Subscribe to our RSS Feed

ကချင်ပြည်နယ်အတွက် ဖိတ်စာတစ်စောင် (သို့မဟုတ်) KIAထိမ်းချုပ်နယ်မြေ အတွင်းမှ ကချင်တိုင်းရင်းသား သွေးချင်းညီနောင်များအား လက်ကမ်းကြိုဆိုခြင်း

From : https://www.facebook.com/tintlwin.soe.5


ကချင်အမျိုးသားများ ကောင်းစားရေး အတွက်လို့ ကြွေးကြော်နေတဲ့ KIA ဟာ ကချင် တိုင်းရင်းသား တွေရဲ့ ထောက်ခံမှုကို ဘယ် အတိုင်းအတာ ထိ ရရှိနေ သလဲတော့ ကျွန်တော် မသိပါဘူး။ အငတ်ငတ် အပြတ်ပြတ် နဲ့ ကချင် စစ်ဘေး ဒုက္ခသည် အရေအတွက် တွေ တိုးသည်ထက် တိုးလာနေတာ ကိုတော့ တွေ့နေရ ပါတယ်။

KIAက တပ်မတော် စစ်ကြောင်းတွေ ရိက္ခာမပို့ နိုင်အောင် တံတားတွေ ချိုးတယ် ၊ မိုင်းတွေ ခွဲတယ် ။ အရင်ဆုံး ရိက္ခာပြတ် အငတ်ဘေး ဆိုက်ရတာ ကတော့ ကချင် တိုင်ရင်းသား တွေပါ။ KIAက လွတ်မြောက်ရေး အတွက် ပစ်ခတ် သတ်ဖြတ် နေချိန်မှာ ၊ ကတုတ်ကျင်း တွေ ၊ ဗုံးခိုကျင်း တွေထဲမှာ မလွတ်မလပ်နဲ့ အသက်ရှု ရပ်ကုန်ခဲ့ ကြရ တာကလည်း ကချင် တိုင်းရင်းသား တွေပါပဲ။အစိုးရအနေနဲ့ လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁)ဖွဲ့ ရှိတဲ့အနက် (၁၀)ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲထာပြီး KIA တစ်ဖွဲ့တည်း ကသာ သဘောထား တင်းမာ နေတာပါ။ အဲဒါ ဘာကြောင့်လဲ။ ကျွန်တော် မသိပါဘူး။ ကျွန်တော် မသိ နားမလည်တဲ့ ကိစ္စ တွေကိုလည်း အကျယ်တဝင့် မဆွေးနွေး လိုပါဘူး။ ကျွန်တော် အဓိက ပြောချင်တာက KIA ထိမ်းချုပ် နယ်မြေ အတွင်းမှာရှိတဲ့ နိုင်ငံရေး ဆိုတာကို လုံးဝမသိ နားမလည်တဲ့ ကချင် တိုင်းရင်းသားများ အတွက်ပါ။


