From :
..Dawei Watch
မြန်မာနိုင်ငံအတွင်း လတ် တလော ဖြစ် ပွားနေ သည့် ဗုံးပေါက်ကွဲမှု များကြောင့် တနင်္သာရီတိုင်းအ တွင်း တွင် အောက်တိုဘာ ၁၄ ရက်မှစပြီး ရပ်ကျေးအဆင့်အထိ လုံခြုံရေးတိုးမြှင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ပြည်သူများအနေဖြင့် ယ ခင်ထက် ထူးခြားသည့်ပစ္စည်းများ ကို မြင်တွေ့ လျှင်ဖြစ်စေ၊ မသင်္ကာ ဖွယ်ရာ လူစိမ်းတွေ့လျှင်ဖြစ်စေ နီးစပ်ရာ ရဲတပ်ဖွဲ့ စခန်း သို့ အ မြန်ဆုံးအကြောင်းကြားပေးကြ ရန် အထက်ပါ အရာရှိက ပြောဆို သည်။
''ရဲတပ်ဖွဲ့ဝင်တွေ နေ့ည လှည့်ကင်း၊ စောင့်ကင်းတွေ နဲ့ ဆောင်ရွက်နေ တယ်''ဟု ၎င်းက ဆိုသည်။ ရှိရင်း ရဲတပ်ဖွဲ့ဝင်များကို လုပ်ငန်းမြှင့်တင်ကာ လုံခြုံရေးစီ မံချက်များ ထပ်မံတိုးမြှင့်ချထား ခြင်းဖြစ်ပြီး ဒီဇင်ဘာအထိဆောင် ရွက်သွားမည်ဟု တိုင်းဒေသကြီးရဲ တပ်ဖွဲ့ထံမှ သိရသည်။
လုံခြုံရေးစီမံချက်အရ မြို့ဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဂိတ် များတွင် ရှာဖွေရေးလုပ်ငန်းကို ဆောင်ရွက်ရန် ညွှန်ကြားထားပြီး အခင်းဖြစ်ပွား မှုကြုံတွေ့ လျှင် တပ် မတော်နှင့်ပူးပေါင်းကာ ဘေး အန္တရာယ်ကင်းရှင်းရေး ကို ဆက် လက်ဆောင်ရွက်သွားမည်ဟု အ ထက်ပါ အကြီးတန်းအရာရှိ က ပြောဆိုသည်။
''ရပ်ကွက်ထဲမှာ သီးသန့်ရပ် ကွက်လုံခြုံရေးအဖွဲ့ဆိုပြီး ဖွဲ့ထား တာမျိုး မဟုတ်ဘဲ တစ်ခုခုကြုံ တွေ့လာရင် ရာအိမ်မှူး၊ အထောက် အကူပြုအဖွဲ့နဲ့ ရပ်မိရပ်ဖတွေ အ ချိတ်အဆက်မိအောင် လုပ်ထား တယ်''ဟု
ထားဝယ်မြို့ပေါ်ရပ် ကွက်တစ်ခုမှ ရပ်ကွက်အုပ်ချုပ် ရေးမှူးတစ်ဦးက ရှင်းပြသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တောင်ငူအပါအဝင် မြို့ကြီးအချို့ တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
.. www.MyanmarExpress.net

2 comments:
အစိုးရ သတင်းစာရှင်းလင်းပွဲလုပ်ပြီးတာနဲ. ကိုလွဏ်းဆွေ၊ အောင်ဇော်၊ NLD ပါတီဝင်တွေ ရဲ.Online ဝေဖန်သုံးသပ်ချက်၊ အမြင်သဘောထား၊၊ တွေ.ဆုံမေးမြန်ခန်း တွေဆိုပြီး ခေါင်းစဉ်အမျိုးမျိုးနဲ. သွေးထိုးမှုတွေစပါတော.မယ်။
အစိုးရ သတင်းစာရှင်းလင်းပွဲလုပ်ပြီးတာနဲ. လွဏ်းဆွေ၊ အောင်ဇော်၊ NLD ပါတီဝင်တွေ ရဲ.Online ဝေဖန်သုံးသပ်ချက်၊ အမြင်သဘောထား၊၊ တွေ.ဆုံမေးမြန်းခန်း တွေဆိုပြီး ခေါင်းစဉ်အမျိုးမျိုးနဲ. သွေးထိုးမှုတွေစပါတော.မယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်