From : http://www.kachindailynews.com/2013/02/blog-post_73.html
www.MyanmarExpress.net
အမေရိကန်ပြည်ထောင်စုအနေဖြင့်
မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွက် အလွန်ပင်
စိုးရိမ်ပူပန် လျက်ရှိကြောင်း သိရှိရသည့်အတွက် ကျွန်တော်တို့ မှလည်း
ကျွန်တော်တို့နိုင်ငံကို စိတ်ဝင်တစား ရှိသည့်အတွက် အလွန်ပင် ဝမ်းသာဂုဏ်ယူ
မိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျွန်တော်ကတော့ ယခုအချိန်မှာ
တိုင်းပြည် တာဝန်တွေ ကို ကျွန်တော့ သက်တမ်း ၆၀ ပြည့်သည်အထိ ကျရာတာဝန်ကို
ရောက်ရာဒေသ မှာ ကျေပွန်စွာတာဝန်ထမ်းဆောင်ပြီးလို့ ကျွန်တော်လေးစား
ချစ်ခင်တွယ်တာခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ တပ်မတော်ရဲ့သတင်းတွေကို
မီဒီယာတွေကနေတဆင့် မျက်စိဖွင့် နားစွင့်နေရတဲ့ အချိန်မှာ
သံရုံးရဲ့ထုတ်ပြန်ချက်ကို သိရှိလိုက်ရလို့ မခံစားနိုင်ဘဲ
ရင်ဖွင့်တုန့်ပြန်လိုက်ရခြင်းဖြစ်ပါတယ်။
သံရုံးရဲ့ထုတ်ပြန်ချက်မှာ အစိုးရနဲ့ စစ်တပ်မှ ဇန်နဝါရီ ၁၉ ရက်နေ့
၀၆၀၀ နာရီမှ စတင်ကာ အပစ်အခတ် ရပ်စဲပြီး ကေအိုင်အေကို မတိုက်တော့ဘူးလို့
ထုတ်ပြန်ခဲ့သော်လည်း လိုင်ဇာအနီးဝန်းကျင်ကို ဆက်လက်ထိုးစစ် ဆင်နေကြောင်း
မီဒီယာနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၏သတင်းများအရ ဖော်ပြနေပါသည်လို့
ပြောကြားထားတာ ကတော့ ကျွန်တော့်အနေဖြင့် အမေရိကန်သံရုံးကို
အနည်းငယ်တုန့်ပြန်ပြောကြားလိုပါတယ်။ အစိုးရသတင်းစာနဲ့ ရုပ်မြင်သံကြားေ
တွမှာ နေ့စဉ်နေ့တိုင်းလိုလို ဖော်ပြနေ တဲ့
ကေအိုင်အေရဲ့ လုပ်ရပ်တွေ အကြောင်းကိုတော့ ဘာမှမသိဘူးလား၊ မဖတ်မိဘူးလား၊
မကြည့်မိဘူးလား၊ အဲဒါတွေကရော မီဒီယာ မဟုတ်ဘူးလားလို့ မေးချင်ပါတယ်။ အစိုးရက
အပစ်အခတ် ရပ်စဲလိုက်ပြီလို့ ကြေညာပြီးေ နာက်ပိုင်း ကေအိုင်ေ အက
ကာမိုင်းရဲစခန်းကို စီးနင်း တိုက်ခိုက် တာတွေ၊ ဖားကန့်မြို့နယ်ရှိ
ကျောက်မျက်ကုမ္ပဏီနှစ်ခုကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ အရပ်သား များအား
ပြန်ပေးဆွဲတာတွေ၊ ပြန်လည်ထွက်ပြေးတဲ့သူတွေကို ပစ်ခတ်သတ်ဖြတ် တာတွေ၊
မူဆယ်-လားရှိုး ကားလမ်းမပေါ်ရှိ နမ့်အွန်ရွာအနီး မိုင်းထောင်ဖောက်ခွဲခြင်းတွေ
လုပ်ခဲ့တဲ့ ကေအိုင်အေရဲ့ အကြမ်းဖက် လုပ်ရပ်သတင်းတွေကို သံရုံးအနေနဲ့
မသိရှိရအောင် သတင်းခေတ်ကြီးမှာ အဲဒီလောက်ထိ အဆင့်အတန်းနိမ့်တဲ့
သံရုံးလားလို့ မေးလိုက် ချင်ပါတယ်။ နောက်ပြီး သံရုံးကြေညာချက်မှာ
ကေအိုင်အေရဲ့ စတင်တိုက်ခိုက်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုတော့ ဖော်ပြမထားဘဲ
တပ်မတော်က တစ်ဘက်သတ် တိုက်ခိုက်နေသယောင် ဖော်ပြထားတဲ့အတွက်
ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးဟာ ကေအိုင်အေကို ချဉ်းကပ်နေတာလားလို့
မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
လူသားချင်းစာနာထောက်ထားသောအားဖြင့် ကချင်ပြည်တွင်းစစ်မှာ စစ်တပ်က
တိုက်လေ ယာဉ်/ ရဟတ်ယာဉ်တွေ အသုံးပြုတာနဲ့ပတ်သက်ပြီး မသုံးသင့်ကြောင်း
အမေရိကန်နိုင်ငံ က ဝေဖန်ပြောကြားတာကို တွေ့လိုက်ရပါသေးတယ်။ ကျွန်တော်
သူတို့ကို ပြန်ပြီးမေးခွန်း ထုတ်ချင်တာကတော့ အမေရိကန်ရဲ့ အာဖဂန်၊ အီရတ်၊
လစ်ဗျားနိုင်ငံတို့ထိ ကျူးကျော်ပြီး တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊
