From :
..dvb
..
www.MyanmarExpress.net
နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် လျာထားစာရင်းမှာ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း ပါဝင်နေပါတယ်။
နော်ဝေ နိုဘယ်လ်ဆု
ရွေးချယ်ရေး ကော်မတီက ရွေးချယ်ရမယ့် ဒီနှစ် စာရင်းမှာ လူ ပုဂ္ဂိုလ်အနေနဲ့
၂၀၉ ဦးပါဝင်ပြီး အဖွဲ့အစည်း ၅၀ ပါဝင်ပါတယ်။
ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
အော်စလို နိုဘယ်လ်သုတေသန
အင်စတီကျုရဲ့ ညွှန်ကြားရေးမှူး ခရစ်စတင်း ဘာ့ဂ် ဟာ့ပ်ဗီကန်က သမ္မတ
ဦးသိန်းစိန်ဟာ မနှစ်တုန်းက သူ့အကြိုက်ဆုံး စာရင်းထဲမှာ ထိပ်ဆုံးက
ပါနေပေမယ့် ဒီနှစ်မှာတော့ မပါတော့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ
ဆု ရသွားနိုင်တယ်လို့ ပြောပါတယ်။
“မနှစ်တုန်းက သမ္မတ
ဦးသိန်းစိန်ကို ထိပ်ဆုံးက ကျနော် လျာထားခဲ့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့
ကျနော့် လျာထား စာရင်းထဲမှာ မပါတော့ဘူး။ မြန်မာပြည်က ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့်ပါ။
ဒါပေမယ့် အလားအလာ အကောင်းဆုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုကို
ပေးမယ်ဆိုရင်တော့ ဦးသိန်းစိန်လည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဖြစ်သွားနိုင်ပါတယ်။”
ဒီနှစ်အတွက် ဆုရနိုင်ချေ
အရှိဆုံးလို့ သူ ခန့်မှန်းတာကတော့ ပါကစ္စတန်က အမျိုးသမီးတွေရဲ့ ပညာရေးအတွက်
တိုက်ပွဲဝင်သူ အစွန်းရောက်ဝါဒကို အန်တုတိုက်ခိုက်တဲ့ အသက် ၁၆ နှစ်အရွယ်
မာလာလာ ယူဆွဖ်ဆေးလို့ ပြောပါတယ်။
နောက်ထပ်နှစ်ယောက်ကတော့
ရုရှား လူ့အခွင့်အရေး လှုပ်ရှားသူ အစိုးရအတိုက်အခံ လိုက်ဒမိုက်လာ
အဲလက်ဇိုက်ဘာ၊ ရုရှားက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်
လစ်လီယာ ရှီဗာနိုဘာ တို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီနှစ် နိုဘယ်လ်ဆုအတွက်
စကားတင်စာရင်းမှာ ပါဝင်နေတယ်ဆိုပြီး နာမည်ထွက်နေသူတွေထဲမှာ အာဖဂန် နစ္စတန်က
အမျိုးသမီးဆရာဝန် ပထမဆုံး အမျိုးသမီး ၀န်ကြီး စီမာ ဆန်းမာ၊ အမေရိကန်
လူမျိုး အကြမ်းမဖက်နိုင်ငံရေး အန်တုမှု နည်းနာတွေကို စနစ်တကျ ဖော်ထုတ်ခဲ့သူ၊
အာရတ်နွေဦးလူထု လှုပ်ရှားမှု နည်းနာတွေရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့
ချီးကျူးခံရသူ ပါမောက္ခ ဂျင်းရှပ်၊ အိုင်ယာလန် ၀န်ကြီးချုပ်ဟောင်း မာရီ
ရိုဘင်ဆင်၊ လူမှု ကွန်ရက် ဖေ့ဘုတ်ခ်၊ အမေရိကန် ထောက်လှမ်းရေး
သတင်းအချက်တွေကို ဖော်ထုတ်ခဲ့တဲ့ အတ်ဒ၀ပ် စနိုးဒင်း၊ အမေရိကန် သမ္မတဟောင်း
ဘေးကလင်တန်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊
တီဘက်အရေးနဲ့ပတ်သက်လို့ တရုတ်အစိုးရ ပေါ်လစီတွေကို ဝေဖန်တဲ့ တရုတ်အတိုက်အခံ
ဟူဂျီယာတို့ ပါဝင်နေပါတယ်။
မြန်မာပြည်မှာ
ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ အသက် ၆၈ နှစ်အရွယ်
ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ သမ္မတ ဦးသိန်းစိန်ဟာ အများက ထင်မှတ်မထားတဲ့
ပြုပြင်ပြောင်းလဲရေးသမားတယောက်အနေနဲ့ ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက်တွေ၊
စစ်အစိုးရလက်အောက်မှာ ဆယ်စုနှစ် ၅ ခုစာလောက် ရှိခဲ့တဲ့ စီးပွားရေးကို
