Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၀ါရှင်တန်သို့ သမိုင်းဝင် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်

From : ..eleven

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေလနှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စု မြို့တော် ၀ါရှင်တန်သို့ သမိုင်းဝင်ခရီးစဉ် သွားရောက်လည်ပတ်ရန် စီစဉ်နေကြောင်း အမေရိကန် ကွန်ဂရက်မှ အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ခုက အေအက်ဖ်ပီသို့ မေလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ရာစုနှစ် တစ်ဝက်ခန့်အတွင်း အမေရိကန်သို့ သွားရောက်လည်ပတ်သည့် ပထမဆုံး မြန်မာခေါင်းဆောင် ဖြစ်လာမည့် သမ္မတ ဦးသိန်းစိန်သည် မေ ၂၀ ရက် သို့မဟုတ် မေ ၂၁ ရက်ခန့်တွင် သွားရောက်လည်ပတ်ရန် စီစဉ်နေကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန် သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံမည့် အစီအစဉ်လည်း ပါဝင်သည်။ အမေရိကန် အစိုးရအဖွဲ့ တာဝန်ရှိသူများက လောလောဆယ်တွင် ယင်းခရီးစဉ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး မူဝါဒတွင် နောက်ထပ် အပြောင်းအလဲ တစ်ရပ်အနေဖြင့် အမေရိကန်က မြန်မာခေါင်းဆောင်များ နှစ်သက်သည့် အသုံးအနှုန်းဖြစ်သော 'မြန်မာ' ကိုသုံးစွဲရန် စဉ်းစားနေကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ လန်ဒန်ဂျွန်ဆင်၏ ဖိတ်ကြားချက်ဖြင့် မြန်မာခေါင်းဆောင် ဦးနေ၀င်းသည်၁၉၆၆ ခုနှစ်က ၀ါရှင်တန်သို့ သွားရောက်လည်ပတ်ခဲ့ပြီး နောက်ပိုင်း ယခု ခရီးစဉ်သည် မြန်မာခေါင်းဆောင် တစ်ဦးအတွက် ပထမဆုံး ၀ါရှင်တန် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန်အတွက် အမေရိကန်သို့ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ အတွင်းက သွားရောက်လည်ပတ်ခဲ့ဖူးပြီး နယူးယောက်တွင်သာ အစည်းအဝေးများ တက်ရောက်ခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားပေးသည့် အနေဖြင့် ယမန်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတကြီးဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

.. www.MyanmarExpress.net
 

မြန်မာနှင့်စင်ကာပူ နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

From : ..eleven

မြန်မာနှင့် စင်ကာပူ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E.Dr.Ng Eng Hen နှင့် မြန်မာခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။          

ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E.Dr.Ng Eng Hen ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ မေ ၂ ရက်၊ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရုံးဧည့်ခန်းမတွင် တွေ့ဆုံကာ နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။      

ထို့ပြင် လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူ ကာကွယ်ရေး ၀န်ကြီးနှင့် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

.. www.MyanmarExpress.net
 

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြား

From : ..7day



နှစ်နိုင်ငံသဘောတူညီမှုဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီ ၁၂ ခုအား ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်း ဆိုင်းငံ့ထားရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ညွှန်ကြားလိုက်သည်။

နှစ်နိုင်ငံနားလည်မှု စာချွန်လွှာဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီများအနေဖြင့် စေလွှတ်ပြီး အလုပ်သမားများအား အမှန်တကယ် ကာကွယ်စောင့်ရှောက်ပေးနေခြင်း ဟုတ်၊ မဟုတ် စိစစ်ဆောင်ရွက်နေသော ကာလအတွင်း အေဂျင်စီများမှ အလုပ်ခေါ်စာများ တင်ပြလာခြင်းကို ဆိုင်းငံ့ထားရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“MOU နဲ့ ပို့တဲ့ လုပ်သားတော်တော်များများက အဆင်မပြေဘူး ဖြစ်နေတယ်။ တော်တော်များများ ပွဲစားအဆင့်ဆင့်ခံထားတဲ့အတွက် ကုန်ကျစရိတ်များတယ်။ အလုပ်ကလည်း ပြောထားသလိုမဖြစ်တာ များတယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေးကွန်ရက် မြန်မာပြည်တာဝန်ခံ ကိုကျော်ဇော်လင်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှ MOU စနစ်ဖြင့် စေလွှတ်နေသော အေဂျင်စီအများစုမှာ ထိုင်းနိုင်ငံမှ အလုပ်ရှင်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသူ အလွန်နည်းပါးပြီး ပွဲစားများမှတစ်ဆင့် စေလွှတ်နေသဖြင့် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာပါက ဖြေရှင်းမပေးနိုင်ကြကြောင်းလည်း ကိုကျော်ဇော်လင်းက ဆိုသည်။

သက်ဆိုင်ရာက ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ပြုထားသော အေဂျင်စီ ၆၀ ရှိသော်လည်း ယခုရပ်ဆိုင်းခြင်းခံထားရသော ကုမ္ပဏီ ၁၂ ခုကသာ အများဆုံး ပို့ဆောင်နေရကြောင်း သတင်းရရှိသည်။ နှစ်နိုင်ငံသဘောတူညီမှုစနစ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် မြန်မာကျပ်ငွေတစ်သိန်းနှင့်ဘတ်ငွေတစ်သောင်းသာ အကျိုးဆောင်ခယူရန် သတ်မှတ်ထားသည်။

နှစ်နိုင်ငံသဘောတူညီမှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာမှစ၍ အေဂျင်စီ ၆၂ ခုအား နယ်စပ်စခန်း သုံးခုဖြစ်သော မြ၀တီ၊ ကော့သောင်းနှင့် တာချီလိတ် စခန်းများမှ အလုပ်သမား စေလွှတ်ခွင့်ပြုခဲ့ပြီး ၂၀၁၃ ဖေဖော်ဝါရီလလယ်ထိ အလုပ်သမား ၅၁၃၈၀ ဦး စေလွှတ်နိုင်ခဲ့သည်။


