Subscribe to our RSS Feed

အိန္ဒိယဘုရားဖူး ၈၉ ဦး လူပိသေဆုံး

From : ..voa

အိန္ဒိယနိုင်ငံ၊ မာဒီယာပရာဒတ်ရှ် (Madhya Pradesh) ပြည်နယ် ဒါဆီယာ (Datia) ခရိုင်က ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းရဲ့အပြင် တံတားပေါ်မှာ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပိမိပြီး ၈၉ ထက်မနည်းသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရှိသွားပါတယ်။

ဒီတံတား ကျိုးကျတော့မယ်ဆိုတဲ့ ကောဠဟာလထွက်လာပြီးတော့ လူတွေ ရုန်းရင်းဆန်ခတ်ပြေးလွှားကြလို့ တစ်ဦးနဲ့တစ်ဦး နင်းမိကုန်တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးဟာ လူတွေကြပ်ပိတ်တဲ့ အခက်အခဲတွေကြားက လှုပ်ရှားနေကြရတဲ့အတွက် သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့ကသတိပေးနေပါတယ်။

တံတားက ဆင်းမြစ် (Sindh River) ကိုဖြတ်ပြီး ဆောက်ထားတာဖြစ်ပြီး ဘာသာရေး ပွဲတော်တစ်ခုအတွက် လူတွေ တံတားကို ဖြတ်ကူးလာကြတာပါ။ တချို့ဘုရားဖူးတွေ လူတွေအများကြီးရဲ့ ခြေထောက်အောက်မှာ နင်းမိလို့ သေကြရသလို တချို့ကလည်း ကြောက်အားလန့်အားနဲ့ တံတားပေါ်ကနေ ဆင်းဒ်မြစ်ထဲခုန်ချလို့ ရေနစ်ပြီးသေကြရပါတယ်။

Ratangarh ဟိန္ဒူဘုရားကျောင်းမှာ ၁၀ ရက်ကြာကျင်းပတဲ့ Navaratra ပွဲတော်ကို ဘုရားဖူး ၅ သိန်းလောက် စုဝေးရောက်ရှိနေကြတာ ဖြစ်တယ်လို့ အိန္ဒိယ သတင်းတွေမှာဖော်ပြပါတယ်။ ရဲတွေက လူအုပ်ကိုထိန်းဖို့ နံပါတ်တုတ်တွေ သုံးခဲ့တာကြောင့်လည်း အခုလို ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ရတာလို့ မျက်မြင် တချို့က ပြောကြပါတယ်။ အိန္ဒိယနိုင်ငံ ဘာသာရေးပွဲတော်တွေမှာ အခုလို လူနင်းမိလို့ သေဆုံးရတဲ့ သာဓကတွေအများကြီး ရှိပါတယ်။ 


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်