ကချင်ပြည်နယ် မှာ ဖက်ဒရယ်မူ နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အရူးအမူး လိုချင်နေသူ တွေ ရှိသလို။ ဖက်ဒရယ်မူကို နေစရာ အိမ်တစ်လုံး လောက်တောင် တန်ဖိုးမထား ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာ ဆန်တစ်ပြည် လောက် ဗိုက်မ ပြည့်ဘူး လို့ ယူဆသူတွေ လည်း ရှိနိုင် ပါတယ်။ ကျွန်တော် သူတို့ကို မြန်မာ လူမျိုး တစ်ယောက် အနေနဲ့ နွေးနွေးထွေးထွေး ဖိတ်ခေါ် ချင်ပါတယ်။ “ဗျို့ ကချင် တိုင်းရင်းသား အပေါင်းတို့၊ ညီအစ်ကို နောင်ရင်း သွေးချင်း တစ်ယောက်ဖြစ်တဲ့ မြန်မာ လူမျိုး တစ်ယောက်က ခင်ဗျားတို့ကို ကြိုဆိုပါတယ်။ လာခဲ့ကြပါ ။ ဘယ်သူမှားလို့ ၊ ဘယ်သူမှန် မှန်းမသိတဲ့ သတ်ကွင်းထဲ မှာ ဆက်မနေချင် ကြပါနဲ့တော့။ခင်ဗျားတို့ရဲ့ ဒဏ်ရာတွေ ၊ သွေးတွေကို ကျွန်တော် ဆက်မကြည့်ရက် တော့ပါဘူး။ လာခဲ့ကြပါ ။ ယမ်းငွေ့ တွေကြားမှာ အသက်ကို ဖက်နဲ့ထုပ်ပြီး လိုက်ကောက် နေရတဲ့ ကျောက်စိမ်း ထက်စာရင် ကျွန်တော်တို့ မန္တလေးက ကျောက်စရစ်ခဲက ထမင်း တစ်လုပ်တော့ မငတ်အောင် ကျွေးနိုင်ပါတယ်။ KIA ရဲ့ ပြန်ပေးရန်ကို ကြောက်လို့ သူဌေးတွေတောင် မနေရဲ တော့တဲ့မြေက ခင်ဗျားတို့ ထွက်ခဲ့ပါ။ အသက်ထက် မက်စရာ လောကမှာ ဘာမှမရှိ ပါဘူး။ KIA အပေါင်း သူတော်ကောင်းတို့ အနေနဲ့လည်း  ဒီနေရာ ကနေ ကျွန်တော် မေတ္တာ ရပ်ခံပါတယ်။ အသက်မရှိတဲ့ ကျောက်စိမ်းတွင်း တွေကိုသာ ပြန်ပေးဆွဲပါ။ အသွေးအသားနဲ့ တည်ဆောက် ထားတဲ့ ကချင် စစ်ဘေးဒုက္ခသည် တွေကို မျောက်ပြ ဆန်တောင်း မလုပ်ကြပါနဲ့။ သူတို့ကို (သူတို့ ဆန္ဒရှိရင်) စစ်ဘေး လွတ်ရာကို ထွက်ခွာခွင့် ပေးလိုက်ပါ။ ပြီးရင် ဘယ် ဓားစာခံမှ မရှိတဲ့ မြေပြင်မှာ ခင်ဗျားတို့ရဲ့ အယူဝါဒ စစ်ပွဲကြီးကို ဆက်တိုက်ချင် သပဆိုရင် တိုက်ကြပါ။ ခင်ဗျားတို့ တိုက်ပွဲကြီး ပြီးသွားတဲ့ အခါ ၊ ကချင်တိုင်း ရင်းသား ကျွန်တော်တို့ ညီနောင်များကို ပြန်ခေါ်ချင်ရင် လည်း ခေါ်ပါ။ သူတို့ကလည်း ခင်ဗျားတို့နဲ့ နေချင်တယ် ဆိုရင် ပေါ့လေ။ တိုက်ပွဲတွေ မပြီးသေး ခင်မှာတော့ အပြစ်မရှိတဲ့ ကချင် တိုင်းရင်းသား ညီနောင်များကို သနားငဲ့ညှာ သောအားဖြင့် ကျွန်တော် တို့ကို စောင့်ရှောက် ခွင့်ပေးပါ။ ကချင် တိုင်းရင်းသားတွေ ဘေးမသီ ရန်မခ ဝမ်းဝ စေရပါ့မယ်လို့ အာမခံ ပါတယ်။ ခင်ဗျားတို့ အနေနဲ့လည်း နောက်ဆံ မတင်းဘဲ တိုက်ပွဲဝင်လို့ ရတာပေါ့။ ဒါ့ကြောင့် အပြစ်မရှိတဲ့ ကချင် တိုင်းရင်းသား သွေးချင်း ညီနောင် စစ်ဘေး ဒုက္ခသည် များကို ပြည်သူလူထု တစ်ရပ်လုံးက ဝိုင်းဝန်း စောင့်ရှေက် ကူညီခွင့် ရအောင် ဆောင်ရွက် ပေးပါလို့ အစိုးရ တာဝန်ရှိ သူများနဲ့ KIA အပေါင်း သူတော်ကောင်း တို့ကို တောင်းဆို လိုက်ရပါတယ်