 .. www.MyanmarExpress.net
 

သမ္မတ ဦးသိန်းစိန် ဝါရှင်တန်ကို လာမည်

From : ..rfa


မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်ကို မေလ ၂ဝ ရက်နေ့ဝန်းကျင်အတွင်း လာရောက်လည်ပတ်မယ်လို့ နိုင်ငံခြားသတင်းဌာနအချို့က ပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဌာနနဲ့ နီးစပ်သူတစ်ဦးကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းတို့အပြင် တခြားထိပ်တန်းခေါင်ဆောင်တွေလိုက်ပါပြီး ဝါရှင်တန်ဒီစီကို မေလ ၁၈ ရက်နေ့ ရောက်ရှိမှာဖြစ်ကြောင်းနဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အဖွဲ့ကို သွားရောက်ကြိဆိုပြီး အမေရိကန်ပြည်ထောင်စုကို ခေါ်ဆောင်လာဖို့အတွက် ဝါရှင်တန်မှာရှိတဲ့ မြန်မာသံအမတ်ကြီး ဦးသန်းဆွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကပဲ နေပြည်တော်ကို ထွက်ခွာသွားကြောင်း RFA ကို ပြောဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ဝါရှင်တန် ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတအိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်းသိရပါတယ်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက သွားရောက်ခဲ့ပြီးနောက် အခုလို သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ခရီးစဉ်ပေါ်ထွက်လာတာဖြစ်ပါတယ်။

အမေရိကန်လွှတ်တော် အသိုင်းအဝန်းကရတဲ့ သတင်းအရဆိုရင်တော့ သမ္မတဦးသိန်းစိန် ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေစဉ်အတွင်း အမေရိကန်အစိုးရက မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma ဘားမားလို့ ခေါ်ဆိုနေရာကနေ မြန်မာအစိုးရခေါင်းဆောင်တွေ လိုလားတဲ့အတိုင်း မြန်မာလို့ပြောင်းလဲခေါ်ဝေါ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မြန်မာအစိုးရ ထိပ်သီးခေါင်းဆောင်တွေထဲက ဗိုလ်ချုပ်ကြီးနေဝင်းဟာ အမေရိကန်သမ္မတ Lyndon B. Johnson လင်ဒန်ဘီဂျွန်ဆင်ရဲ့ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့တော်ကို ၁၉၆၆ ခုနှစ်က လာရောက်ဖူးပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို လာရောက်ခဲ့ပေမယ့် ကုလသမဂ္ဂညီလာခံကို တက်ရောက်ဖို့မျှဖြစ်ပြီး တခြားဒေသတွေကို သွားရောက်ခဲ့ခြင်းမရှိပါဖူး။ ဒါကြောင့် အခုခရီးစဉ်ဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်ဆုံးခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီ မြို့တော်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

.. www.MyanmarExpress.net
 

ဥက္ကံ ပဋိပက္ခကြောင့် တိုက်ကြီးမြို့နယ်တစ်ခုလုံး ညမထွက်ရ အမိန့်ထုတ်

From : ..the voice

ရန်ကုန်မြို့တော်နှင့် ၆၄ မိုင်အကွာ တွင် တည်ရှိသော ဥက္ကံမြို့တွင် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည့်အတွက် တိုက်ကြီးမြို့နယ် တစ်ခုလုံးကို မေလ၂ရက်နေ့တွင် ညနေ ၅ နာရီ မှ နံနက် ၅ နာရီထိ အပြင်မထွက်ရ ဒေသန္တရ အမိန့်ပုဒ်မ ၁၈၈ ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် ရဲစခန်းက အတည်ပြုပြောကြားသည်။
"ခုလော်စပီကာနဲ့ ရပ်ကွက်တွေထဲမှာ လိုက်ကြေညာနေတယ်။ တစ်မြို့နယ်လုံးက သက်ဆိုင်ရာ ရပ်ကွက်တွေမှာ လော်စပီကာနဲ့ လိုက်အော်နေတယ်။ ဆူညံ့နေတာပဲ" ဟု အနော်ရထာ ရပ်ကွက်တွင်နေထိုင်သော ကျောင်းဆရာဟောင်းတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့တွင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဆွမ်းခံနေသော အသက် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါးကို မဝင်းဝင်းစိန်ဆိုသူ အမျိုးသမီးတစ်ဦးက
တိုက်မိပြီး သပိတ်အဖုံး ကျကွဲရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး အိမ်အလုံး တစ်ရာ့သုံးဆယ် ဖျက်ဆီးခံရကြောင်း ဒေသခံများနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ကိုရင်လေး၏ ဆွမ်းခံသပိတ်အဖုံး ပြုတ်ကျကွဲသွားသဖြင့် အလျော်တောင်းစဉ် အလျော်မပေးဘဲ အချင်းများကြရာ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင်က မဝင်းဝင်းစိန်ကို အရေးယူပေးရန် တိုင်ကြား၍ ဥက္ကံရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူခဲ့
သော်လည်း ယင်းဖြစ်ရပ်ကို မကျေနပ်သည့် ဒေသခံပြည်သူ ၂၀၀ ခန့်က မွန်းလွဲ ၁ နာရီ ဝန်းကျင်တွင် အနော်ရထာရပ်ကွက်ရှိ ဈေးဆိုင်ခန်းများ၊ ဘာသာရေး အဆောက်အအုံ၊ ဈေးဆိုင်များ၊ နေအိမ်များကို စတင် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အကြမ်းဖက်သူများက ဆိုင်ခန်းများကို ဖျက်ဆီးနေစဉ် ဥက္ကံဈေးအနီး ပြည်တန်းလမ်းရှိ အစ္စလာမ်ဘာသာဝင် တစ်ဦး၏ နေအိမ်တစ်လုံးတွင် ဓာတ်ဆီအနံ့များ ထွက်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင် များနှင့်အတူ ရပ်ကွက်တာဝန်ရှိသူ များကသွားရောက်ခဲ့ရာ ယင်းအိမ်တွင် ငါးဂါလန်ဆံ့ ဓာတ်ဆီပုံး မှောက်နေပြီး အဆိုပါအိမ်မှ မိသားစုဝင်များ က အိမ်ကိုသော့ခတ်ကာ တိမ်းရှောင်နေကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ညွှန့်က ပြောကြားသည်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင် များက ဥက္ကံမြို့ပေါ်တွင် ထိန်းချုပ်နိုင်ပြီဟု ညနေ ၃ နာရီ ခန့်တွင် သတင်းထုတ်ပြန် ခဲ့သော်လည်း ညနေ ၄ နာရီ နောက်ပိုင်းတွင် ဥက္ကံမြို့အနီးရှိ အစ္စလာမ်ဘာသာဝင်များ အများဆုံး နေထိုင်သော ရတနာကုန်းကျေးရွာ၊ ပနီပင် ကျေးရွာ၊ ခြောက်သဲကျေးရွာနှင့် သဲကုန်း ကျေးရွာတို့တွင် လူနေအိမ်ခြေ ၁၀၀ နီးပါး ဖျက်ဆီးမီးရှို့ခံရမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း အဆိုပါကျေးရွာများသို့ ရောက်ရှိနေသူ သတင်းထောက်များက ပြောကြားသည်။

