Subscribe to our RSS Feed

မြန်မာနိုင်ငံဆရာဝန်အသင်းအဆောက်အအုံကိုပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချမည်ဆိုခြင်းမှာ လုံးဝမဟုတ်မှန်ဟုဆို

From :messenger

မြန်မာနိုင်ငံဆရာဝန်အသင်းအဆောက်အအုံကိုပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချမည်ဆိုခြင်းမှာ လုံးဝမဟုတ်မှန်ဟု မြန်မာနိုင်ငံဆရာဝန်များအသင်းအတွင်းရေးမှူး ဒေါက်တာမြင့်သောင်းက ငြင်းဆိုလိုက်သည်။
“တာဝန်ရှိသူတွေ ပူးပေါင်းပြီး မြိုးမြိုးမြက်မြက်ရပြီး လုပ်စားနေကြတယ်လို့ ပြောနေခြင်းဟာ အလုပ်အမှုဆောင်အဖွဲ့အပေါ်ထင်ကြေးပေးပုဂ္ဂိုလ်ရေးစော်ကား
တိုက်ခိုက်မှုများသာဖြစ်ပါတယ်။ အဖွဲ့ဝင် အများစုက ကန့်ကွက်နေတယ်ဆိုတာလည်း
ဒီမိုကရေစီနည်းလမ်းတကျ ကန့်ကွက်မှုမဟုတ်ဘဲ အုပ်စုဖွဲ့ ဂိုဏ်းကဏ္ဍကွဲ သွေးခွဲစည်းရုံးခြင်းသာဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။
အသင်းကြီး၏ မူလလုပ်ငန်းဆောင်ရွက်ချက်များကို အခြားသင့်တော်မည့် တစ်နေရာ၌ယာယီငှားရမ်း၍ ဆောက်လုပ်ရေး
ကာလအတွင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်ဖြစ်ပြီး အဆောက်အအုံပြီးစီးသည်နှင့် ပြန်လည် ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း တည်ဆောက်ရေးကာလမှာ နှစ် နှစ်ခွဲမှ သုံး နှစ်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့
နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို ဖိတ်ခေါ်ခဲ့ပြီး ပြန်လည် အကြောင်းကြားလာတဲ့အဖွဲ့၎ဖွဲ့နဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပါတယ်။ပြည်တွင်း
ဘယ်ခရိုနီစီးပွားရေးလုပ်ငန်းရှင်နဲ့မှ ဖိတ်ခေါ်ဆွေးနွေးခဲ့ခြင်းမရှိပါဘူး။ ဒီအချိန်ထိ ယေဘုယျသဘောတူညီမှုသာရှိပြီး ဘယ်ကုမ္ပဏီနဲ့မှ
သဘောတူ စာချုပ်လက်ခံဆောင်ရွက်ခြင်းမရှိသေးပါဘူး” ဟု အတွင်းရေးမှူးဒေါက်တာမြင့်သောင်းက ပြောသည်။


 www.MyanmarExpress.net

 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်