ဒီနေရာမှာ “ ကချင် ပြည်နယ်ကို ကချင် တိုင်းရင်းသား တွေသာ ပိုင်တယ် ” လို့ ဆင်ကန်း တောတိုး ယုံကြည်နေတဲ့ KIO/ KIA လူကြီးမင်းများကို တစ်ခုတော့ ပြောချင် ပါတယ်။ မန္တလေးမှာ အခြေချ နေထိုင်နေတဲ့ ကချင် တိုင်းရင်းသား တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် မန္တလေးဟာ မြန်မာတွေ သာပိုင်တယ် ဆိုပြီး ဘယ် ကချင် တိုင်းရင်းသား ကိုမှ ကျွန်တော်တို့ မောင်းမထုတ် ခဲ့ဖူးပါဘူး။ ဒီလိုပဲ ရန်ကုန်မှာ နေတဲ့ ကချင်လူမျိုး တွေကိုလည်း ဘယ် ရန်ကုန်သား ကမှ ကျူးကျော်သူ တွေရယ်လို့ မမြင်ခဲ့ပါဘူး။ တက္ကသိုလ်နဲ့ ကျောင်းတွေ မှာဆိုရင် တိုင်းရင်းသား တွေကို သူတို့ရဲ့ ရိုးဂုဏ်ကြောင့် အထူးချစ်ခင် အလေးပေး ဆက်ဆံ ကြတာကို ကြုံဖူး သူတိုင်း သိကြပါတယ်။ ခင်ဗျားတို့ လိုချင်တာ ကချင် ပြည်နယ်လေး တစ်ခုတည်းပါ။ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကို တွေနဲ့ ပြည်သူ တစ်ရပ်လုံးက ( ကချင် လူမျိုးတွေ အတွက်) ပေးဆပ်ထား တာကတော့ မေတ္တာတရား တွေနဲ့ တိုင်းပြည်ကြီး တစ်ခုလုံးပါ။ ကချင်ပြည်နယ်မှ မဟုတ်ပါဘူး။ နေပြည်တော် ၊ ရန်ကုန် နဲ့ မန္တလေး ပါမကျန် ဟောဒီ တိုင်းပြည်ကြီး တစ်ခုလုံးကို ကျွန်တော်တို့ အားလုံး အတူတကွ ပိုင်ဆိုင်ကြ ပါတယ်။ မြန်မာပြည်မှာ နေထိုင်တဲ့ မြန်မာ နိုင်ငံသား မှန်သမျှ မည်သည့် တိုင်းရင်းသား ၊ လူမျိုးခြား မဆို အားလုံး ဟောဒီ နိုင်ငံကြီးကို ပိုင်ပါတယ်။ ဒီ သဘောတရား အတွက် ဖက်ဒရယ်မူ မလိုပါဘူး။ လွတ်မြောက်ရေး လည်း မလိုပါဘူး။ စစ်တိုက် စရာလည်း မလိုသလို ၊ တွေ့ဆုံ ဆွေးနွေး အဖြေ ရှာဖို့လည်း မလိုပါဘူး။ ဒါဟာ အမြဲတမ်း မှန်နေမဲ့ အမှန်တရား (Universal Truth) လို့တောင် ပြောလို့ ရပါတယ်။ အခုတော့ KIO/ KIA လူကြီးမင်း များက ဘာနဲ့ တူနေသလဲ ဆိုတော့ “ ချစ်လို့ ၊ စေတနာ ရှိလို့ ငှက်ပျော တစ်ဖီးလုံး ပေးတာကို ရင်ပြည့် မှာစိုးလို့ တစ်လုံးထဲ ယူပါရစေ ” ဆိုပြီး အတင်းငိုယို ဂျီကျနေတဲ့ ကလေးလို ဖြစ်နေပါတယ်။

