From :
.. Kachin Duwa
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ အချိန်ကာလ နီးကပ်လာချိန်မှာပဲ တိုင်းရင်းဒေသတွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်နေခဲ့ရာက မေလ ၂၃ရက်နေ့ စနေနေ့မှာတော့ ကချင်ပြည်နယ်ကို ရောက်ရှိလာခဲ့ပါတယ်။
ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့ကို စနေ မနက်ပိုင်းက ရောက်ရှိခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံကချင်ပြည်သူလူထုက တိုင်းရင်းရိုးရာဝတ်စုံပြည့်တွေ ဝတ်ဆင်ပြီး မိုးရေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး မိန့်ခွန်းရှည်ကို တစ်နာရီကျော်ကြာ နားထောင်ခဲ့ရပါတယ်။
မိုးရေထဲမှ ကချင်တိုင်းရင်းသားများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အမိုးအောက် စင်ပေါ်မှ မိန့်ခွန်းပြောခဲ့ပြီး ကပြဖျော်ဖျေသူများကိုလည်း စင်ပေါ်တက်ခွင့်မပေးဘဲ စင်အောက်တွင် ကခိုင်းကာ ဒေါ်အောင်ဆန်းစုကြည်မှ စင်ပေါ်မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။
.
. https://www.facebook.com/MyanmarExpress

2 comments:
အမေကဖျားနေအုံးမယ်နော်.....အောက်ကကချင်မလေးတွေ ကချင်ကောင်လေးတွေက မဖျားနာတက်ဘူး....သူတို့က ရိုးနေပြီလေ.......မိုး/လေဆိုတာကိုပေါ့.....
ဒေါစုမှမဟုတ် ဘယ်ကောင်အာဏာရရ နိုင်ငံကိုပြု ပြင် ပြောင်းလဲ ဖို့က ဝေးနေ အုံးမှာပါ အခွင့်အရေးနဲ့လုပ်စားမယ့်ကောင် ၊အထက်ဖား အောက်ဖိမယ့်ကောင် ၊ ဂိတ်တွေမှာမှတ်ပုံတင်စစ် မပါရင် မုဒိမ်းကျင့် ဖို့ချောင်းနေတဲ့ကောင် ၊
လက်ဖက်ရည်ဆိုင် မှာ ဆေးလိပ်တဖွာဖွာ ကွမ်းသွေးတစ်ပြစ်ပြစ် နဲ့ ဟိုနိုင်ငံမကောင်းလို့ ဒီနိုင်ငံ မကောင်းလို့ ပြောနေတယ့်ကောင် ၊ဖေ့ဘုက် မှာ ကြောင် မယ် ကြောင်လို့မရရင် နည်းမျိုးစုံ နဲ့ ဖုန်းနံပါတ်ရအောင်စုံစမ်းပြီးporn site တင်မယ့်ကောင် ၊ဂလိုကောင်တွေချည်ပဲ ဟူးးးးးးး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်