Subscribe to our RSS Feed

ပြည်တွင်းလက်နက်ကိုင် ဆန့်ကျင်သူများအား အပြုတ်တိုက်ရန် ဗြိတိန် အကူအညီ

From : http://mmforward.blogspot.com/2013/02/blog-post_743.html

အစ္စလာမ်မစ် အစွန်းရောက် သူပုန်တပ်များကို တိုက်ထုတ်နေသည့် မာလီတပ်များကို ပြင်သစ် အထူး တပ်ဖွဲ့ များက စစ်ကူ ပေးနေသလို ဗြိတိန် ကလည်း စစ်သင်တန်းများ ပို့ချ ကူညီသွားမည် ဖြစ် သည်။

မာလီနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်၌ မာလီအစိုးရတပ်များကို ဗြိတိန်နိုင်ငံကလည်း နည်းဗျူ ဟာပိုင်း အကူအညီ ပေးရန် စီစဉ်နေ ကြောင်း သိရှိရ သည်။ အစ္စလာမ်မစ် အစွန်းရောက် သူပုန်တပ်များကို တိုက်ထုတ် နေသည့် မာလီတပ်များကို ပြင်သစ် အထူးတပ်ဖွဲ့များက စစ်ကူ ပေးနေသလို ဗြိတိန်ကလည်း စစ်သင် တန်းများ ပို့ချ ကူညီသွားမည် ဖြစ်သည်။ ဗြိတိသျှ စစ်သားများသည် မာလီတွင် (၁၅)လတာ နေထိုင်ပြီး အစိုးရ တပ်ဖွဲ့များကို စစ်သင်တန်း ပေးသွားရန် လုပ်ဆောင်နေပြီဟု BBC သတင်းဌာနက ဖော်ပြခဲ့ သည်။ ယင်းသင်တန်း ပို့ချမှုများတွင် ချေမှုန်းရေးနှင့် လက်နက်ကြီး ပစ်ခတ်မှု နည်းစနစ်များပါ ပါဝင်မည် ဟုလည်း သိရှိရသည်။ ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟမ်မွန်းက နွေဦးပေါက်တွင် စစ်သည် (၄၀)ကို လေ့ကျင့်ရေး ကဏ္ဍအတွက် ပို့လွှတ်သွားမည်ဟု အတည်ပြုခဲ့သည်။
မာလီ အစိုးရ တပ်များသည် အရည်အသွေးပိုင်းတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သည့် အစ္စလာမ်မစ် အစွန်းရောက် တပ်များကို ရင်ဆိုင်ရာတွင် အားနည်းချက်များ ရှိနေသေးရာ အနောက်အုပ်စု ဒီမိုကရေစီ နိုင်ငံများက ပူးပေါင်းကူညီရန် သဘောတူညီထားသည်။ မာလီသည် အာဖရိကတိုက်တွင် ဒီမိုကရေစီ အထွန်းကားဆုံး နိုင်ငံ တစ်ခုလည်း ဖြစ်သည်။ လတ်တလောတွင် ပြင်သစ်နှင့် မာလီ ပူးပေါင်း စစ်ကြောင်းများသည် သူပုန်တပ်များ အစောပိုင်းက သိမ်းယူထားသည့် မြို့များကို ပြန်လည် စီးနင်း အုပ်ချုပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ဆာဟာရ သဲကန္တာရအတွင်း ကျယ်ပြောသော နေရာတစ်လျှောက် တပ်ဖြန့်ထားသည့် သူပုန်တပ်များကို အပြီးသတ် မနှိမ်နင်းနိုင်သေးချေ။
ဗြိတိန်သည် မာလီနိုင်ငံသို့ အမှတ်(၁) တော်ဝင်အိုင်းရစ်ရှ် တပ်ဖွဲ့မှ စစ်မှုထမ်း (၂၁)ဦးကို ချေမှုန်းရေး သင်တန်းအတွက် ပို့လွှတ်ပြီး မော်တာနှင့် လက်နက်ကြီး ပစ်ခတ်မှုအတွက်မူ သင်တန်းဆရာ (၁၂)ဦး စေလွှတ်သွားမည်ဟု သိရသည်။ ထို့အပြင် ဗြိတိန် စစ်မှုထမ်း (၄)ဦးမှာ ဌာနချုပ် ကွပ်ကဲရေး မဟာဗျူဟာ သင်တန်းများအတွက် တာဝန်ယူထားပြီး အရပ်သား ကျွမ်းကျင်သူ (၃)ဦးသည်လည်း စစ်သားများကို လူ့အခွင့်အရေးနှင့် လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်သည့် စိတ်ဓာတ်ရေးရာ သင်တန်းများ ပို့ချသွားမည်ဟု သတင်းများက ဖော်ပြသွားသည်။
ထို့အတူ အစ္စလာမ်မစ်သူပုန်များနှင့် တိုက်ပွဲများ ဆင်နွှဲနေသည် မာလီနိုင်ငံအား နိုင်ငံတကာ အကူအ ညီပေး ရေး ဆွေးနွေးပွဲတစ်ရပ်ကို လာမည့် မေလတွင် ဥရောပသမဂ္ဂ (EU) က ပြုလုပ်သွား မည်ဖြစ်ကြောင်း EU ကော်မရှင်ဥက္ကဋ္ဌ ဂျို့စ် မန်နျူရယ် ဘာရိုဆိုက တနင်္လာနေ့က ပြောကြားသည်။ လက်ရှိ အချိန်တွင် မာလီစစ်ပွဲတွင် အစိုးရတပ်များအား ပြင်သစ်တပ်ဖွဲ့ ကူညီတိုက်ခိုက်မှုများ ပြုလုပ်ပေး နေပြီး အမေရိကန်နှင့် ဗြိတိန်တို့ကလည်း တိုက်ခိုက်မှုမဟုတ်သော ထောက်ပံ့ကူညီမှုများ ပေးလျက်ရှိ သည်။
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်