အစိုးရ အနေနဲ့လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးလို့ရတဲ့ နယ်မြေတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဆိုပြီး ပေးထားတာ အားလုံး အသိပါ။ ကျားရဲတွေ ဝိုင်းနေတဲ့ သားသမင် ငယ်လို၊ လူဦးရေ ပေါက်ကွဲ နေတဲ့ နိုင်ငံတွေ ပါတ်ချာ ဝိုင်းနေတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဖက်ဒရယ်မူ ဆိုတာကို သူ့အိုးနဲ့ သူ့ဆန် တန်ရုံပဲ ပေးရမယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ ဒါမှမဟုတ်လို့ KIO/ KIA လူကြီးမင်းများ အနေနဲ့ ရှင်ဘုရင်မှ လုပ်ချင် တာဆိုရင်လည်း ၊ ဒီခေတ်ထဲမှာ ပြည်သူ တစ်ရပ်လုံးရဲ့ မေတ္တာနဲ့ ယုံကြည်မှု ကို ရအောင် ယူနိုင်တဲ့ အစွမ်းရှိရင် တစ်နိုင်ငံလုံး ကိုတောင် အုပ်ချုပ်လို့ ရနေပါပြီ။ အမြောက် တစ်ချက် မပစ်၊ မိုင်းတစ်လုံး မခွဲဘဲ စစ်မှန်တဲ့ နည်းလမ်းနဲ့ ရှင်ဘုရင် လုပ်လို့ ရတဲ့အချိန် ရောက်မှ ဘာလို့ ပတ်မကြီး ထိုးဖောက် ချင်ကြတာလဲ။

ကချင် ပြည်နယ်ဆိုတဲ့ နေရာ ကွက်ကွက် ကလေးမှာ ကိုယ့်သဘော ကိုယ်ဆောင်ပြီး ၊ လုပ်ချင်ရာ လုပ်ခွင့် ရဖို့ရာ အတွက်နဲ့တော့ အမေ့ရင်ကို ခွဲသလို ကျွန်တော်တို့ မြန်မာ ပြည်ကြီးကို ကွဲအောင် မလုပ်ကြပါနဲ့ဗျာ။ ဒီလောက် ပြောလို့မှ သဘော မပေါက်ရင် အဆုံးစွန်ထိ ပြောလိုက်မယ်။ ဒီမှာ

ငပိရည်နဲ့ တို့စားရင် စလပ်ရွက် တစ်ရွက် လောက်တောင်မှ အရသာ မရှိတဲ့ ကျောက်စိမ်း တွင်းတွေရယ်၊ လူ့အသက် တွေထက် တန်ဖိုးရှိတယ်လို့ ခင်ဗျားတို့ ထင်နေတဲ့ ကချင် ပြည်နယ် ရယ်ကို ရဖို့ ခင်ဗျားတို့ မသေမချင်း တိုက်ကြပါ။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ ညီနောင် သွေးချင်း ကချင် တိုင်းရင်း သား တွေကိုတော့ ကျွန်တော်တို့ကို ပေးပါလို့ အနူးအညွတ် တောင်းဆို လိုက်ပါတယ်။

ဗျိုး. ကချင် တိုင်းရင်းသား ညီနောင် သွေးချင်း အပေါင်းတို့ ၊ ပူပြင်းလှတဲ့ အဲဒီ စစ်မီးလျှံတွေ ကြားကနေ ထွက်ပြီး တည်ငြိမ် အေးချမ်းမှု ပန်းတွေ အမြဲ ပွင့်လန်းနေတဲ့ နေရာကို အမြန် လာခဲ့ကြပါ။ ကျွန်တော်တို့ ပြည်ထောင်စုကြီး တစ်ခုလုံးက နွေးထွေး ပျူငှာ လှိုက်လှဲစွာ ကြိုဆိုလျှက်ပါ ခင်ဗျား.”

 www.MyanmarExpress.net

3 comments:

မော် ဒန် က မိန်း မ အေး လ ပြည့် က မေး ပါ တယ် ဒေါ်ဘူ က ဖြေ ထား တယ် ခွဲ မ ထွ က် ပါ ဘူး တန်း တူ အ ခွင့် အ ရေး ဘဲ လို ချင် တာ တဲ့ နိုင် ငံ တော် က ဘာ တွေ များ ခွဲ ခြား ထား ပါ သ လဲ ပြော ပါ အုးံ

သူ တော် ကောင်း စ ကား မ ပြော နဲ့ ဒေါ် ဒွဲ ဘူ ပြည် သူ တွေ ကို မ လိမ် ချင် ပါ နဲ့ အ ထင် က ရ တွေ့ ထား တာ နောင် မှ ဒေါ်ွဲ ဘူ က လိမ် ချင် သေး တယ် ခင် ဖျား KIA သူ ပုန် တွေ ဘာ တောင်း သ လဲ စဉ်း စား ပြိး ပြော ပါ