ပဋိပက္ခဖြစ်စဉ်ကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့ အနက် နှစ်ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်း မှတ်တမ်းများနှင့် ပြင်းထန်လူနာ များကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပေးခဲ့သူ ဦးသန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

အကြမ်းဖက် ဖျက်ဆီးမှုများတွင် သံသယရှိသည့် ပနီပင်ကျေးရွာမှ (၁၅)ဦး နှင့် ဥက္ကံမြို့မှ သုံးဦး စုစုပေါင်း ၁၈ ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀၊ ၃၀၂၊ ၄၂၇/ ၁၁၄နှင့် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဒုတိုင်းရဲတပ်ဖွဲမှူး ဒုတိယ ရဲမှူးကြီးသက်လွင်က ပြောကြားသည်။


.. www.MyanmarExpress.net
 

Facebook သုံးသည့် စစ်ဗိုလ် သုံးဦး ထုတ်ပယ်ခံရ



Facebook သုံးသည့် စစ်ဗိုလ် သုံးဦး  အား သက်ဆိုင်ရာက တာဝန်မှ ရပ်စဲလိုက် သည်။ ၎င်းတို့သည် Facebook စာမျက် နှာပေါ်၌ ၎င်းတို့ ယနေ့ ဘယ်သွားကြောင်း၊ ဘာလုပ်ကြောင်း၊ ဘာစားကြောင်း၊ ဘယ်သူတွေနဲ့တွေ့ကြောင်း စသည်တို့ကို မလိုအပ်ပဲ ရေးသားဖော်ပြခဲ့ခြင်းကြောင့် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း  သက်ဆိုင်ရာမှ ကြာသပတေး နေ့က ပြောကြား လိုက်သည်။

စစ်ဘက်ရေးရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ စစ်ဗိုလ် သုံးဦးအား စည်း ကမ်း ဖောက်ဖျက်မှု အတွက် အရေးယူ ရန်တောင်းဆိုခဲ့သည်။ ၎င်းင်းတို့၏ ထုတ်ပယ်ခံရမှုကို ဆက်လက် လုပ်ဆောင် လျက်ရှိ ပြီး ၎င်း တို့ ၏ အနာဂတ်ကို မသိရသေးပေ။

 ဤအရေးယူ မှုမှာ အိန္ဒိယရေတပ် တွင် စည်းကမ်းထိန်းသိမ်းရေးအတွက် ပထမဆုံးဖြစ်သည်။ အမေရိကန် နှင့် ဗြိတိန်စစ်သားများကိုလည်း အာဖဂန် နှင့် အီရတ် တိုက်ပွဲကာလတွင်းကစ၍ Facebook မသုံးရန် စည်းကမ်းထုတ်ခဲ့ဖူးပြီး မြန်မာစစ်တပ်တွင်လည်း အလားတူ စည်းကမ်းထုတ်ထားကြောင်း သိရသည်။


.. www.MyanmarExpress.net
 

ဘန်ကောက်ပိုစ့် မှ တဆင့် ကမ္ဘာအထိ ပေါက်တဲ့ Myanmar Express သတင်း


 ဘန်ကောက်ပိုစ့် သတင်းစာ၏ အင်္ဂလိပ်ပိုင်း တွင်ဖော်ပြခဲ့သည့် ME နှင့် OE (Myanmar Express နှင့် Oppositeye) တို့၏ သတင်းသည် တကမ္ဘာလုံးသို့ပျံ့နှံ့ပြီး ကမ္ဘာအနှံမှ စိတ်ဝင်စားလျှက်ရှိကြောင်း သတင်းရရှိသည်။ Bangkokpost သတင်းစာ၏ ဖော်ပြချက်တွင် ME နှင့် OE တို့ မှ  ဗုဒ္ဓဘာသာဝင်တို့ဖက်မှ ရပ်တည်ရေးသားနေကြောင်း အသားပေးဖော်ပြထားသည်။ ဘန်ကောက်ပိုစ့်၏ ဖော်ပြမှုကြောင့် Myanmar Express အယ်ဒီတာထံသို့ ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာ မြတ်နိုးသူများနှင့် မွတ်ဆလင်အကြမ်းဖက်ဝါဒကို မုန်းတီးသူအများအပြားမှ လာရောက်ဆက်သွယ်ခဲ့ကြပြီး အထောက်အပံ့၊ အကူအညီများ ပေးရန် ကမ်းလှမ်းခဲ့ကြသည်မှာ ယနေ့ဆိုလျှင် အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်ပေါင်း ၁၃၃ ဦး ရှိပြီဖြစ်သည်။ 

ဘန်ကောက်ပိုစ့်၏ ရေးသားချက် အပြည့်အစုံကို http://www.bangkokpost.com/news/investigation/346263/stirring-up-hatred-through-social-media တွင် ဖတ်ရှုနိုင်ပြီး  အချို့ကို ကောက်နှုတ်တင်ပြရလျှင်

  မကြာမီက လွတ်လပ်ခွင့်ရလာသော မြန်မာနိုင်ငံ၏ အင်တာနက်မှ ၀က်ဆိုက်နှင့် လူမှုကွန်ယက် စာမျက်နှာများတွင် ယခုအခါ ၀ါဒဖြန့်ချီရေးက ရှောင်မလွတ်နိုင်အောင် ဖြစ်လာနေသည်။ တပ်မတော်ကို ထောက်ခံခြင်း သို့မဟုတ် မူဆလင်များကို အလုံးစုံဆန့်ကျင်ခြင်း၊ မီဒီယာများကို တိုက်ခိုက်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုဝေဖန်ခြင်းတို့က Facebook စာမျက်နှာများနှင့် ဘလော့ဂ်များပေါ်တွင်ပြည့်နှက်နေသည်။ (ခွန်ဒီးယမ်၊ ဒီမိုဖက်တီး နှင့် ဒေါ်စုအား ဝေဖန်သူမှန်သမျှ မျက်စိမှိတ်ဆဲနေသူများကို ဆိုလိုတာဖြစ်နိုင်သည်)

 ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ခံရစဉ်အတွင်း ကလေးတယောက်မွေးခဲ့သည် ဆိုသောသတင်းမျိုးသည်လည်း ထိုအထဲတွင် တခု အပါအ၀င်ဖြစ်သည်။

