Subscribe to our RSS Feed

ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့်သုံးစွဲမည်

From : rfa

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံတွေ အတွက် အရင်နှစ်ကထက် (၁၄) ဆ အထိတိုးပြီး ကျပ်ငွေ ဘီလီယံ (၅၀) အထိ ဆေးဝါးပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရင်း ပြောခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက နိုင်ငံတော်က ကျန်းမာရေးအတွက် ဘတ်ဂျက်ကို အတိုင်းအတာတစ်ခုအထိ တိုးပေးထားပေမယ့် အစိုးရဆေးရုံတွေမှာ ဆေးဝါးလုံလောက်မှုမရှိတာတွေကို တွေ့ရှိနေရတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုတွေကို မေးမြန်းခဲ့တာပါ။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ ဆေးဝါးပစ္စည်းဝယ်ယူဖို့အတွက် (၃.၅) ဘီလီယံ အသုံးပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
 www.MyanmarExpress.net
 

4 comments:

မတတ်နိုင်တဲ့ပြည်သူတွေဆီ

ရောက်ပါစေအဆင့်ဆင့်ဖြတ်စား

ခြင်းမှကင်းပါစေ။

နိုင်ငံတော်ရဲ့ စေတနာအရာထင်ပါစေသား။

ဝမ်း သာ ပါ တယ်။ အသဲကင်ဆာ ဖြစ် သူ တွေ ကို ဆေး ဖြန်း တဲ့ စက်ကြီး ပျက် နေ တာ ဆယ်နှစ် ကျော် ပါ ပြီ။ အပြင် က လမ်း ၃၀ ဆေး ခန်း မှာ သွား လုပ် နေ ရ ပါ တယ်။တစ် ခါ ဖြန်း ရင် ၃သိန်း ကျော် ကျ ပါ တယ်။ ဆေုးဖြန်း တဲ့ စက် က ရန်ကုန်ဆေးရုံသစ်ကြီး မှာ ပါ။
ကျေး ဇူး တင် ပါ တယ်။

ဝမ်း သာ ပါ တယ်။ အသဲကင်ဆာ ဖြစ် သူ တွေ ကို ဆေး ဖြန်း တဲ့ စက်ကြီး ပျက် နေ တာ ဆယ်နှစ် ကျော် ပါ ပြီ။ အပြင် က လမ်း ၃၀ ဆေး ခန်း မှာ သွား လုပ် နေ ရ ပါ တယ်။တစ် ခါ ဖြန်း ရင် ၃သိန်း ကျော် ကျ ပါ တယ်။ ဆေုးဖြန်း တဲ့ စက် က ရန်ကုန်ဆေးရုံသစ်ကြီး မှာ ပါ။
ကျေး ဇူး တင် ပါ တယ်။

For the public or high-rank authorities!Have no modernized equipments coz of former government's corruption?Shameful n inhumanity!Very dirty n annoyable hospitals for the public n foreign hospitals for them?Get out.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်