မြန် မာ တပ် တွေ နောက် ဆုတ် ပါ မြစ် ကြိး နား တပ် တွေ လဲ ဆုတ် ပါ မြစ် ကြိး နား အ ထိ KIA သူ ပုန် က အုပ် ခူပ် မယ် ပြော တယ် တပ် မ တော် က ဆုတ် ပေး ရ မှာ လား ဒေါ် ဒွဲ ဘူ စစ် စ ခန်း ကို လက် နက် ခဲ ယမ်း သွား ပို့ တာ ဘာ ဖြစ် ချောင်း တိုက် ရ တာ လဲ

တန်း တူ အ ခွင့် အ ရေး ဆို တာ ဘာ ကို ပေး ရ မှာ လဲ ပြည် သူ တွေ မှာ နေ ရ တာ အ တူ တူ ပါ ဘဲ ဘယ် သူ ကို အ ပို တွေ ပေး လို့ လဲ ငါ တို့ ပြည် မ မှာ တော့ ကိုယ် အား ကိုယ် ကိုး ပြိး လုပ် စား ကြ ရ တယ် ခင် ဖိာ တို့ Kia သူ တွေ က လက် နက် ကိုင် ပြိး သစ် ခိုး ထုတ် ရောင်း စား တယ် ကျောက် ခိုး ရောင်း စား တယ် သူ ပုန် ခေါင်း ဆောင် တွေ နဲ့ နောက် လိုက် အ ခီူ့ ချမ်း သာ ကုန် ကြတယ် ပြည် သူ ပိုင် ပစ္စည်း ခိုး ရောင်း စား ကြ တယ် ဒါ ထက် ခင် ဗျား က ဘာ အ ခွင့် အ ရေး ယူ ချင် သေး လဲ ဘာ တန်း တူ ယူ ချင် သေး လဲ ငါ တို့ တန်း တူ အ ခွင့် အ ရေး ဆို ရင် KIA သူ ပုန် တွေ က အ ခွင့် အ ရေး အ များ ကြိး ယူ မ နေ ဘူး လား ငါ တို့ က အ ရိုး သား ဆုးံ လုပ် စား ရ တာ နင် ရဲ့ Kia က ပြည် သူ ပိုင် ပစ္စ ည်း ကို ခိုး ယူ နေ တာ ကဲ အ ခွင့် အ ရေး ဘယ် သူ က ပို နေ ပါ သ လဲ ဆ ရာ မ ကြိး

KIA will not be elimanited alhthogh Liza headquaters falls into burmese army.

ဒွဲဘူ ပြောတဲ့ တန်းတူ အခွင့် အရေးဆိုတာ ဘာလဲ မြန်မာပြည်မှာ ဘယ်လူမျိုး ဘယ် တိုင်းရင်းသတွေက အခွင့်အရေး ပိုရနေလို့ လဲ စစ်တပ် အစိုးရကို ဆန့် ကျင်လို့  အဖမ်း ခံရတာ ဘယ်တိုင်းရင်းသားတွေ အများဆုံးလဲ နောက်ပြီး စစ်တပ် အစိုးရ ခေတ်က KIAက လူနဲ့  ဗမာ နဲ့  ဘယ်သူက အခွင့် အရေးပိုရသလဲ တန်းတူ ကိုယ်ပိုင် ပြဋ္ဌန်းခွင့် ရရှိရေး ပြောရအောင် ဘယ်ပြည်နယ် ဘယ်တိုင်ဒေသကြီးကို များပိုပြီး အခွင့် အရေး ပေးထားလို့ လဲ နောက်ပြီး အခြားတိုင်းရင်းသားတွေ အခွင့်အရေး မရဘူးဆိုရင် မွန်တိုင်းရင်းသား (Wikipedia အရ) ဦးမြင့်ဆွေ ကရန်ကုန် ဝန်ကြီးချုပ် ဖြစ်လာမလား
ဒွဲဘူ က အရင် အစိုးရ ခေတ်က အစိုးရလူ အခုမှ အရူးထနေတာပါ ပြောရရင် သာပေါင်းညာစား လူ၁၀၀၀ ထောက်ခံမဲတောင် မရတဲ့ အလကား အမတ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်