Subscribe to our RSS Feed

ပြည်ထောင်စု လွှတ်တော် နာယက ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ အပြည်ပြည်ဆိုင် ရာ ပါလီမန်များ သမဂ္ဂညီလာခံ (IPU) နှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ထွက်ခွာ

From : .. MWD



ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပမည့် (၁၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပါလီမန်များ သမဂ္ဂညီလာခံ (IPU) (129th Assembly of the Inter-Parliamentary Union) နှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် လွှတ်တော်ရုံး တို့မှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ H.E. Mr. Christoph Burgener တို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

ပြည်ထောင်စု လွှတ်တော် နာယက နှင့်အတူ ပြည်ထောင်စုလွှတ်တော် (IPU) ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမြဦး၊ ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် တာဝန်ရှိသူများ လိုက်ပါသွား ကြကြောင်း သတင်း ရရှိသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်