လူသိများသော ၀က်ဆိုက်တခုမှာ Myanmarexpress.net ဖြစ်ပြီး ၎င်းကို ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချိန်မှ လွတ်မြောက်လာသည်နှင့် မရှေးမနှောင်းမှာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။  ထိုဝက်ဆိုက်အား စတင် ဖန်တီးခဲ့ချိန်မှစ၍ အကြိမ်ရေ ၂၂သန်းကျော် ၀င်ရောက်ကြည့်ရှုမှု ရှိခဲ့သည်။

စိုင်းသိန်းဝင်းသည် စစ်တပ်မှ ဗိုလ်မှူးဟောင်းတယောက်ဖြစ်ပြီး အစိုးရ၏ သံသယဖြစ်ဖွယ်ရာ နျူကလီးယားလက်နက် အစီအမံများကို ကမ္ဘာသိအောင် ဖွင့်ဟထုတ်ဖေါ်ပြော၍ ၂၀၁၀ တွင် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့သူဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံ၌ နေထိုင်သော စိုင်းသိန်းဝင်းက ၂၀၁၁ က သူ၏ အီးမေးလ်ကို ဖောက်ထွင်းဝင်ရောက်ခံလိုက်ရပြီးနောက် သူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို Myanmarexpress.net တွင် ဖော်ပြထားသည်ကို တွေ့ရကြောင်း ပြောသည်။

သူ၏ နည်းပညာ ကျွမ်းကျင်မှုကို အသုံးပြု၍ ဖောက်ထွင်းဝင်ရောက်သူကို ခြေရာခံထောက်လှမ်းခဲ့ရာ စစ်ဖက်က လူတယောက် ဖြစ်နေသည်ကို တွေ့ရကြောင်း စိုင်းသိန်းဝင်းကပြောသည်။

“အဲဒီလူက ရုရှားမှာ ကျောင်းတက်သွားတဲ့ စစ်တပ် အရာရှိတယောက်ပါ၊ မြန်မာနိုင်ငံကနေ သူ အသုံးပြုတဲ့ IP လိပ်စာကိုပါ ကျနော်ပြောပြနိုင်ပါတယ်” ဟု သူကဆိုသည်။  


(ရုရှားမှာ ကျောင်းတက်နေတယ်ဆိုပြီး မြန်မာနိုင်ငံကနေ အင်တာနက် သုံးနေကြောင်း ဖော်ထုတ်နိုင်သည့် စိုင်းသိန်းဝင်း၏ နည်းပညာ ညံ့ဖျင်းမှုကို ကမ္ဘာက သိရှိစေခဲ့သည်)

မြန်မာနိုင်ငံ အနောက်ဖက် ဝေးလံခေါင်ဖျားသော ကျောက်နီမော်ရွာတွင် ရခိုင်အမျိုးသမီးတယောက်ကို မူဆလင်ယောင်္ကျားတစုက အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်လိုက်သော မှုခင်းတခု ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ အစိုးရဖက်က တရားဝင် သတင်းမထုတ်ပြန်မှီ အချိန်များစွာစောပြီး မရေတွက်နိုင်သော ၀က်ဆိုက်များတွင် ထိုသတင်းကို ဖော်ပြနေကြပြီဖြစ်သည်။


အင်တာနက်ပေါ်မှ ရန်ဘက်များနှင့် အတူယှဉ်တွဲကာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးဝီရသူကလည်း သူ၏ မူဆလင် ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများကို မြှင့်တင်ဆောင်ရွက်ရန် စိတ်အားထက်သန်လာသည်။ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်မှုဖြင့် ၂၀၀၃ ခုနှစ်က ဖမ်းဆီးခြင်းခံခဲ့ရသော ဦးဝီရသူသည် ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဦးဝီရသူသည် လတ်တလော ခေတ်စားနေသည့် ၉၆၉ လှုပ်ရှားမှုကို ဖန်တီးသူလည်းဖြစ်သည်။ ၉၆၉ ဆိုသည့် ကိန်းဂဏန်းများသည် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာကို ကိုယ်စားပြုကြောင်း သူကပြောသည်။

ပို၍အရေးကြီးသောအချက်မှာ မြန်မာနိုင်ငံတွင်းရှိ မူဆလင်အသိုင်းအ၀ိုင်းက သုံးစွဲသော ၇၈၆ ဆိုသည့် သင်္ကေတကို တုန့်ပြန်ရန်ဖြစ်သည်ဟု သူကဆိုသည်။

ယခုနှစ်ဆန်းပိုင်းတွင် မွန်ပြည်နယ်မှ ဗုဒ္ဓဘာသာ ဘုန်းကြီးအချို့သည် ၉၆၉ ခေါင်းစီးအောက်တွင် မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆောင်ရွက်ရန် စုစည်းခဲ့ကြသည်။ ဘာသာရေးဆိုင်ရာ ဟောပြောချက်များ၊ DVD ချပ်များနှင့် စတစ်ကာများကို အသုံးပြု၍ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓဘာသာဆိုင်များတွင်သာ ဈေးဝယ်ကြရန်၊ ဗုဒ္ဓဘာသာဝင်ချင်းသာ လက်ထပ်ထိမ်းမြားကြရန်၊ ဗုဒ္ဓဘာသာချင်းသာ ကူညီထောက်ပံ့ပေးကြရန် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။

အစိုးရက ၉၆၉ လှုပ်ရှားမှုကို ဥပေက္ခာပြုခဲ့သည့်အတွက် အံ့သြမိကြောင်းနှင့် ရန်လိုသော အသွင်ဆောင်သည့် လှုပ်ရှားမှုကို တုန့်ပြန်ရန် ဆန္ဒရှိပုံမရကြောင်း ၂၀၀၇ ရွေဝါရောင် ဆန္ဒပြပွဲခေါင်းဆောင် ဦးအာစရိယက ပြောသည်။




(၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲခေါင်းဆောင် ဘုန်းကြီး
ဦးအာစရိယ ၏ ဗုဒ္ဓဘာသာ ထက် မွတ်ဆလင်ဘာသာအပေါ် ဘက်လိုက်ကာကွယ်ပြောဆိုခြင်းကြောင့် ၂၀၀၇ တွင် ဆန္ဒပြခဲ့သော ဘုန်းကြီးများသည် ဗုဒ္ဓဘာသာထက် မွတ်ဆလင်ဘာသာကို ပိုမြတ်နိုးသော ဘုန်းကြီးများဖြစ်ကြောင်း၊ ပြည်တွင်းရှိ အခြား ဝါတော်ရင့် ဘုန်းကြီးများနှင့် ရွေဝါရောင်ဘုန်းကြီးတို့မှာ တသားတည်းမရှိကြောင်း ကမ္ဘာက သိရှိစေခဲ့သည်)

"မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုကိုကျတော့ ဘာဖြစ်လို့ အရေးမယူတာလဲ” ဟု ရွေဝါရောင်တော်လှန်ရေး ဆန္ဒပြဘုန်းကြီး ဦးအာစရိယက မေးခွန်းထုတ်ထားသည်။

လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆန့်ကျင်သည့် ကို ၉၆၉ လှုပ်ရှားမှု၏ အတွေးအမြင်များပါဝင်သည့် ဟောပြောချက်များ၊ DVD ချပ်များကို အင်တာနက်ဝက်ဆိုက်များမှ နေ၍ ကူညီ ပျံ့နှံ့စေခဲ့ကြောင်း ဦးအာစရိယက ပြောသည်။

မိတ္ထီလာတွင် ဖြစ်ခဲ့သောဖြစ်ရပ်များသည် ပထမဆုံး ဟုမဆိုနိုင်ပါ။ ၁၉၈၈ အရေးအခင်းမှ ဆူပူမှုများ၊ ၂၀၀၇ ဆူပူဆန္ဒပြမှုများ၊ လျှက်စစ်မီးရရှိရေး ဆန္ဒပြပွဲများ၊ မြေယာမြေ ဆန္ဒပြပွဲများ၊ မြစ်ဆုံဆန္ဒပြပွဲများ နှင့် ယနေ့လက်ရှိ လက်ပံတောင်းတောင် ဆန္ဒပြပွဲများနောက်တွင် မီးလောင်ရာ လေပင့်လျှက်ရှိများအား  အစိုးရက ပြစ်မှုများအတွက် တရားဥပဒေအရ အရေးမယူနိုင်သေးခြင်းသည် နောက်ပြန်မလှည့်ဘူးဟူသည့် စကားအား သံသယဖြစ်စေပါသည်။


ဘန်ကောက်ပိုစ့်မှ ဝေဖန်ထားသည့်  ၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ- 

အစိုးရရဲ့အောင်မြင်မှုကို လက်မခံနိုင်သည့် NLD ကဲ့သို့သော အတိုက်အခံပါတီဝင်များ 17 (43%)
စာမတတ်၊ ကျောင်းမတတ်သည့် ၈၈ ကျောင်းသားကြီးများ 20 (51%)
အားတိုင်းဖွဲ့နေကြသည့် ၁၀ ယောက်တစ်ဖွဲ့ ကွန်ယက်များ 19 (48%)
 ခေါင်းစဉ်ပေါင်းစုံဖြင့် သမဂ္ဂများ 13 (33%)
ဧရာဝတီ, မဇ္ဈိမ, BBC, VOA, DVB, RFA စသော ပြည်ပအထောက်အပံ့စား မီဒီယာများ 24 (61%)
 Eleven, The Voice, The Ladies စသော အတင်းအဖျင်းမီဒီယာများ 13 (33%)
သစ်ထူးလွင်, FNG, ဒေါက်တာလွဏ်းဆွေ စသော အတင်းဖွ blog များ 13 (33%)
ဒီမိုဖက်တီး, ခွန်ဒီးယမ် စသော နားတဖက်ပိတ် ဝါဒဖြန့် facebook များ 19 (48%)
မိုးသီးဇွန်း, ခင်ဥမ္မာ, ဝေနှင်းပွင့်သုန် စသော ပြည်ပရောက် ကြေးစား အတိုက်အခံများ 27 (69%)



.. www.MyanmarExpress.net
 

မြန်ပြည်သူ အချို့မှ အိုဘားမားကို အားကိုး လေးစား ကြသော်လည်း မြန်မာလူထုအပေါ် ဒဏ်ခတ်မှုသက်တမ်းတိုးဖို့ အိုးဘားမား လိုလား

From : ..voa

မြန်ပြည်သူ အချို့မှ အိုဘားမားကို အားကိုး လေးစား ကြသော်လည်း မြန်မာလူထု အပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အိုးဘားမား လိုလားကြောင်း လွှတ်တော် ၂ ရပ် ကို အကြောင်းကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သိသာတဲ့တိုးတက်မှုတွေ ရှိနေပြီး၊ ပြုပြင်ပြောင်းလဲရေးအတွက် အားထုတ်ဆောင်ရွက်နေခြင်းသည် မြန်မာတိုင်းရင်းသားလူထု အတွက် ကောင်းမွန်သော်လည်း  အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အပေါ်မှာ အန္တရာယ်ရှိနေသည့်အတွက် အမျိုးသား အရေးပေါ် အက်ဥပဒေကို သမ္မတ ဘရက်အိုဘားမားက ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြား လိုက်တာပါ။


ထုံးစံအတိုင်းပင်  အမေရိကန်အထောက်အပံ့စားနေသည့် အမေရိကန်အခြေစိုက် မြန်မာအရေးလှုပ်ရှားသူများ USCB က  အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်  ဒီလုပ်ရပ်အပေါ်  က ၀မ်းမြောက်ကြိုဆိုတဲ့ အကြောင်း ပြောကြားခဲ့သည်။။

 အမေရိကန် နှင့် ဥရောပခရီးစဉ်တွင်
သမ္မတကြီးဦးသိန်းစိန်၏ လူသိရှင်ကြား တောင်းဆိုခဲ့မှုကြောင့် ဥရောပ နိုင်ငံအားလုံးမှ မြန်မာပြည်သူအားလုံးအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းခဲ့သည့်အပြင် စီးပွားရေးဆိုင်ရာ အထူးအခွင့်အရေးများ ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း အိုဘားမား ကတော့ အမေရိကန် လုံခြုံရေးကြောင့် ဟု အကြောင်းပြကာ ယခုကဲ့သို့ ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်လုံခြုံရေးကို ထိခိုက်နိုင်စရာ မြန်မာစစ်တပ်သည် အမေရိကန်ကို ရန်စခဲ့ခြင်း တစ်ကြိမ်မှ မရှိခဲ့ဖူးသလို မြန်မာသူပုန်တို့ကလည်း အမေရိကန်တွင် အကြမ်းဖက် ဗုံးခွဲခဲ့ကြခြင်း တစ်ခါမှ မရှိဖူးခဲ့ခြေ။

