Subscribe to our RSS Feed

ကေအိုင်အေမှ လာမည့်တိုက်ပွဲများအတွက် လူသစ်များ လိုအပ်ကြောင်း ညွှန်ကြား

From : http://www.oppositeyes.info/2013/02/blog-post_4557.html


အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဖွဲ့များနှင့် ကေအိုင်အေ တို့၏ ဆွေးနွေးပွဲများ ပြုလုပ်ရန် ရက် အတိ အ ကျ သတ်မှတ်ပြီး ဖြစ်သော်လည်း ကေအိုင်အေတို့ အနေဖြင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်မည် မ ဟုတ် ကြောင်း၊ တောင်းဆိုချက်များ မရပါက တိုက်ပွဲများ ဆက်လက်ဖော်ဆောင်သွားရန် လူသစ် စုဖို့ ညွှန်ကြား ချက်များ ထုတ်ပြန်ခဲ့ကြောင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကေအိုင်အေ စစ်ရုံး၏ ညွှန်ကြားချက်အရ ဟုဆိုကာ ကေအိုင်အေ လက် အောက် ခံ တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ တပ်သားသစ် အင်အားကို တိုးမြှင့် စုဆောင်းရမည် ဖြစ်ကြောင်း၊ တပ် ရင်း အသီးသီးမှ လက်ဖြောင့် ကျွမ်းကျင်သူများ ရွေးထုတ်၍ ဗဟိုဌာနချုပ်သို့ စေလွှတ်ရမည် ဖြစ်ေ ကြာင်း၊ စစ်သားသစ် သင်တန်းများ ဆက်တိုက် ဖွင့်ပေးနေသည့် အတွက် စုဆောင်းရေး တာဝန်ခံများ သာမ က တပ်ရင်း တပ်ဖွဲ့တိုင်းမှ လူသစ်စုရမည် ဖြစ်ကြောင်းတို့ကို ညွှန်ကြားချက် ထပ်ဆင့်ထုတ်ပြန် ခဲ့ သည်ဟု သိရသည်။
၎င်းမှ ဆက်လက်၍ ဒီဘက်မှာတော့ ကေအိုင်အေကလည်း ငါတို့ လှုပ်ရှားမှုကို သိတယ်။ ငါတို့ကလည်း ကေအိုင်အေ လှုပ်ရှားမှုကို အကုန်သိတယ်။ လူသစ်စု ခံရတဲ့ ရွာတိုင်းကိုတော့ ငါတို့ လိုက်မကယ်နိုင်ဘူး။ တပ် မ တော် က ၀ိုင်းကူမှပဲ ရမယ် ဟု ၄င်းမှ ပြောခဲ့သည်။
ကေအိုင်အေ၏ လူသစ် ဖမ်းဆီးမှုများအနက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည မြစ်ဆုံမယ်တော်ပွဲ အပြီး နံနက် ၄ နာရီ ခန့်တွင် ၇ တန်းကျောင်းသူတစ်ဦးနှင့် ဆရာမ(၁)ဦး အပါ လူသစ် ၁၆ ဦးအား အတင်း အဓမ္မ ဖမ်းဆီး မှုမှာ ရွှေလီဆွေးနွေးပွဲ နောက်ပိုင်း အဆိုး ရွား ဆုံးဖြစ်သည်။ ဘာသာရေး ဆရာများနှင့် ဒေသခံများ မှ တပ်မတော်သို့ တိုင်ကြားစာ များ ပေးပို့ ထားပြီး ကြားခံ အဖွဲ့အစည်း များမှလည်း ညှိုနှိုင်းဆောင် ရွက် လျှက် ရှိသော် လည်း ၁ ဦးသာ ပြန်လည် လွတ်မြောက်လာပြီး အထက်ပါ အမျိုးသမီး ၂ ဦးနှင့် ကျန် ၁၂ ဦး တို့မှာ ကေအိုင်အေတို့ ဆက်လက် ဖမ်းဆီး ထားခြင်း ခံရဆဲ ဖြစ်သည်။ အဆိုပါ သတင်းအား မြ၀တီ မီဒီ ယာမှ ဂျာနယ် များသို့ အသိပေး ခဲ့ပြီး ဖော်ထုတ်ရေး သားပေးရန် တောင်းဆို ခဲ့သော်လည်း ဂျာနယ် များမှ မသိ၊မကြား သကဲ့သို့သာ ဖျောက်ဖျက် ဖုံးကွယ် ထားကြသည်။

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်