From :
.. the voice
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မကြာခင် ရက်ပိုင်းအတွင်းက ဗုံးပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်များကို လုံခြုံရေး အဆင့်မြှင့်တင်နိုင်ရန် အတွက် ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်၍ ဟိုတယ်ဝန်ထမ်း၂၀၀ ကို လုံခြုံရေး ရက်တိုသင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဟိုတယ်လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသီဟအောင်က ပြောကြားသည်။
သင်တန်းကို ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဟိုတယ်တစ်လုံးလျှင် လုံခြုံရေးဝန်ထမ်း နှစ်ဦးနှုန်းဖြင့် စုစုပေါင်း သင်တန်းသား ၂၀၀ ကို အောက်တိုဘာလ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ စုစုပေါင်းငါးရက်တိုင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အချိန်ထိ ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
ရန်ကုန်မြို့ရှိ ဟိုတယ်များကို လုံခြုံရေးအဆင့် မြှင့်တင်ရန် သင်တန်းပေးခြင်းမှာ ကောင်းမွန်သော်လည်း သင်တန်းကာလ အချိန် တိုတောင်းလွန်းသဖြင့် ထိရောက်မှု ရှိနိုင်မည်မဟုတ်ကြောင်း Shining Star ခရီးသွားကုမ္ပဏီ ဒါရိုက်တာ ဦးလှထွန်းက သုံးသပ်ပြောဆိုသည်။
ရန်ကုန်မြို့တွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက လိုင်စင် ထုတ်ပေးထားသော ဟိုတယ်နှင့် တည်းခိုခန်း ပေါင်း၂၀၆ လုံးရှိပြီး အခန်းပေါင်း ၉၀၀၅ ခန်းရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန စာရင်းအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၉ ရက်မှ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှု သုံးကြိမ်ရှိပြီး ဗုံးရှာဖွေတွေ့ရှိမှု သုံးကြိမ်၊ နယ်မြို့များဖြစ်သော စစ်ကိုင်းမြို့တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့သည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်