ပြုပြင်ပြောင်းလဲတဲ့ ဆောင်ရွက်ချက်တွေကြောင့် သတိနဲ့ ချီးမွှမ်းတာတွေကို
ခံရသူဖြစ်ပါတယ်။
အာရှမှာ ဒုတိယအဆင်းရဲဆုံး တိုင်းပြည်ဖြစ်တဲ့ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နေသူလည်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ကုလသမဂ္ဂ
မိန့်ခွန်းမှာ သမ္ဂတ ဦးသိန်းစိန်က မြန်မာပြည် ပြုပြင်ပြောင်းလဲမှုတွေ
နောက်ပြန်မလှည့်ဖို့ဆိုရင် တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး
လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့
အရပ်သားတပိုင်း အစိုးရအဖွဲ့ဟာ ၂၀၁၁ ခုနှစ် မတ်လမှာ အာဏာယူပြီး နှစ်ပေါင်း
၅၀ ကြာ တိုက်ရိုက် စစ်အုပ်ချုပ်ရေး စနစ်လည်း အဆုံးသတ်သွားပါတယ်။
အဲဒီနောက်ပိုင်း
မြန်မာပြည်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ မီဒီယာ လွတ်လပ်မှုနဲ့
အလုပ်သမား သမဂ္ဂတွေ တရားဝင်ဖွဲ့စည်းခွင့်တွေကို ခွင့်ပြုလာပါတယ်။
အမေရိကန် ပြည်ထောင်စုကလည်း
သမ္မတနဲ့ စီးပွားရေး ပြန်ဆက်ဆံလာပြီး ၂၀၁၁ ခုနှစ်မှာ နှစ်ပေါင်း ၅၀
ကျော်ကြာအတွင်း ပထမဆုံး အဖြစ် အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးကို
မြန်မာပြည် စေလွှတ်ခဲ့ပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုကိုတော့ အောက်တိုဘာ ၁၁ ရက်နေ့မှာ တရားဝင်ကြေညာဖို့ ရှိပါတယ်။
10 comments:
ရိုးသားပြီးအရောင်မပါတဲ့နိုဘယ်ဆုဆိုရင်
တော့ဦးသိန်းစိန်ကိုရစေချင်ပါတယ်
ငါတို့သမ္မတကြီးကိုငါတို့ပြည်ထောင်စုအ
တွက်ပဲဖြစ်စေချင်တယ်ဒါပါပဲ
1-WE LIKE OUR PRESIDENT U THEIN SEIN.
2-BEST WISHES FOR HIS GREAT SUCCESS
IN LESS THAN 32 MONTHS IN PUBLIC OFFICE.
3-WE LIKE TO REQUEST HIM TO LEAD OUR
COUNTRY AND OUR PEOPLE FOR NEXT TERM
AS A PRESIDENT OF MYANMAR NAING GAN DAW.
ထိုက်တန် ပါတယ်
သမ္မတခေါင်းထဲမှာ ပြည်သူတွေနဲ့ ပြည်သူတွေရဲ့နောင်မျိုးဆက်တွေကို ဘယ်လိုစောင့်ရှောက်မယ်ဆိုတာဘဲရှိတယ် သူရဲ့ရုတ်တရက်အိုစာသွားတဲ့ပုံကိုကြည့်ချင်းဖြင့်သိနိုင်တယ်
သမ္မတထပ်ဖြစ်ချင်တယ်ဆိုတာလဲရှိပုံမပေါ်ဘူး ထုတ်လဲမပြောဘူး
အမှန်တကယ်တော့ သူဘဲဖြစ်သင့်တာ နိုင်ငံအတွင်း၁၄နေရာပုံစံမျိုးစုံနဲ့ ဟိုအစွန်းကနေရာကပိုဆိုးသေးတယ် ဘယ်သူသူလိုဖြေရှင်းနိုင်သလဲ ဘာမှမက်မောခြင်းရှိပုံမပေါ်ဘူး
သူနိုဘဲလ်ဆုရရင် သူထက်ဝမ်းသာသူက ကျုပ်ဘဲဖြစ်မှာ
ရောင်စုံကာလာကြားမှတကိုယ်တော်ကျုပ်
ရပါစေ
ပြည်သူ့ အသံကိုနားထောင်တယ်ပြည်သူလူထုကိုဂရုစိုက်တယ်
ပြည်သူတွေကိုအလေးထားတယ်ကျန်းမာရေးမကောင်းလဲတိုင်းပြည်အတွတ်အလုပ်တွေလုပ်ပေးနေတယ်အဘကိုသမီးတို့ ပြည်သူ
တွေကအရောင်မပါတဲ့ချစ်ခင်လေးစားမှုတွေပေးထားပြီးသားပါ။
သမီးလဲနှလုံးသိတ်မကောင်းပါဘူးအဘရယ်ဘာလုပ်လုပ်အရမ်း
မောတယ်၊အဘအလုပ်တွေလုပ်နေတာမြင်နေရတော့ကိုယ်ချင်း
စာသနားမိပါတယ်၊အဘကျန်းမာနေပါစေလို့ ဆုတောင်းပါတယ်။
အဘ အသက်ရှည်ပါစေ
နိုင်ငံတကာ စစ်ခုံရုံ တင်ဖို့စာရင်းထဲပါစေ
our national leader, must win.....must success....
ပေးလဲမယူပါနဲ့ ယူပြီရင်ပြသနာတွေကိုကိုငင်တွယ်ရတာ မကောင်းဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်