Subscribe to our RSS Feed

တိုင်းပြည်အတွက် စိုးရိမ်နေရသော တစ်တီတူး ပြည်သူများ

From : http://mmforward.blogspot.com/2013/01/blog-post_1351.html

အကျယ်အ၀န်းက ၆၇၈၅၅၀ စတုရန်းကီလိုမီတာ( ၂၆၁၂၇၇ စတုရန်းမိုင်)၊ အရှေ့တောင်အာရှမှာ အကြီး ဆုံး ကမ္ဘာမှာ ဇမ်ဘီယာ ပြီးလျှင် ၄၀ ခုမြောက် အကြီးဆုံး နိုင်ငံ။

   နိုင်ငံရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်မှာ တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းမှာ ကိုယ်ပိုင်မြို့ တစ်မြို့ ဖြစ်အောင် လုပ် တတ် တဲ့ နိုင်ငံရှိတယ်။ ကိုယ့်နိုင်ငံက ခွဲထွက်မယ်ဆိုရင် နည်းလမ်း မျိုးစုံနဲ့ ဖိနှိပ်ပြီး သူများနိုင်ငံတွေကို လက်နက် တွေ ရောင်း တတ်တယ်။ ပင်လယ်ကြီးတစ်ခုမှာ ပိုင်နက်တွေ ကိုယ်ပိုင်ပြဌန်းလို့ အာဆီယံနိုင်ငံတွေ စုပေါင်းပြီး ၀ိုင်းတွန်းလှန်နေရတယ်။ စီးပွားရေး၊ နည်းပညာ၊ ယဉ်ကျေးမှုဆိုင်ရာ အကူအညီတွေ အပြည့် မို့ မျက်နှာလဲ လွှဲ မရ၊ ချစ်ကြည်ရေးလည်း အပျက်ခံ မရတဲ့ အနေအထားမို့ ဒီထက်ပို မဆိုးဖို့ပဲ ကြိတ်မှိတ်ပေါင်းနေ ရတယ်။


   နိုင်ငံရဲ့ အရှေ့တောင်မှာ မက်လောက်စရာ ငွေကြေးအရှိန်အ၀ါတွေနဲ့ ကမ္ဘာ့အသိ အမှတ်ပြု ပြည့်တန်ဆာ ခန်း တွေ ပိုင်ဆိုင်တဲ့ နိုင်ငံရှိတယ်။ မြန်မာလူမျိုး ဒုက္ခသည် ၂ သန်းကို ခိုလှုံခွင့်ပေးပြီး နယ်စပ်ကို ဗဟိုပြုတဲ့ လက်နက်ကိုင် အဖွဲ့မှန်သမျှ ထောက်ပံ့ပေး တတ်တယ်။ နယ်နိမိတ် ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ရာဇ၀င်ကြွေး တွေကို သမိုင်းစာအုပ်တွေမှာ ထည့်ပြီး ဖိအားပေးဖို့ ကြံစည်နေတာကို တံတားပိတ် ယုံလောက်နဲ့ တွန်းလှန်နေ ရတယ်။

   နိုင်ငံရဲ့ အနောက်ဘက်မှာ လူဦးရေ ဆပွားနှုန်းနဲ့ ၂၀၅၀ မှာ အခြိမ်းခြောက်နိုင်ဆုံး   နိုင်ငံရှိတယ်။ ကိုယ့်နိုင်ငံက စားသောက်ကုန် မပို့ရင် ငတ်သေမတတ် ဖြစ်နေတဲ့ နိုင်ငံက ပင်လယ်နယ်နိမိတ်ကို ရေတပ်တွေ လွှတ်ပြီး တောင်းဆိုတာကို ကမ္ဘာ့ တရားရုံးထိ   ဖြေရှင်းခဲ့ ရတယ်။ ကျူးကျော်သူ မှန်ကန် တာတောင် သည်းခံရတဲ့ အရှည် မျှော်တွေး ချက်တွေနဲ့ ရှုံးတယ် လို့ ပြောရင်ရတဲ့ အနေအထားမျိုး ဖြစ်ခဲ့ရ တယ်။ တစ်နေ့ထက် တစ်နေ့ အန္တရာယ် ကြီးမား လာတာကို သတိထားပြီး စောင့်ကြည့်နေရတယ်။

၁၉၄၆ မှာ စစ်အင်အား တစ်သန်းရှိဖို့လိုတယ်ဆိုပြီး ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်တပ် ယနေ့ ၂၀၁၃ မှာ တစ်သန်း မပြည့်သေး ဘူး။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ မခိုင်မာသေးဘူး။ ကမ္ဘာ့အလယ် မပြောနဲ့ အာရှ အလယ် မှာ တောင် ခပ်မာမာ မရပ်တည်နိုင်သေးဘူး။ တစ်ပြည်လုံး ပေါင်းစုပြီး အာရှမှာ ရပ်တည်မယ် မစဉ်းစား ဖယ်ဒ ရယ်စကားနဲ့ ခွဲထွက်ချင်ကြတယ်။

  ကချင်မြေမှာ ကေအိုင်အေက ဖယ်ဒရယ်စကားကို လိုင်ဇာတစ်မြို့ကနေ ထအော်တယ်။   ပြည်နယ် အစိုးရနဲ့ ပေါင်းစည်း ဖို့ မကြံဘူး။ နယ်ခြားစောင့် လုပ်ပြီး ကာကွယ်ဖို့ မစဉ်းစားဘူး။ အာဏာဆိုတာကို ပိုင်ဖို့အတွက် ကိုယ့်ပြည် သူကို ငဲ့ကွက်ဖို့ မေ့နေကြတယ်။ အစိုးရကို အပုပ် ချရင် ဂျာနယ်ရောင်းရတယ် ဆိုတဲ့ မီဒီယာတွေ က စစ်ပွဲကို ရှည်အောင် ဖန်တီးနေကြတယ်။ အခြေခံဥပဒေပြင်ပြီး အာဏာရမှ စိတ်ကြိုက်ဒီမိုကရေစီ ဖန်တီး မယ့် သူတွေက   နှာစီးနေကြတယ်။

   နောက်ဆုံးတော့ ကိုယ်တိုင်လည်း မတတ်နိုင်၊ တတ်နိုင်သူများကိုလည်း တိုက်ရိုက် တွန်းအားပေးခွင့်မရှိတဲ့ မိုးပြိုမှာကြောက်လို့ ခြေနှစ်ချောင်း ထောင်အိပ်တဲ့ တစ်တီးတူး   ပြည်သူတွေက ဘုရားရှိခိုးတိုင်း ငြိမ်းချမ်း ပါစေ လို့ ဆုတောင်း နေရတယ်။
 
 www.MyanmarExpress.net
 

5 comments:

Very good pose...I like very much! Thank you Myanmar Express..Myanmar people need to wake up!

ဟုတ်တယ်ဗျာ

မော် ဒန် က အေး လ ပြည့် ဒေါ် ဒွဲ ဘူ ကို မေး မ နေ နဲ့ နင့် လင် ကြိး ဖြစ် တဲ့ ငါ့ ကို မေး Kia မ အေ လိုး တွေ က စ တိုက် လို့ မြန် မာ တပ် မ တော် ပြန် တိုက် ရ တာ သိ ပြိ လာ မိန်း မ ရေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်