Subscribe to our RSS Feed

ရန်ကုန်မြို့တွင် တစ်နေ့တည်း ဗုံးကွဲမှု နှစ်ကြိမ်ဖြစ်ပွား

From : ..myanma age

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် သာကေတမြို့နယ်
တို့တွင် အောက်တိုဘာလ ၁၃ရက်နေ့တွင် အသေးစား ဗုံးပေါက်ကွဲမှု
နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ သိရသည်။

အောက်တိုဘာလ ၁၂ရက်နေ့ ညသန်းခေါင်ကျော် ၁၃ရက်နေ့
အစောပိုင်းတွင် ဖြစ်ပွားခဲ့သော အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း
ဘတ်စ်ကားမှတ်တိုင်မှ ပေါက်ကွဲမှုသည် လူတစ်ဦးမျှ ထိခိုက်ဒဏ်ရာ
ရရှိမှု မရှိသော်လည်း ခရီးသည် နားနေဆောင် အတွင်းရှိ Natural Clay
ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ် ဆယ်ပေခန့်နှင့် ခရီးသည်
နားနေဆောင် ထိုင်ခုံပျက်စီးသွားသည်။ ယင်းဗုံးပေါက်ကွဲပြီးနောက်
ဆက်လက်ရှာဖွေရာ စည်ပင် အမှိုက်ပုံး အနီးတွင်လည်း ကြွပ်ကြွပ်အိတ်
အနက်ရောင်ဖြင့် ထည့်ထားသော ချိန်ကိုက် မိုင်းတစ်လုံးကို ထပ်မံတွေရှိ
ခဲ့သေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာတွင်
ဖော်ပြထားသည်။

ညနေပိုင်း ၅နာရီ မိနစ်၄၀တွင် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊
ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့၌ အသေးစား ပေါက်ကွဲမှုတစ်ခု ဆက်လက်
ဖြစ်ပွားရာ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း ရပ်ကွက်နေသူများ ဖြစ်သည့်
ထက်အောင်နိုင်တွင် ယာလက်ချောင်း၊ လက်မောင်း၊ ၀ဲခြေသလုံး၊ ၀ဲလက်မောင်းတို့တွင် သွေးထွက်ဒဏ်ရာ ရရှိပြီး ၀င်းမင်းထွေး၏
ယာခြေသလုံးတွင် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းဖြစ်စဉ်
အနီးတွင် ရှိနေကြသော မျက်မြင် တွေ့ရှိသူများက ပြောကြသည်။

“ဗုံးပေါက်တယ်သာ ပြောတာပါ။ ကျွန်တော်တို့ ဒီနားမှာ ခြင်းခတ်နေတာပဲ
ကားဘီး ပေါက်တယ်ပဲ ထင်တာ။ ရဲတွေ ရောက်လာတော့မှ ဗုံးပေါက်တယ်
ဆိုတာ သိရတာ”ဟု ၎င်းဗုံးပေါက်ကွဲရာ ယမင်း အီလက်ထရောနစ် ဆိုင်အနီးတွင် ခြင်းခတ်နေသည် ဆိုသူက ပြောသည်။

အောက်တိုဘာလ ၁၂ရက်နေ့တွင်လည်း တောင်ငူမြို့ ၁၇ ရပ်ကွက်
ကန်လမ်းရှိ ချမ်းမြေ့ဧည့်ဂေဟာ အပေါ်ထပ် အခန်းအမှတ် ၆ တွင်လည်း
ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ၎င်းအခန်းတွင် တည်းခိုနေသူ နှစ်ဦးအနက်
တစ်ဦးသည် ဒဏ်ရာ အပြင်အထန် ရရှိ၍ ဆေးရုံ၌ သေဆုံးခဲ့ပြီး နောက်
တစ်ဦးသည် ယင်းဆေးရုံတွင် စိုးရိမ်စရာ မရှိ အခြေအနေဖြင့် ဆေးကုသ
ခံယူလျက်ရှိကြောင်း သိရသည်။ ၎င်းအခန်းနှင့် ကပ်လျက် အခန်းတွင်
တည်းခိုနေသူ တောင်ငူမြန်မာ့ မီးရထား တပ်ခွဲ(၁၀)မှ ရဲတပ်သား တစ်ဦးသည် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံး
ခဲ့ကြောင်းလည်း ရဲမှတ်တမ်းများအရ ဆက်လက် သိရသည်။
 

 .. www.MyanmarExpress.net
 

6 comments:

ဖေါက် ခွဲ သူ ကို ပြည်သူ နဲ့ ရဲ ပူး ပေါင်း ပြိး အ မြန် ဖေါ်ါ် ထုတ် ပြိး သေ ဒဏ် ပေး လိုက်
PKU THEER THREE

ကုလားတွေကို မကျေနပ်လို့ဖောက်တာဖြစ်မယ် ။ ဆီးဂိမ်းကြမှဖောက်ကြစမ်းပါ ကုလားတွေ လာလိမ့်မယ်

လွန်ခဲ့တဲ့၁လကျော်လောက်က၊နိုင်ငံတလွှားမြို့ကြီးတွေမှာ၊ဘုရားတွေမှာလုံခြုံရေးတပ်လှန့်ထားတယ်။ဖြစ်မလာဘူး။အခုမှဖြစ်လာတာတွေ့ရတယ်။သဘောပေါက်။

ဘာတွေလျှောက်ပြောနေတာလဲ

ဘာဆီးဂိမ်းလဲ သေးပေါက်ပြိုင်ပွဲလား

သ တောင်းးစားသခိုး ဦးအောင်တောင်း ကားကိုကပ်ပြီးးး ခွဲ လိုက် တိုင်းပြည် ဆူပူ အောင် အဲဒိ ခွေးသား လုပ်နေတာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်