Subscribe to our RSS Feed

ငြိမ်းချမ်းရေးဆွေးနွေးတော့မည့်သတင်းကြောင့် ဒေသခံတို့ဝမ်းသာ

From : http://www.kachindailynews.com/2013/02/blog-post_5977.html

အစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ချင်ပြည်နယ်အတွင်းမှ အိုးမဲ့ အိမ်မဲ့ဒုက္ခသည် ပေါင်းများစွာဟာ ချင်ပြည်နယ်ရဲ့နေရာအနှံ့အပြားမှာ နေထိုင်ကြပါတယ်။ အစိုးရအာဏာစက်နဲ့နီးနီးကပ်ကပ် ရှိတဲ့ဒုက္ခသည်မိသားစုတွေအတွက် ထောက်ပံ့ပေးကမ်းမှုကြောင့် အဆင်ပြေသလိုရှိပေမယ့် ဝေးလံခေါင်ဖျားပြီး KIA အုပ်ချုပ်တဲ့နယ်မြေအတွင်းရှိ ဒုက္ခသည်တွေကတော့
ဒုက္ခပြီးရင်းဒုက္ခနဲ့ နပမ်းလုံးနေကြရပါတယ်။ အငတ် ငတ်အပြတ်ပြတ်ဖြစ်နေကြတဲ့ ဒုက္ခသည်ဆီကို KIA တပ်ကလာရောက်ကြည့်ရှုခြင်းမရှိသလို ယူနန်ပြည်နယ်ထဲ ရောက်နေတဲ့ ကချင်တွေက ထောက်ပံ့တဲ့ငွေကြေးနဲ့ စားစရာတွေကိုလဲ KIAမပေးဘူးလို့သိရှိရပါတယ်။
ဝလူမျိုးတွေအခြေစိုက်တဲ့ ပန်းဆန်းဒေသမှာ တွေ့ဆုံဆွေးနွေးကြဖို့ KIA ကသဘောတူထားတယ်ဆိုတဲ့ သတင်းတွေကြောင့် ကချင်ဒေသခံဝမ်းသာအားရဖြစ်နေကြပါတယ်။ ၀မ်းအသာဆုံးဒေသကတော့ ဖားကန့်ဒေသဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ မြန်မာပြည်တနံတလျားက သူတွေ လာရောက်လုပ်ကိုင်စားသောက်ကြတာမို့ ဖားကန့် ဒေသကြီးငြိမ်းချမ်းမှ သူတို့လုပ်ကိုင်စားသောက်နိုင်ကြမှာဖြစ်ပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်းနဲ့ ရွှေလုပ်ငန်း  တွေလုပ် ကိုင်ကြတဲ့သူတွေအနေနဲ့ KIA ကို အမြဲတန်းဆက်ကြေးပေးနေရပေမယ့် စိတ်ချမ်းသာနဲ့လုပ်ကိုင်ခွင့် ရမယ်ဆိုရင် ပေးရတဲ့ငွေကြေးဟာ တခဏချင်းကျေတယ်လို့ သိရပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးတဲ့သူတွေနဲ့ ကချင်တပ်မတော်KIA တို့ဆွေးနွေးပွဲအောင်မြင် ပါစေလို့ ဒေသခံတွေမျှော်လင့်နေကြပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ ဒီဒေသမှာ စစ်ပွဲတွေမရှိ အောင် KIA ခေါင်းဆောင်ပိုင်းတွေက မဖြစ်နိုင်တာတွေ မတောင်းဆိုပဲ မျှမျှတတတောင်းဆိုကြဖို့ သူတို့ရဲ့သဘော ထားကိုလည်း ထုတ်ပြန်ကြေညာပြီးဖြစ်ပါတယ်။ အက်စ်ဂွမ်မော်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ စားပွဲ ၀ိုင်းဖွဲ့ စားသောက်ပွဲကျင်းပတာဖြစ်တယ်။ တို့KIAရဲ့ မူရင်းတာဝန်က ဗမာမှန်သမျှ ကချင်ပြည်နယ်က မောင်းထုတ်သွားဖို့ပဲလို့.. သူရဲ့တပ်တွေကို ပြောကြားထားတယ်လို့ သတင်းရရှိပါတယ်။

4 comments:

ကေအိုင်အေ အကုန်သတ်ပြစ်ပါ ။ ဒီကောင်တွေမရှိမှကောင်းမှာပါ

Anonymous' comments r very lower standard.

မင်းကkiaလူပါးဝတာမကြည့်ဘူး

Min Maung Toe မင်း ဘာ ရေး တာ လဲ English က မ ကျွမ်း ဘူး ကွ

အောက် တန်း ကျ တယ် လို့ ပြော တာ လာ

Kia မင်း အ ဖေ တွေ က သိပ် မိုက် ရုင်း လွန်း တာ မင်း သိ ရဲ့ လား ခွေး ကောင် ငါ ရေး တာ မင်း ကြည့် ပါ မင်း ပြန် ရေး တာ ငါ မ ဖတ် ဘူ ငါ့ သား ရ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်