Subscribe to our RSS Feed

ရန်ကုန်မြို့တွင် ဓာတ်အားပေး စက်ရုံ အသစ် လေးရုံ ဆောက်မည်

From :the voice


လျှပ်စစ် ဓာတ်အား လိုအပ်ချက် မြင့်မားသော စီးပွားရေး မြို့တော် ရန်ကုန်၌ နွေရာသီ တွင် လျှပ်စစ် ဓာတ်အား မပြတ်တောက်စေရန် ဓာတ်အားပေး စက်ရုံ တစ်ရုံလျှင် မဂ္ဂါဝပ် ၅၀ ထုတ်လုပ် နိုင်သည့် ဓာတ်အားပေး စက်ရုံသစ် လေးရုံကို ခြောက်လ အတွင်း အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ဖေဖော်ဝါရီ လ ၁၉ရက် နေ့က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ရန်ကုန်မြို့၏ နွေရာသီ လျှပ်စစ် ဓာတ်အား လိုအပ်ချက် သည် မဂ္ဂါဝပ် နှစ်ရာ အထိ လျော့ကျ နိုင်သဖြင့် ဓာတ်အားပေး စက်ရုံ အသစ် လေးရုံကို ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
“နွေရာသီမှာ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား မပြတ်တောက် အောင် ရဲရွာ၊ ပေါင်းလောင် ရေတွေကို ထိန်းသိမ်း ထားပါတယ်။ Gas Turbine တွေလည်း လည်ဖို့ ရှိပါတယ်” ဟု ၄င်းက ဆိုသည်။

ဓာတ်အားပေး စက်ရုံ အသစ်များ ဆောက်လုပ် မပြီးသေးမီ လျှပ်စစ် ဓာတ်အား လိုအပ်ချက် ကြောင့် ရန်ကုန်မြို့ရှိ စက်မှုဇုန် များကို ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ စတင်ကာ အလှည့်ကျ မီးပေး စနစ်ဖြင့် ပေးရန် စီစဉ် နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးညိုဝင်းက The Voice Weekly သို့ ရှင်းပြသည်။

လျှပ်စစ် ဓာတ်အား မလုံလောက် သဖြင့် ယမန်နှစ် နွေရာသီ က ရန်ကုန်မြို့ရှိ စက်မှုဇုန် များကို လျှပ်စစ် ဖြတ်တောက်ပြီး အလှည့်ကျ လျှပ်စစ် ဓာတ်အား ပေးဝေ ခဲ့သည်။


   www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်