အိုဘားမား၏ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းနှင့် ပတ်သက်၍ မြန်မာလူမှုဘဝ ဖွံ့ဖြိုးစေလိုသူများ၊ မြန်မာပြည်သူတို့ စားဝတ်နေရေး အလွန်အဆင်ပြေစေလိုသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် လူထုဖက်မှ ရပ်တည်သည်ဆိုသည့် ပြည်တွင်း မီဒီယာ သမားများမှ တစုံတရာ ကန့်ကွက်ကြခြင်း မရှိခြေ။

.. www.MyanmarExpress.net
 

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအား ၀င်ငွေနည်း ပြည်သူများ ၀ယ်ယူနိုင်ရေး ရည်ရွယ်ဆောင်ရွက်ရန် ကုမ္ပဏီများကို သတိပေးထား

From : ..eleven

5.1.7
ဧရာဝဏ်/ရတနာ အိမ်ရာစီမံကိန်း (၂) ခု ဆောက်လုပ်ရန် မြေစမ်းသပ်ခြင်း အခမ်းအနားကို  ဇန်န၀ါရီ လဆန်းပိုင်းက တွေ့ရစဉ်
ရန်ကုန်မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများသည် ၀င်ငွေနည်း ၀န်ထမ်းများ၊ ၀င်ငွေနည်း ကုမ္ပဏီဝန်ထမ်းများအတွက် ရည်ရွယ်ဆောင်ရွက်သည့် လုပ်ငန်း ဖြစ်သဖြင့် ကိုယ်ကျိုးစီးပွားကို ပဓာနမထားဘဲ ဆောင်ရွက်ကြရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်က လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများကို သတိပေးထားကြောင်း သိရသည်။
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှင့် ပတ်သက်၍ ဧပြီလအတွင်း ပြုလုပ်ကျင်းပသည့် လုပ်ငန်းအစည်းအဝေးတွင် ဒုတိယ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
''တန်ဖိုးနည်း အိမ်ရာတွေဟာ ၀င်ငွေနည်း ၀န်ထမ်းတွေအတွက် အဓိကထားပြီး နိုင်ငံတော်က ဆောင်ရွက်တာလို့ သိရတယ်။ အခုဟာက တန်ဖိုးနည်းဆိုတာတောင် ကျပ်သိန်း ၁၀၀ အထက်မှာ ရှိနေတော့ ၀င်ငွေနည်း မိသားစုတွေ ၀ယ်နိုင်တဲ့ အနေအထား မရှိသေးဘူး'' ဟု ၎င်းက ပြောသည်။
တန်ဖိုးနည်း တိုက်ခန်းဟု ဆိုသော်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်မည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှစ်ခုမှာ အမြင့်ဆုံးတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်အထိ ပါဝင်မည်ဖြစ်ပြီး အဆိုပါ နှုန်းထားများမှာ သာမန်ပြည်သူများ လက်လှမ်းမမီနိုင်သည့် နှုန်းထားများ ဖြစ်နေသည်။
''တန်ဖိုးနည်း တိုက်ခန်းဆိုပေမယ့် ကျပ်သိန်း ၂၀၀ အထိ အများဆုံး ဆောက်လုပ်ရောင်းချရတဲ့ အချက်က ယုဇနအိမ်ရာ ဆောက်လုပ်တဲ့ အချိန်မှာ PAE တန်ဖိုးက တစ်ပေပတ်လည်ကို ကျပ် ၁၀၀၀၊ ကျပ် ၁၅၀၀ လောက်ပဲ ရှိပေမယ့် ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းနှစ်ခု ဆောက်မယ့်အချိန် မှာ PAE တန်ဖိုးက တစ်ပေပတ်လည်ကို ကျပ် ၂၀၀၀၀ ၀န်းကျင်အထိ ဖြစ်နေပါတယ်။ ပြီးတော့ ဈေး၊ ကျောင်း၊ ပန်းခြံ၊ ဘတ်စ်ကားဂိတ်တွေလို မရှိမဖြစ် လိုအပ်တဲ့ အဆောက်အအုံတွေ ရေ၊ မီး၊ လမ်း၊ မီတာ၊ ဓာတ်လှေကားစတဲ့ ပစ္စည်းတွေကြောင့် ဈေးနှုန်းက တန်ဖိုးနည်း တိုက်ခန်းကို ကျပ်သိန်း ၂၀၀ ထက် မများစေရဘူး ဖြစ်သွားပါတယ်'' ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

.. www.MyanmarExpress.net
 

အင်ဒိုမြန်မာသံရုံးဗုံးခွဲမည့်အစီအစဉ် တွေ့ရှိ၊ အကြမ်းဖက်မှုကို ရှုံ့ချလေ့ရှိသည့် ဒေါ်စု နှင့် ၈၈ များ ပါးစပ်ပိတ်နေ

အင်ဒိုမြန်မာသံရုံးဗုံးခွဲမည့်အစီအစဉ် တွေ့ရှိရပြီး အကြမ်းဖက်မှုကို ရှုံ့ချလေ့ရှိသည့် ဒေါ်စု နှင့် ၈၈ များ ပါးစပ်ပိတ်နေကြောင်း သတင်းရရှိပါတယ်။ အန္ဒိယနိုင်ငံတွင်း ချင်းတိုင်းရင်းသားများနေထိုင်ရာ ရွာများ မီးရှို့ခံရ၍ လူ ၄၀၀ ကျော် ဒုက္ခရောက်နေသည်ကိုလည်း လူနည်းစုဖက်ကမှ စာနာတတ်သည့် ဒေါ်စု နှင့် ၈၈ တို့ အသံတစ်ခွန်းမှ မထွက်ခဲ့ကြပါဘူး။

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ တိုက်ခိုက်ဖို့ ကြံစည်တဲ့ အကြမ်းဖက်သမား ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သောကြာနေ့မှာ ဖမ်းဆီးမိ လိုက်ပါတယ်။ ဗုံးခွဲဖို့ ကြံ စည်တဲ့ သူတွေဟာ မြန်မာနိုင်ငံက ဘင်္ဂလီ မွတ်စလင်တွေအပေါ် မြန်မာဗုဒ္ဓဘာသာ အကြမ်းဖက်သမားတွေက ဖိနှိပ်တာ တွေကို မကျေနပ်လို့ လက်စားချေဖို့ အခုလို လုပ်ဆောင် တာဖြစ်တယ် လို့ ဂျာကာတာပို့စ်သ တင်းမှာ ဖော်ပြထားပါတယ်။ ဗုံးခွဲဖို့ ကြံစည်မှုနဲ့ သံသယဖြစ်သူ ၂ ဦးကို ကျောပိုးအိတ်ထဲမှာ ရေပိုက်တွေနဲ့ ပြုလုပ်ထားတဲ့ ဗုံး ၅ လုံးကို သယ်ဆောင်လာတုန်း လမ်းမှာ ဖမ်းမိတာလို့ သတင်းမှာ ရေး သား ထားပါတယ်။ သူတို့ နှစ်ယောက်ကို ဖမ်းဆီးပြီး မကြာခင်မှာပဲ ဂျာကာတာ မြို့ပြင်က အိမ်လုပ်ဗုံးတွေ ထုတ်လုပ်တဲ့ နေအိမ်တအိမ်က အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ထပ်မံ ဖမ်းဆီးနိုင်တယ်လို့ အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက် ဖျက် ရေးဌာနက ပြောပါတယ်။ လောလောဆယ်မှာတော့ မြန်မာသံရုံးကို အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင် တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူပေးထားပါ တယ်။

