Subscribe to our RSS Feed

ကိုယ်တိုင် ဗလီ မဖျက်ရသဖြင့် ကွမ်းယာ ဆိုင် နှင့် ကုန်စုံဆိုင် ဖျက်ဆီးသူ ၁၁ ဦးအား ရဲ မှ ဖမ်းဆီး

From : myanma age

 
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေရပ်ကွက်ရှိ အများသဘောမတူသော အဆောက်အဦးအား ဖျက်သိမ်းရန် ဖေဖော်ဝါရီ ၁၈ရက်နေ့မှ စတင်ကန့်ကွက်ကြရာ ယနေ့ညနေပိုင်းတွင် စုဝေးကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိမ်းသိမ်းထားကြောင်း သိရသည်။ ထို့ပြင် ယခုညဆယ်နာရီခန့်တွင် မူးနေကြသော လူတစ်စု၏ ဖျက်ဆီးမှုကြောင့် ရန်ပြေ(၇)လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ရန်အောင်လမ်းမထိပ်ရှိ ကုန်စုံဆိုင်တစ်ဆိုင် အပါအဝင် ဈေးဆိုင်အချို့ ဖျက်ဆီးခံရကြောင်း ယင်းလမ်းရှိတာဝန်ရှိသူများက ပြောကြသည်။

ယနေ့ညနေတွင် ရန်ပြေနှင့်မာန်ပြေရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လက်မှတ်ထိုးဖြင့် ဆူပူမှုများပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်း ခံရမည်ဟု ပါဝင်သောစာရွက်များအား (၃)မာန်ပြေ ဥက္ကဌဦးကံထွန်းမှတဆင့် ရပ်ကွက်အတွင်း လိုက်လံဝေငှထားသည် ဟုလည်း သိရှိသူများက ပြောကြသည်။ယခုအခါ လုံထိမ်းတပ်ဖွဲ့ဝင်များစွာ ချထားပြီး ကင်းလှည့်စောင့်ကြပ်နေသည်ကိုလည်း တွေ့ရသည်။


အခင်ဖြစ်ပွားရာနေရာသို့ ယမနေ့ညက ၈၈ မျိုးဆက် ကျောင်းသား များနှင့် NLD ပါတီဝင်များ ရောက်ရှိလာခဲ့ကာ ဗလီ မဖျက်ရန် ပြောဆိုခဲ့သော်လည်း လူထုက ၎င်းတို့ကို ထောက်ခံခြင်း၊ စကားနားထောင်ခြင်း မရှိခဲ့ချေ။

၈၈ မျိုးဆက်များ၊ ဗကသ များနှင့် NLD ပါတီဝင် များသည် မြန်မာနိုင်ငံတွင်း ပဠိပက္ခ အကြီး အသေး မဆို ရောက်ရှိသွားလေ့ရှိကြပြီး အစိုးရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို အပြစ်တင်လေ့ရှိကြသော်လည်း မွတ်ဆလင်ဘာသာ ဝင်များနှင့် ပတ်သက်လာပါက ဝေးဝေးက ရှောင်လေ့ရှိကြသည်။ လက်ပံတောင်းတောင် သာ မက လိုင်ဇာ အထိ သွားခဲ့ကြသော်လည်း ရခိုင်ပြည်နယ်ရှိ မီးဘေးသင့် ရခိုင်ဒုက္ခသည်များထံသို့ မသွားခဲ့ကြချေ။





 www.MyanmarExpress.net
 

1 comments:

Being a leading media group having high profile and regards among most of the people from various religions, Myanmar Express should have dignity & code of conduct on the media and should not incite the current situation which is so sensitive that everyone needs to be sensible.Thanks.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်