Subscribe to our RSS Feed

လားရှိုးမြို့တွင် မိန်းမအင်္ဂါအတွင်း မူးယစ်ဆေးဝါး သယ်ဆောင်သူ အမျိုးသမီး နှစ်ဦးကို ဖမ်းမိ

From : myanma age

လားရှိုးမြို့တွင် ယမန်နေ့ညနေ ၅း၄၅နာရီ အချိန်၌ လားရှိုး
မူးယစ်(အထူး)အဖွဲ့မှ မြို့တွင်း မူးယစ်ဆေးဝါး တားဆီးရေး လုပ်ငန်း ဆောင်ရွက်နေစဉ် ကြိုတင်သတင်း ရရှိမှုအရ
လားရှိုးမြို့မန်ဆူ ကားဝင်းအတွင်းရှိ ကြယ်တံခွန် ကားဂိတ်
တွင်မသင်္ကာသူ အမျိုးသမီးနှစ်ဦးအား စစ်ဆေးကာ
ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ယင်းအမျိုးသမီး နှစ်ဦးအား ပတ်ဝန်းကျင်ရှိ အသိသက်သေ
များနှင့်အတူ မူးယစ်(အထူး)ရဲစခန်းသို့ ခေါ်၍ မူးယစ်ရဲမေများ
က တရားခံအမျိုးသမီး နှစ်ဦးတို့အား တစ်ဦးစီ ရှာဖွေစစ်ဆေးခဲ့ရာ မရန်ဆိုက်လန့် ၀တ်ဆင်ထားသော ဘော်လီအင်္ကျီ အတွင်းမှ သိုဝှက်သယ်ဆောင်ခဲ့သော အပြာရောင် ပလပ်စတစ် ကပ်ခွာ
အိတ်ဖြင့် ထည့်ထားပြီး ကွန်ဒုံးဖြင့် ထုပ်ထားသော 88 နှင့် 1
စာတမ်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွ ရှုးသွပ်ဆေးပြား
၁၉၅ပြား ပါဝင်သော အထုတ်ရှစ်ထုပ်၊ စုစုပေါင်းဆေးပြား
၁၅၆၀ပြား၊ တန်ဘိုးငွေ တစ်ပြားလျှင် နှစ်ထောင်နှုန်းဖြင့် ၃၁သိန်း၂သောင်းကျပ် အလေးချိန်၁၄၀.၄ဂရမ်နှင့် မ၀ူရွှင်ရင်း
အား ရှာဖွေစစ်ဆေးရာ ၎င်း၏ အမျိုးသမီးအင်္ဂါအတွင်း၌ သိုဝှက် သယ်ဆောင်လာသော အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့်
ထည့်ပြီး ကွန်ဒုံဖြင့်ထုတ်ထားသော ပန်းရောင် စိတ်ကြွရှုးသွပ်
ဆေးပြား ၁၉၅၀ပြား ၊ကျပ်၃၉သိန်းဖိုး အလေးချိန် ၁၇၅.၅ဂရမ်
တို့ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများ ခန္ဓာကိုယ်တွင်း၌ သိုဝှက် သယ်ဆောင်လာသော ကွတ်ခိုင်မြို့နယ် (၆)ရပ်ကွက်တွင်
နေထိုင်သူ မရန်ဆိုင်လန့်နှင့် မဝူရွှင်ရင်းတို့အား လားရှိုးအမှတ်
(၁) ရဲစခန်းမှ မယ(ပ)၃၁/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်ဟု သိရသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်