 .. www.MyanmarExpress.net


ဇော်ဇော်ဦးကို ဂျပန်ဘေ့စ်ဘောအသင်း ခေါ်ယူ

From : ..dvb


မြန်မာနိုင်ငံဘေ့(စ်)ဘော အားကစားသမား ဇော်ဇော်ဦး ၂၃ နှစ်ကို ဂျပန်နိုင်ငံ ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်း (Kagawa olive Guyners (IL) Independent League) က ခေါ်ယူလိုက်ပါတယ်။

ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်းဟာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ Shikoku Island League plus of baseball အဖွဲ့ ၄ ဖွဲ့ထဲက တဖွဲ့အပါအ၀င် ဖြစ်ပါတယ်။

မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘေ့(စ်)ဘော အားကစားသမား အယောက် ၅၀ ခန့်သာ ရှိပါသေးတယ်။

ဂျပန်နိုင်ငံမှာ လေ့လာကစားရင်း မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်ချင်တယ်လို့ ကိုဇော်ဇော်ဦးက ပြောပါတယ်။

ကိုဇော်ဇော်ဦးဟာ ရန်ကုန်မှာမွေးဖွားပြီး အသက် ၅ နှစ်သားအရွယ်မှာ ဖခင်ဆုံးပါးခဲ့လို့ ဆင်းရဲကျပ်တည်းစွာ ကြီးပြင်းခဲ့ရပါတယ်။ အသက် ၁၁ နှစ်မှာ အန်ဂျီအိုအနေနဲ့ မြန်မာကလေးတွေကို အဖွဲ့စုစည်းပြီး လေ့ကျင့်ဆောင်ရွက်နေတဲ့ ဂျပန်လူမျိုး ကုလ အရာရှိဟောင်း အီဝဆခီ တိုရုစံနဲ့ တွေ့ပြီး ဘေ့(စ်)ဘောပညာကို လေ့ကျင့်ကစားခဲ့တာ ဖြစ်ပါတယ်။

ကိုဇော်ဇော်ဦးဟာ လောလောဆယ် အကိုဖြစ်သူတွေနဲ့အတူ ရန်ကုန်မြို့ရှိ ကော်ပီစက်ပြုပြင်ရေးဆိုင်မှာ အလုပ်လုပ်ရင်း ၁ ပတ်ကို ၂ ရက် လေ့ကျင့်ကစားနေပါတယ်။


.. www.MyanmarExpress.net
 

သောက်သုံးရေ ရှားပါးသည့် ကျေးရွာ များသို့ နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်းပြီး သောက်သုံး ရေကန်များ တူးဖော် ဆယ်တင်ပေး

From : ..မြဝတီ

နေပြည်တော်  မေ   ၁
ယခုအခါသည် ပူပြင်း ခြောက်သွေ့သော နွေရာသီ ဖြစ်သည်နှင့် အညီ သောက်သုံး ရေကန်များ ရေနည်းပါး ခန်းခြောက်လျက် ရှိသဖြင့် နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းခြင်း၊   သောက်သုံး ရေကန်များ ဝိုင်းဝန်း တူးဖော် ပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိရာ ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ငှက်တော်မြီး ကျေးရွာ၊ ချောင်းကမ်းကြီး ကျေးရွာ၊ ချောင်းကမ်းလေး ကျေးရွာနှင့် ကူနီကန် ကျေးရွာများရှိ စုစုပေါင်း  အိမ်ထောင်စု  ၂၄၆ စု အတွက် သောက်သုံး ရေဂါလန် ၃၆ဝဝအား နယ်မြေခံ တပ်မတော် သားများက တပ်ပိုင် ရေသယ်ယာဉ် များဖြင့် ဖြန့်ဝေ လှူဒါန်းပြီး သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဇီးကုန်း မြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် နတ်တလင်း မြို့နယ်များမှ ကျေးရွာများရှိ သောက်သုံး ရေကန်များအား တူးဖော် ဆယ်တင်ခြင်းနှင့် ရေသွယ်မြောင်းများ ဖောက်လုပ် ပေးခြင်း တို့အား ကျေးရွာ လူထုနှင့် အတူ  ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးသည်။ ထို့အတူ ဧပြီ ၃ဝ ရက် နံနက်ပိုင်းက  ရမည်းသင်း မြို့နယ် ဆည်ကြီး အုပ်စု အတွင်းရှိ အိမ်ထောင်စု ၅၂ဝ စု၊ စုစု ပေါင်း လူဦးရေ ၂၈၆၈ ဦးနေထိုင်သော ညောင်အိုင် ကျေးရွာသို့ နယ်မြေခံ တပ်မတော်သား များက   တပ်ပိုင် ရေသယ်ယာဉ် များဖြင့် စုစုပေါင်း ဂါလန် ၁၅ဝဝဝ အား ဖြန့်ဝေ လှူဒါန်း ပေးသည်။ ထိုသို့  နယ်မြေခံ တပ်မတော်သား များမှ ဒေသခံ ကျေးလက်နေ ပြည်သူ များအား  သောက်သုံးရေ ဖြန့်ဝေ လှူဒါန်းနေမှု အခြေအနေ များကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညိုစောက လိုက်လံ ကြည့်ရှု အားပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများသည် ကျေးရွာအတွင်း စက်ရေတွင်း တူးဖော်နေမှုနှင့် သောက်သုံးရေကန် တူးဖော် ဆယ်တင်မည့် နေရာများအား ကြည့်ရှု စစ်ဆေးပြီး ရွှေနံပေါ် ကျေးရွာ၊ ရွှေမြင်တင် တောင် တော်မြတ် အနီးရှိ သောက်သုံး ရေကန်အား   နယ်မြေခံ တပ်မတော်သား များက တူးဖော် ဆယ်တင်ခြင်း၊ ကန်ပေါင် မြေဖို့မြှင့်တင်ခြင်း တို့အား ကူညီ ဆောင်ရွက် ပေးနေမှု များကို ကြည့်ရှု အားပေးသည်။
 အလားတူ မေ ၁ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ် သစ်ယာကုန်း ကျေးရွာရှိ အိမ်ထောင်စု ၃၅ဝ စု၊ လူဦးရေ ၈ဝ၃ ဦးတို့ အတွက် သောက်သုံး ရေဂါလန် ၁၆ဝဝ၊ ဇေယျာ သီရိမြို့နယ် လေသာမြောက် ကျေးရွာရှိ အိမ်ထောင်စု ၂၇ဝ၊ လူဦးရေ ၉၈၂ ဦး အတွက် သောက်သုံး ရေဂါလန် ၂ဝဝ နှင့် ဥတ္တရသီရိ မြို့နယ် တက်သိမ်း ကျေးရွာနှင့် ဇလောင်းမြောက် ကျေးရွာရှိ အိမ်ထောင်စု ၄၇၆ စု၊ လူဦးရေ ၁၇၁၂ ဦး တို့အား သောက်ရေသန့် တစ်လီတာဆံ့ ဘူး ၉ဝ နှင့် သောက်သုံးရေဂါလန် ၂၄ဝဝ တို့အား နယ်မြေခံ တပ်မတော်သား များက အသီးသီး ဖြန့်ဝေ လှူဒါန်းခဲ့ ကြောင်း သတင်း ရရှိသည်။


