From :
.eleven
ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုများ၌ ကျူးလွန်သူဟု စွပ်စွဲခံရ သူများသည် KNU (ကရင် အမျိုးသား အစည်အရုံး) နှင့် ဆက်စပ်မှု ရှိသူများဟု ပြောကြားခြင်းများ ရှိလာခဲ့ပြီးနောက် ထိုသို့ ပြောဆိုမှုများနှင့် ပတ်သက်ပြီး KNU တွဲဖက် အတွင်းရေးမှူး-၁ ပဒိုသောသီဘွဲ့အား အောက်တိုဘာ ၁၇ ရက်က ဆက်သွယ် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး - ရန်ကုန်နဲ့ မန္တလေး ဗုံးပေါက်ကွဲမှုတွေမှာ ဖမ်းဆီးခံထား ရသူတွေဟာ KNU က လူတွေလို့ ပြောထားပါတယ်။ တပ်မဟာ-၅ နဲ့ ပတ်သက်တယ်လို့ ပြောတာတွေရှိပါတယ်။ ဒီအပေါ်မှာ ဘာပြောချင်ပါသလဲ။
ဖြေ- တပ်မဟာ ၅၊ ဖာပွန်ခရိုင်ကနေပြီး ထုတ်ပြန် ကြေညာချက်တစ်ခု ရှိထားပါတယ်။ (အစိုးရ၏) ထုတ်ပြန်မှု ပေါ်မှာ ဗုံးခွဲတာတို့၊ အနှောင့်အယှက် ပြုတာတို့ သူတို့မှာ မရှိပါဘူးတဲ့။
မေး - အစိုးရက အောက်တိုဘာ ၁၈ ရက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီမှာဗုံးခွဲမှုကို ကျူးလွန်သူတွေဟာ KNU က လူတွေလို့ သက်သေ အထောက်အထားနဲ့ ပြောလာခဲ့ရင် ဘယ်လိုဖြေရှင်းဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ - ကျွန်တော်တို့ကတော့ သတင်းရရှိတဲ့၊ နာမည်တွေနဲ့တကွ တပ်ထားတဲ့ လူပုဂ္ဂိုလ်တွေက KNU ဟုတ်ကြောင်း၊ မဟုတ်ကြောင်း ဆိုတာကို ပြန်လည် ဆန်းစစ်ရမှာပေါ့။ ဟုတ်သော်၊ မဟုတ်သော်ပေါ့။ အဲဒါမှလည်း ကျွန်တော်တို့က အတိအကျ ပြောနိုင်မှာပါ။
မေး - အခုဖမ်းဆီး ခံထားရပြီး သံသယရှိတယ် ဆိုတဲ့သူတွေက KNU ကလူတွေ မဟုတ်ဘူးလို့ ဆိုလိုချင်တာလား။
ဖြေ - တချို့အပိုင်း တွေကတော့ ရှိပါတယ်။ သူတို့ရဲ့ စစ်ဆေးချက်အရ ပြောရမယ်ဆိုရင် တချို့ဟာ ယခင်တုန်းက အချိန်စေ့ ဆောင်ရွက်သွားတာမျိုးတွေ၊ အချိန်ပိုင်း ဆောင်ရွက်သွားတာ မျိုးတွေရှိရင် ရှိမယ်။ KNU ဟောင်းတွေလည်း ဖြစ်ကောင်း ဖြစ်မယ်။ တပ်ထွက်တချို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကတော့ ယတိပြတ် ပြောလို့မရသေးဘူး။
မေး - အခုထွက်နေတဲ့ သတင်းတွေအရ ဖမ်းမမိသေးဘဲ လွတ်နေတဲ့ သူတွေဟာ KNU ထိန်းချုပ် နယ်မြေထဲကို ရောက်သွားတဲ့အတွက် ဖမ်းဖို့ခက်နေတယ်လို့ ပြောပါတယ်။ ဒီသတင်းတွေက အမှန်ပဲလားဗျ။
ဖြေ - ပြစ်မှုကျူးလွန်တယ်လို့ ယူဆတဲ့သူတွေကို ဖမ်းလို့မရဘဲနဲ့ KNU လို့ စွပ်စွဲတာကတော့ သိပ်သဘာဝ မကျဘူးလေ။ တွေ့ဆုံဆွေးနွေးကာလ သော်လည်းကောင်း၊ အပစ်အခတ် ရပ်စဲရေး ကာလမှာသော် လည်းကောင်း ဖြစ်လာတဲ့ ပြဿနာအသီးသီးကို အစိုးရဘက်ရော၊ KNU ကရင်အမျိုးသား အစည်းအရုံးဘက်ရော ပူးပေါင်း ဆောင်ရွက်ရမယ့် ကိစ္စကို နဂိုက သဘောတူထားတာ ရှိပါတယ်။
