Subscribe to our RSS Feed

အဲပုဂံလေယာဉ်ပျက်ကျမှု လွှတ်တော်ဖြေကြား

From : ပြည်သူ့လွှတ်တော်

 ဟဲဟိုးလေယာဉ်ကွင်းအနီး၌ လေယာဉ်ပျက်မှုဖြစ် စဉ် နှင့် စပ်လျဉ်းသည့် မေးခွန်းအား ဦးတင်မောင်ဦး (ရွှေပြည်သာမဲဆန္ဒနယ်) မှ မေးမြန်းရာတွင်


ကျွန်တော် တို့နိုင်ငံတွင် လေယာဉ်ပျက်ကျမှု ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ မြန်မာ့လေကြောင်းလိုင်းက ၁၀ ကြိမ်၊ အဲပုဂံ မှ ၂ကြိမ် ဖြစ်ပြီး၊ အဲကမ္ဗောဇ ၁ ကြိမ်ဖြစ်ကြောင်း၊ ဒီ ၁၃ ကြိမ်မှာ လူဦးရေ ၁၀၀ အသက်ဆုံးရှုံးခဲ့တာကို လေ့လာတွေ့ရှိရပါကြောင်း၊ ယနေ့ နိုင်ငံခြားခရီးသွား တွေကလည်း စိုးရိမ်တဲ့ အတွက်ကြောင့် လေကြောင်း လိုင်းကို အသုံး မပြုဘဲနဲ့ တစ်ချို့ ဖြစ်နိုင်ရင် မော်တော်ယာဉ်နဲ့သွားနေကြပါကြောင်း၊ နိုင်ငံရေးနှင့်စီးပွားရေးပြုပြင် ပြောင်းလဲပြီး နိုင်ငံခြားသား ဝင်ရောက်မှုဟာ ယနေ့ ပိုမိုပြီးတော့ များပြားလာတဲ့အချိန် ဖြစ်ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှာလည်း ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ နိုင်ငံခြား ဧည့်သည် ၅၅၇၄၅၅ ဦးဝင် မယ်လို့ မျှော်မှန်းထားပါကြောင်း၊ လေယာဉ်ကွင်းတွေရဲ့ အခြေအနေ၊ လေယာဉ်တွေရဲ့အခြေအနေ၊ လေယာဉ်မောင်တွေရဲ့ အရည်အသွေး၊ လေယာဉ်မယ် တွေရဲ့ အရည်အသွေး စသည်ဖြင့် ယုံကြည်မှုတွေကို ပြည်တွင်းနဲ့ ပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့် နဲ့ ဆောင်ရွက်မှသာလျှင် နိုင်ငံတော်က ရည်မှန်းထားတဲ့ ၂၀၁၃-၂၀၁၄ ရည်မှန်းချက်တွေ၊ ငါးနှစ် စီမံကိန်းအတွက် ရည်မှန်းထား တဲ့ နိုင်ငံခြားဧည့်သည် ၁.၅ သန်း ဝင်ရောက်ဖို့ အတွက် ဆောင်ရွက်နေတဲ့ အခြေအနေ အောင်မြင်မှာဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ၈ နာရီ ၂၈ မိနစ်အချိန်မှာ မနက်ပိုင်းက ဟဲဟိုးလေယာဉ် ကွင်းအနီးမှာ လေယာဉ်ပျက်ကျမှု ဖြစ်ပွား ခဲ့ကြောင်း၊ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ ပြည်တွင်းပြည်ပ ခရီးသွားတွေ နားလည်ယုံကြည် လာအောင် ပြုလုပ်ဖို့ အခြေအနေမှန်တွေရှင်းလင်းဖို့ ထပ်မံမဖြစ် ဖို့အတွက် ကြိုတင်ကာကွယ်ထားတဲ့ စီမံဆောင်ရွက်မှုတွေကို သိရှိလိုကြောင်း မေးမြန်းသွားပါသည်။


 www.MyanmarExpress.net
 

1 comments:

Its sure pilot's fault?OrPlane was so bad?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်