Subscribe to our RSS Feed

သာကေတ တွင် ဗုံးကွဲ၊ (၂) ဦး ဒဏ်ရာရ


   ရန်ကုန်တိုင်းဒေသကြီး သာကေတ၊ သုံးမာန်မြေရပ်ကွက်၊ ယမုံနာလမ်း ရှိ အခွန်လွတ်ဈေးရှေ့တွင် ယနေ့ (၁၃၊၁၀၊၂၀၁၃) ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဗုံးတစ်လုံး ကွဲခဲ့ကြောင်း ကနဦး သတင်းရရှိသည်။ ဗုံးကွဲမှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မဆိုးရိမ်ရကြောင်း သိရသည်။ 

 
၁၃.၁၀.၂၀၁၃ရက်နေ့ ၁၇၄၀နာရီအချိန် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရှိ သစ်လုံးတင်ယာဉ် (ကားဘော်ဒီ ကားခေါင်းမပါ)၏အောက်တွင် အမဲရောင်ကြွပ်ကြွပ်အိတ်နှင့်
ထည့်ထားသော အထုပ် (၁)ထုပ်အား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း
ရပ်ကွက်နေသူများဖြစ်သည့် ထက်အောင်နိုင်(၁၄)နှစ်၊(ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး(၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်းတွင် ပါရှိသော အနီရောင်စားပွဲတင်နာရီ၏
လက်တံအားလှည့်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထက်အောင်နိုင်တွင် ယာလက်ချောင်း၊ ယာလက်မောင်း၊ ၀ဲခြေသလုံး၊ ၀ဲလက်မောင်းတို့တွင်
သွေးထွက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့်ဝင်းမင်းထွေးတွင် ယာခြေသလုံး
သွေးထွက်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်အေး၊ အမှတ် (၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်မှူး မျိုးဟိန်းစိုးအပါအ၀င် တပ်ဖွဲ့ဝင်များ၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

.. www.MyanmarExpress.net
 

5 comments:

ဗျောက်အိုးဖြစ်မှာပါ

Yes. Fire Crackers. It is Tha-Din-Kyut season.

ဗုံးတွေပေါလာပြီနော်။ သန်းခေါင်စာရင်းများများ စစ်ပါ.။

တ လာစီသင့်ပြီ

ကြံစည်နေကြတာကတော့နည်းနည်းကြာပြီ၊သတင်းတွေပျံနှံထွက်လာပြီးနောက်၊အစိုးရကမြို့ကြီးတွေ၊ဘုရားတွေမှာလုံခြုံရေးတင်းကျပ်ခဲ့ဘူးတယ်။ဒါကြောင့်သူတို့လအနည်းငယ်ရွှေ့လိုက်ပြီး၊အခုမှအကောင်အထည်ဖေါ်လိုက်တာပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်