မေး - KNU ထိန်းချုပ် နယ်မြေထဲမှာ လွတ်နေတဲ့သူတွေ အမှန်တကယ် ရှိနေမယ်ဆိုရင် ဘယ်လိုဆောင်ရွက် သွားမလဲ။
ဖြေ - အကယ်၍သာ ဟုတ်မယ်ဆိုလို့ ရှိရင်တော့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ ကနေပြီး ခေါ်ယူ စစ်ဆေးမှာပါ။ ကျွန်တော်တို့က အရေးယူ ဆောင်ရွက်မယ်။ အရေးမယူ မဆောင်ရွက်ဘူးဆိုတဲ့ ဟာမျိုးကိုတော့ မပြောချင်ဘူး။ အကယ်၍ ရှောင်နေတိမ်းနေတဲ့ သူတွေကို ဘယ်သူဘယ်ဝါ မျိုးတွေလဲဆိုတာ ကျွန်တော်တို့ အမှန်တကယ် သူတို့နဲ့ တွေ့ဆုံပြီးမှ၊ တွေ့နိုင်မှ ပြောလို့ရမယ်။
မေး - အစိုးရနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး KNU ထဲမှာလည်း သဘောထား ကွဲနေတဲ့သူတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒီသဘောထား ကွဲမှုတွေကြောင့် အခုလို ကိစ္စတွေကို ဖြစ်လာစေတယ်လို့ ယူဆပါသလား။
ဖြေ - အဲဒီအဆင့် အထိတော့ မရှိနိုင်ဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ယခင်က ပြောတဲ့အတိုင်းပဲလေ။ အချင်းချင်းကြား မတူတာကတော့ သံသယ ရှိစရာ မလိုပါဘူး။ ဓမ္မဓိဋ္ဌာန် ကျပါတယ်။ သို့သော်လည်း ကျွန်တော်တို့က အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ အဖွဲ့အစည်းရဲ့ ဦးစီးဦးဆောင်မှုနဲ့ပဲ ဆောင်ရွက်သွားတာကို အောက်ခြေ အဆင့်အထိတော့ လက်ခံနေကြတာပါပဲ။
တချို့ကာကယံရှင်တွေ ပြောတာကတော့ ဖြစ်နိုင်ဖွယ်ရှိမယ်။ သို့သော်လည်း ကျွန်တော်တို့ အနေနဲ့ အဲဒီလိုမျိုး မမြင်ဘူးခင်ဗျ။ အဲဒါတွေကတော့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ယူဆချက်တွေပဲ ဖြစ်နိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့က ဗဟိုဆုံးဖြတ်ချက်နဲ့ နောက်အခြေခံ လုပ်ငန်းစဉ်တွေမှာလည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်လာတဲ့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ဆိုတာကတော့ အဖွဲ့အစည်း တစ်ခုလုံးမှာ ချထားတဲ့ဆုံး ဖြတ်ချက်ပါ။
မေး - လောလောဆယ် အခြေအနေမှာ အစိုးရက KNU ကို တရားဝင် ဆက်သွယ် အကြောင်းကြားတာမျိုး ရှိပါသလား။
ဖြေ - အစိုးရပိုင်းက အကြောင်းကြားတာမျိုး မရှိသေးဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်အခါ ကာလမှာ ဧရိယာအတွင်းမှာ ကျွန်တော်တို့ သွားလာတာမျိုးတွေ၊ တပ်မတော်နဲ့ အနှောင့်အယှက် ဖြစ်မယ့်ကိစ္စတွေ ဆိုလို့ရှိရင် သူတို့တိုင်ကြားစာတွေ၊ သတိပေးစာတွေ၊ ဒါတွေကိုတော့ သူတို့အချိန်မီ ပေးတာတွေ ရှိတယ်။ အခုချိန်ထိတော့ သူတို့ဘက်က အကြောင်းကြားတာကို လက်ခံရရှိသေးတာ မရှိသေးဘူး။
