှေ့ရောက်မှ လက်ပစ်ဗုံးများဖြင့်ပစ်ပြေးခြင်းများပြုလုပ်လျက်ရှိသည်။KIA
တပ်ဖွဲ့များ၏ အဖျက်လုပ်ရပ် ပေါင်းစုံ ကြောင့် ဒေသခံပြည်သူများကြောက်လန့်အားငယ်နေကြရာ
မိုးညှင်းမြို့နယ်အတွင်း KIA လက်နက်ကိုင်များ ကင်းရှင်းအောင်လုပ်ဆောင်ပေးရန် လိုလားလျက်ရှိသည်။
အေးချမ်းတည်ငြိမ်သော လူမှု ပတ်ဝန်းကျင် ကို အခြား ပြည်နယ်တိုင်းဒေသကြီးရှိပြည်သူများနည်းတူ
တည်ဆောက်လိုသော်လည်း KIA တပ်ဖွဲ့များရှိနေခြင်းကြောင့် နေ့စဉ်စိတ်ဆင်းရဲသောကရောက်လျက်ရှိကြောင်း
မိုးညှင်းမြို့က ကုန်သည်ကြီးများ အဖွဲ့က ပြောဆိုပါသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်