မောင်းသူမဲ့လေယာဉ်တွေနဲ့ ဗုံးမျိုးစုံသုံး တိုက်ခိုက်ခဲ့တာတွေ၊
အိုစမာဘင်လာဒင်ကို သတ်ဖြတ်နှိမ်နင်းတုန်းက သက်ဆိုင်ရာနိုင်ငံကို အသိမပေးဘဲ
တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေသုံးပြီး ဝင်ရောက်လုပ်ကြံသတ်ဖြတ်
တာတွေ ကို သတင်းခေတ် ကြီးမှာ တစ်ကမ္ဘာလုံးက သိရှိပြီးဖြစ်ပါတယ်။ ဒါ့ပြင်
ယခုလက်ရှိ ပါကစ္စတန်မှာ အစိုးရက အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေကို UAV
တွေ သုံးပြီး တိုက်ခိုက်နှိမ်နင်းနေတဲ့အတွက် အပြစ်မဲ့တဲ့
မိန်းမနဲ့ကလေးငယ်တွေ မကြာခဏသေဆုံးဒဏ်ရာ ရနေတာတွေကိုတော့
အမေရိကန်နိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားပြီး မလုပ်သင့် ပါဘူး လို့
တားမြစ်ခဲ့တာ မတွေ့မိပါဘူး။
စစ်တပ်က သူတို့ ဒီနေရာတွေကို ဒီလိုကိစ္စတွေကြောင့် သွားပါမယ် (ကေအိုင်အေ
စခန်းကုန်းကို သိမ်းဖို့သွားတာ မဟုတ်ဘူးနော်၊ ရှေ့တန်းမှာ ရိက္ခာပြတ်ပြီး
ငတ်နေတဲ့ စစ်သားတွေကို ရိက္ခာပို့ဖို့သွားတာ)၊ မတိုက်ခိုက်ပါနဲ့လို့
ကြိုတင်အသိပေးပြီးမှသွားတာကို အင်အားအလုံးအရင်းနဲ့
စောင့်ကြိုတိုက်ခိုက်တယ်။ အင်အားနည်းတဲ့ စစ်တပ် စခန်း ငယ်တွေကို ကေအိုင်အေက
အင်အားနှစ်ထပ်၊ သုံးထပ်ချထားပြီး ဝိုင်းရံပိတ်ဆို့ထားတယ်၊ စစ်သားတွေ
အရှင်ဖမ်းဆီးခံရတာတွေကို ဂုဏ်ယူစွာနဲ့ မီဒီယာတွေ ကနေ တဆင့် ပြသတယ်၊
သေကြေပျက်ဆီးဒဏ်ရာရတာတွေကို သက်ဆိုင်ရာမိသားစုတွေ ပိုမို ဝမ်းနည်း
ပူဆွေးရအောင် ကြိမ်ဖန်များစွာ မီဒီယာတွေကနေတဆင့် ပြသပြောဆိုတယ်။
အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးလုပ်ဖို့ အကြိမ်ကြိမ်ကမ်းလှမ်းတာကိုလည်း
လက်မခံ။ ဒါတွေအားလုံး သည်းမခံနိုင်တဲ့အဆုံးကျမှ စစ်တပ်က ရိက္ခပို့ဖို့နဲ့
ဝိုင်းရံပိတ်ဆို့ခံ ထားရ တဲ့ ရှေ့တန်းတပ်တွေကို ကယ်ထုတ်ဖို့ ရဟတ်ယာဉ်ကို
အသုံးပြုခဲ့တာပါ။ ဒီလိုနေရာမှာ ရဟတ်ယာဉ်မသုံးဘဲ အဲယားပုဂံတို့၊
အဲယားမန္တလေးတို့ သုံးရမှာလားလို့ မေးလိုက်ချင်ပါတယ်။ ဒါကို လူသားချင်း
စာနာထောက်ထားတတ်တဲ့ သူတွေ စဉ်းစားချင့်ချိန်ကြဖို့ နှိုင်းယှဉ်ပြ
ရခြင်းဖြစ်ပါတယ်။
လူသားချင်းစာနာထောက်ထားသော အားဖြင့်သော်လည်းကောင်း၊ ထိုဒေသရှိ အရပ်သား
များ၏ ဘေးကင်း လုံခြုံရေးကို အမေရိကန်ပြည်ထောင်စုအနေဖြင့်
များစွာစိုးရိမ်ပူပန်သော ကြောင့်သော်လည်းကောင်း စာနာစိတ်
အမှန်တကယ်ရှိလျှင်ဆိုရင်ဖြင့် ထိုဒေသရှိ အပြစ်မဲ့ အရပ်သားများအား အတင်းအဓမ္မ
စစ်သားစုဆောင်းခြင်းမပြုရန်၊ ဒေသခံများ သွားလာ အသုံးပြုလျက်ရှိသော
ရထားလမ်း၊ ကားလမ်း၊ တာဝါတိုင်များ၊ တံတားများအား မိုင်း ထောင်
ဖောက်ခွဲခြင်း မပြုလုပ်ရန် ကေအိုင်အို/ကေအိုင်အေတို့ကို ကြေညာချက်ထုတ်
တားဆီးပေးနို င်အောင် ဦးစွာလုပ်ပါအုံးလို့ ပြောလိုက်ချင်ပါတယ်။
အငြိမ်းစားစစ်သည်ဟောင်းတစ်ဦး
6 comments:
Need to cooperate with US army? We've stronger army with Chinese weapon!We should not train with them.Let invade fields and uncle Sam.We must deeply cooperate with Mr Kim,a big cock!
KIA tried to compare KIA as BIA, and Tatmadaw as British trrops.
yes.very good.
yes.very good.
yes.very good.
သိပ်ကောင်း ပါ တ
်ယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်