ကျွန်တော်တို့က ဗဟိုအဆင့်တွေနဲ့ တိုက်ရိုက်ဆက်သွယ်တဲ့ အနေအထားတော့ရှိတယ်။ အကြောင်းတ စ်စုံတစ်ရာ ရှိရင်တော့ ဒါကိုတ ရားဝင် သော်လည်းကောင်း ဆက်သွယ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ အခုလိုမျိုး အဆက်အသွယ် မရှိဘဲနဲ့ စစ်ဆေးချက်အရ ဖြစ်ပေါ်လာတာကိုတော့ ကျွန်တော်တို့က အတိအကျ မပြောနိုင်သေးဘူးခင်ဗျ။
အခုဖမ်းမိတဲ့ ကိစ္စကို သော်လည်းကောင်း၊ ရဲက စစ်ဆေးချက်ကို သော်လည်းကောင်း သံသယရှိနေတဲ့ သူသော်လည်းကောင်း ပေါ့လေ။ ကာယကံရှင် အထူးသဖြင့်ပေါ့လေ။ တပ်မဟာ-၅ ကိုစွပ်စွဲတာမျိုးတွေ ပါပါတယ်။ တပ်မဟာ-၅ က ရှင်းလင်းချက်တွေလည်း ထုတ်ထားပါတယ်။ အဲဒါကို တွေ့လိုက်မယ် ဆိုရင် ပိုရှင်းသွားမှာပါ။
.. www.MyanmarExpress.net

5 comments:
ဝေ.လယ်ကြောင်ပတ်ရှောင်ဖြေနေတယ်။ တကယ်တမ်းပြစ်မှုကျူးလွန်ခဲ့ရင်တောင်မှ အပြစ်ပေးချင်မှ ပေးမယ်ဆိုတဲ့ပုံစံမျိုးပါလား။ တိုင်းရင်းသားတွေ ..တိုင်းရင်းသားတွေ မယုံကြည်သင့်တဲ့သူတွေ။
ဗိုလ် မူး ကြိး တိုက် ဂါး မင့် ကို ဗိုလ် မူး ကြိး တိုက် အ ဆင့် ဘယ် သူ ပေး ထား တာ လဲ
ပေါက် လွတ် ပဲ စား ကောက် တတ် ထား တာ လား ငါ လဲ ကောက် တတ် လို့ ရတယ်
ကမ္ဘ္ဆာ့ ဗီုလ် ခူပ် မူး ကြိး တာ တိး လို့
မြန် မာ့ တပ် မ တော် မှာ တိုင်း ရင်း သား ပေါင်း စုံ ပါ တယ် မင်း အောင် လိုင် တောင် မွန် ကွ
တပ် မ တော် ဆို တာ မြန် မာ နိုင် ငံ တ ခု လုးံ နယ် စပ် မ ကျန် လုံ ခြုံ ရေး အ ရ သွား လို့ ရ တယ် မင်း တု့ တာ လက် နက် ကိုင် ပြိး ပြည် သူ ပိုင် သယံ ဇာ တ တွေ ခိုး ရောင်း စား ခဲ့ တာ
လက် နက် ကိုင် ပြိး သူ ပုန် လုပ် စား နေ ကြ တာ
မ်ြန် မာ နိုင် ငံ ထဲ တပ် မ တော် က ဘယ် နေ ရာ သွား သွား ကွ သိ ရဲ့ လား မင်း တို့ လုပ် နေ နာ က တိုင်း ပြည် ဖျက် နေ တာ မင်း တို့ လက် နက် ကိုင် သူ ပုန် မ ရှိ ရင် ပြည် သူ တွေ ကောင်း စား မှာ ဘဲ ကွ သံ ယံ ဇာ တ ခိုး ရောင်း ပြိး လက် နက် ဝယ် ပြိး အ စိုး ရ ကို ပုန် ကန် နေ တာ မင်း တို့ ကွ လက် နက် ကိုင် ပြိး ဗိုလ် လုပ် လုပ် ချင် နေ တာ မင်း တို့ ကွ အေး ချမ်း ချင် ရင် လက် နက် မ ကိုင် နဲ့ လေ
နိုင် ငံ တ နိုင် ငံ မှာ တပ် မ တော် တ ခုြဲ ရှိ ရ မယ် ကွ တပ် မ တော် ထဲ မှာ တိုင်း ရင်း သား ပေါင်း စုံ ပါ တယ် တိုက် ဂါး မင်း ဥ နောက် က သေး သေး လေး ရယ် ပါ ဒန လို ပြော ကြ စ တမ်း ဆို ရင် ငါ တို့ ဆီမှာ လဲ စက် မူ ထုတ် ထော် လာ ခီ လို်င် စင် လို ချင် တယ် ကွာ အ စိုး ရ လုပ် မ ပေး နိုင် သေး တာ ကို လိုက် ထောက် ပြ နေ ရ ရင် အ များ ကြိး ပါ
