Subscribe to our RSS Feed

ထားဝယ်မြေကွက်များ ဆက်လက် အရောင်းအ၀ယ်ဖြစ်

From : mizzima

ရန်ကုန် (မဇ္ဈိမ)။ ။ ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုနှင့် ဆက်စပ်၍ ထားဝယ်မြို့ပေါ်ရှိ ကျပ်သိန်းထောင်ချီ မြေကွက်များ အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။


“အထူးစီးပွားရေးဇုန် အကောင်းအထည်ဖော်တာနဲ့ အတူ ထားဝယ်မြေကွက်တွေ အရောင်းအဝယ်ဖြစ်ပါတယ်။ အထူးသဖြင့် ကျပ်သိန်းထောင်ချီ မြေကွက်တွေ အရောင်းအ၀ယ် ခပ်စိပ်စိပ် ဖြစ်လာပါတယ် ” ဟု ထားဝယ်မြို့
ပေါ်ရှိ စိုးသိန်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးစိုးသိန်းက ပြောသည်။

ဖေဖေါ်ဝါရီလလယ်တွင် အရောင်းအ၀ယ်ဖြစ်ခဲ့သောမြေကွက်များမှာ မြို့အတွင်းရှိ မင်္ဂလာလမ်းမပေါ်ရှိ ပေ ၂၀×၆၀ မြေကွက်အား ကျပ်သိန်း ၁၀၀၀ ကျော်ဖြင့်လည်းကောင်း၊ ရဲရိပ်သာလမ်းပေါ်ရှိ ပေ ၄၀×၁၀၀
မြေကွက်အား ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ဖြင့်လည်းကောင်း၊ တိုးချဲ့မြို့သစ် ၇ လမ်းပေါ်ရှိ မြေကွက် တစ်ကွက်လျှင် ပေ ၄၀×၈၀ မြေကွက် ငါးကွက်တွဲအား ကျပ် သိန်း ၁၄၀၀ ဝန်းကျင်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

“လောလောဆယ်ရေး အမှတ် ၈ လမ်းမပေါ်တက်မဲ့ လမ်းဖေါက်နေပြီ။ အထူးစီးပွားရေးဇုန်ကနေ ကန်ဘောက်အထိပေါ့။ အဲဒီနေရာတွေက ပထမတန်းအဆင့်ရှိတဲ့ လမ်းတွေဖြစ်တော့ ပေ ၆၀×၁၅၀၊ ပေ ၆၀×၂၀၀ မြေကွက်တွေကို ကျပ်နှစ်သောင်း သုံးသောင်းကျော်နဲ့ ဈေးခေါ်မှုတွေရှိလာတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ထို့ပြင်ဒုတိယ လမ်းကျယ်နေရာများဖြစ်သော ကမျောကင်းအထွက်လမ်း၊ အာဇာနည်လမ်းအထွက်နေရာများရှိ ပေ ၆၀×၈၀ နှင့်ပေ ၆၀× ၁၀၀ မြေကွက်များအား ကျပ်သိန်း ၄၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု ဦးစိုးသိန်း က ဆိုသည်။

ယင်းမြေကွက်များအား ဘဏ်လုပ်ငန်းသမားများနှင့် ဟိုတယ်ဆောက်လုပ်လိုသူများက ဝယ်ယူရန်
စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

အလားတူ အထူးစီးပွားရေးဇုန်အနီးဝန်ကျင်ရှိ ဘဝါရွာ၊ ပန်းတင်အင်း၊ ရငဲ၊ ဝဇွမ်းတော၊ မင်းတန့်ရွာ စသည့်
ကျေးရွာများရှိ ဥယျာဉ်ခြံမြေများလည်း အရောင်းအဝယ်ဆက်ဖြစ်နေကြောင်း သိရသည်။

.
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်