Subscribe to our RSS Feed

ကာမိုင်းဒေသခံပြည်သူတို့၏ KIA အပေါ်နာကျည်းချက်များတစ်နေ့တစ်ခြားတိုးပွားလျက်ရှိ

From : http://www.kachindailynews.com/2013/02/kia_7193.html


 ကချင်ပြည်နယ်၊ ကာမိုင်းဒေသမှာ KIA နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲမဖြစ်ခင်အချိန်က  ဒေသခံပြည်သူ တွေ ပျော်ရွှင်စွာနေခဲ့ရသလောက် အခုခါမှာတော့ နေ့စဉ်စိတ်ဆင်းရဲနေကြရပါတယ်။ ကာမိုင်းဒေသကို KIA တပ်ဖွဲ့ဝင်တွေ ၀င်ရောက်လာပြီး ရဲစခန်းကိုမီးရှို့တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင်တွေကိုသတ်ဖြတ်ပြီး အမျိုးသမီးငယ်တွေကို အတင်းအဓမ္မ အနိုင်ကျင့်ခဲ့တဲ့အပေါ် ကာမိုင်းဒေသကလူထုတွေအလွန်ပဲ ဒေါသထွက်နာကျည်းလျက်ရှိပါတယ်။ KIAဟာ ကချင်ပြည်နယ်အတွင်းမှာ
ကချင်လူမျိုးကလွှဲလို့ အခြားလူမျိုးတွေ နေထိုင်လုပ်ကိုင်စားသောက်လို့မရ အောင်၊ အစိုးရ၀န်ထမ်းတွေမနေရဲအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပါတယ်။ ကာမိုင်းရဲစခန်းကရဲဝန်ထမ်း မိသားစုတွေဆိုရင် အလွန်ပဲသနားစရာကောင်းပါတယ်။ သူတို့အနေနဲ့ KIA တပ်ဖွဲ့တွေနဲ့ တည့်အောင်ပေါင်းသင်း နေတာတောင်မှ ဒီလိုမျိုးရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။
ကာမိုင်းနေထိုင်ကြတဲ့ ကချင်လူမျိုး အဖိုးကြီးအဖွားကြီးတွေကိုယ်တိုင်က ``သူတို့ ကချင်တွေဟာဒီလိုမျိုး မရက်စက်တတ်ပါဘူး။KIA ဟာ ကချင်လူမျိုးဆိုပေမယ့် ကချင်တွေအပေါ်မှာလဲ မကောင်းပါဘူး။ သူတို့မှာကချင် လူမျိုးကြီးဝါဒရှိတယ်။ သူတို့ဂျိမ်းဖောမှ ကချင်လို့သတ်မှတ်ထားကြတာ။ ကျန်တဲ့ကချင်မျိုးနွယ်စုတွေအပေါ်မှာ သူတို့ခွဲခြားတယ်။ စစ်တိုက်ခိုင်းတာတောင်မှ သူတို့ဂျိမ်းဖောတွေဆို နောက်ကပဲလိုက်ရတယ်။ ရ၀မ်တို့၊ လီဆူး တို့၊ ရှမ်းတို့ဆိုရင် ရှေ့ကနေတိုက်ခိုင်းတယ်။`` လို့ပြောပါတယ်။ ကာမိုင်းဒေသအတွင်းမှာ နေထိုင်ကြတဲ့လူအများစုကတော့ ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနေထိုင်ချင်ကြပါတယ်။ သူတို့ဒေသအတွင်းမှာ တိုက်ပွဲတွေဖြစ်နေ တာကိုသဘောမကျသလို  လက်နက်ကိုင်ပြီး အနိုင်ကျင့်နေတာမျိုးကို သဘောမကျပါဘူး။ အမှန်တကယ်တော့ KIA ဆိုတာ ကချင်လူမျိုးအချင်းချင်းတောင်မှ မနှစ်သက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အကြောင်း ကာမိုင်းဒေသခံ ပြည်သူတို့၏ ရင်တွင်းမှာခံစားနေရကြောင်း သိရှိရပါတယ်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်