အစိုး ရ က မ ခွဲ ခြား ပါ ဘူး လုပ် ပေး နိုင် ရင် လုပ် ပေး မှာ ပါ ဘဲ မင်း တို့ နယ် မင်း တို့ လို သူ ပုန် ရှိ နေ သ ၍ မ တိုး တက် ဘူး ကွ တိုး တတ် ချင် ရင် ပြည် သူ ကို ငဲ့ ရင် မင်း တို့
တပ် မ တော် တ စု တည်း လုပ် မ လုပ် ချင် ရင် လက် နက် အပ် လုပ် ချင် မှာ လည်း မ ဟုတ် ပါ ဘူး တပ် မ တော် က တိုင်း ပြည် အ တွက် ကွ လ စာ နည်း တယ် လစာ နည်း တာ နဲ့ ကို မင်း တို့ သူ ခိုး တွေ မ လုပ် နိုင် ပါ ဘူး
မင်း မြဲ မြဲ မှတ် ထား ပြည် သူ ကို ငဲ့ ရင် မင်း တို့ လို လက် နက် နဲ့ လုပ် စား တဲ့ သူ ခိုး ဓါး မြ တွေ မ ရှိ မှ ပြည် သူ တွေ အေး ချမ်းမယ်
မှတ် ပါ လက် နက် ကိုင် ပြိး ချမ်း သာ အောင် လုပ် စား နေ တဲ့ ကောင် တွေ က များ ခွေး စ ကား ပြော သေး တယ် တပ် မ တော် ဆို တာ ပြည် သူ အ စစ် အ မှန် အ ကန် ကို မ သတ် ဘူး ကွ မ နိပ် စက် ဘူး ကွ အေး မင်း မှတ် ထား ရ မှာက မင်း တို့ လို သူ ပုန် လို လို ဓါ မြ လို လို ရှိ နေ ရင် တော့ မင်း တို့  နယ် မ ပြော နဲ့ ရန် ကုန် မှာ ရှိ ရင် တောင် မ ညိမ်း ချမ်း ဘူး ကွ ရှင်း နေ ရ မှာ ဘဲ
ဒီ တော့ ပြည် သူ တွေြိမ်း ချမ်း ချင် ရင် မင်း တို့ လို သူ ပုန် မ ရှိ မှ ငြိမ်း ချမ်း မယ် ကွ မှတ် ထား သူ တောင်း စား တိုက် ဂါး ရဲ့
PKU TT
ဗုံးဖေါက်ခွဲမှု့ KNU ပါဝင်ပတ်သက်တယ်ဆိုတာလည်းမှန်တယ်၊KNU ထဲမှာလဲ ထုတ်ဖေါ်ပြောပြလို့မရနိုင်တဲ့ ကွဲကြောင်းတွေရှိနေကြတယ်၊ သူတို့အချင်းချင်းတောင် စီရင် မဲ့ အခြေအနေမျိုးဖြစ်နေတယ်၊ ကရင် တိုင်းရင်းသားတွေကလည်း ညီညွတ်မှု့မရှိကြဘူး၊ ဒီကိစ္စမှာအနောက်က ပါဝင်ပတ်သက်တဲ့
နိုင်ငံခြားအဖွဲ့အစည်းတွေလည်းရှိတယ်၊ နံမည်ရှိတဲ့ ကရင်ခေါင်းဆောင်တွေလည်းပါတယ်၊ အစိုးရက ဒါတွေအားလုံးကိုသိပေမဲ့လဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရှိနေလို့အကုန်လုံးထုတ်ဖေါ်ပြောပြလို့မရနိုင်ဘူးဖြစ်နေတယ်၊ ပါဝင်ပတ်သက်သူတွေအားလုံးကိုသေခြာသိါတယ်၊ KNU အပါအ၀င် အဖွဲ့အစည်းအားလုံး ပြောနေကြစကားတစ်ခွန်ကတော့ ပြဿနာဖြစ်ပြီဆိုရင် သူတို့ တပ်ဖွဲ့ဝင်မဟုတ်ပါဘူး နုတ်ထွက်ပြီးသွားပါပြီလို့ ဘဲဖြစ်စဉ်အားလုံးမှာငြင်းကြတာချည်ပါဘဲ၊ KNU တာဝန်၇ှိသူတွေအနေနဲ့ KNDO တာဝန်ရှိသူတွေပါ စုံစမ်းကြပါ၊
ပြီးရင် အဖျက်အမှောက်လုပ်ငန်းတွေ ဆက်မလုပ်ကြပါနဲ့ အစိုးရက ကွင်းဆက်တွေရော နောက်ခံလူတွေရောအားလုံးကိုသိပြီးနေပြီလို့နားလည်ထားကြပါ၊၊ဆက်လုပ်ရင်တော့ ဘေးတွေ့ပါလိမ့်မယ်
တိုင်းရင်းသားအားလုံးခြုံပြီး မပြောရင်ကာင်းမယ် သင်က ဗမာလူမျိုးဆိုရင် ကိုယ့်လိုမျိုးတွေရဲ့စောက်ကျင့်ကို ဘေးဖယ် ထားမလို့လား
ဟုတ်ပဗျား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်