.. www.MyanmarExpress.net
 

၂၀၁၃ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် သိသာစွာတိုးတက်

From : ..voa




ကမ္ဘာတ၀ှမ်း သတင်းလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်လို့ Freedom House အဖွဲ့က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေတွေဟာ အရင်နှစ်တွေကထက် သိသိသာသာ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့သလို၊ သတင်း မီဒီယာပိုင်းမှာလည်း တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ဒီနှစ် အစီရင်ခံစာကို ပြုစုရေးသားသူ တဦးဖြစ်တဲ့ Freedom House အဖွဲ့ရဲ့ အကြီးတန်း သုတေသီ ခရင်း ခလီခါ (Karin Karlekar) က ပြောပါတယ်။



ဘယ်လိုအခြေအနေတွေကိုကြည့်ပြီး မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တိုးတက်လာတယ်လို့ ယူဆတာပါလဲ။ ခရင်း ခလီခါ (Karin Karlekar) က အခုလို ပြောပါတယ်။

“အခြေခံအားဖြင့် ကျမတို့ ဒီနှစ် တွေ့ရတဲ့အခြေအနေတွေမှာတော့ အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ သတင်းထောက်တွေနဲ့ ဘလော့ဂါတွေကို ပြန်လွှတ်ပေးတာလည်း ပါပါတယ်။ အခုဆိုရင် အစိုးရကို ဝေဖန်လို့ သတင်းထောက်တွေ ထောင်ချခံရတယ်ဆိုတာ မရှိတော့ပါဘူး။ အစိုးရ ဆင်ဆာ ဖြတ်တောက်မှုတွေလည်း မရှိတော့သလောက် တိုးတက်လာတာ ရှိပါတယ်။ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့်တွေလည်း ရှေ့နှစ်ဆို အများအပြား တွေ့ရတော့မှာပါ။ ဒါကလည်း ကောင်းမွန်တဲ့ တိုးတက်မှု တခုပါပဲ။ သာမန် ပြည်သူတွေအနေနဲ့ သတင်း အချက်အလက်တွေကို ပိုပြီးတော့ လွတ်လွတ်လပ်လပ် ရယူနိုင်လာတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။ ဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ တိုးတက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။”

အရင်က ရေးသားခွင့် ပိတ်ပင်ခံရတဲ့ အကြောင်းအရာတွေ အခု ရေးသားဖော်ပြခွင့် ရလာတာ၊ လွတ်လပ်တဲ့ သတင်းစာနယ်ဇင်းနဲ့ ထုတ်ဝေသူများရဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာ၊ သတင်းထောက်တွေအပေါ် ဖိနှိပ်မှုတွေ လျော့ နည်းလာတာနဲ့၊ နိုင်ငံခြားသား သတင်းထောက် အတော်များများကို အစိုးရက ပိတ်ပင်ထားတဲ့ အမည်မဲ စာရင်းကနေ ဖယ်ထုတ်ပေးတာနဲ့ ပြည်ပအခြေစိုက် သတင်းမီဒီယာလုပ်ငန်းတွေ မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်ခွင့် ရလာတာ စတဲ့ အကြောင်းအရာတွေကလည်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာ တိုးတက်မှုကို ဖော်ပြနေတဲ့အကြာင်း Freedom House ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။



ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးရွားနိုင်ငံတွေမှာတော့ ဒီနှစ် မြန်မာနိုင်ငံကို ထည့်သွင်းမထားပါဘူး။ သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးဆုံး ၈ နိုင်ငံကတော့ Iran၊ North Korea၊ Belarus၊ Cuba၊ Eritrea ၊ Equatorial Guinea၊ Turkmenistan နဲ့ Uzbekistan နိုင်ငံတွေ ပါဝင်ပါတယ်။



. www.MyanmarExpress.net

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၄၀၀ ကျော်ပြီ

From : ..voa

အဆောက်အဦးပြိုကျမှုအတွင်း သေဆုံးသွားသူတွေကို မြေမြုပ်သင်္ဂြိုလ်နေစဉ် (၁ မေ ၂၀၁၃)


ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထည်ချုပ်စက်ရုံ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးသူဟာ ၄၀၀ အထိ ရှိသွားပါပြီ။ မနေ့တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မှာ မေဒေးနေ့ ဆန္ဒပြပွဲလုပ်တော့ ထောင်နဲ့ချီတဲ့ လူထုပရိသတ်ဟာ အလုပ်ခွင် ဘေးကင်းလုံခြုံရေးနဲ့ အဲ့ဒီ ပြိုကျသွားတဲ့ အဆောက်အဦးပိုင်ရှင်ကို သေဒဏ်ပေးဖို့ဆိုပြီး တောင်းဆိုကြပါတယ်။

ပိုင်ရှင်ဖြစ်တဲ့ မိုဟာမက် ဆိုဟဲလ် ရာနာ (Mohammed Sohel Rana) ဟာ အဆောက်အဦးပိုင်ရှင်ဖြစ်သလို၊ အဆောက်အဦးထဲမှာရှိတဲ့ အထည်ချုပ်စက်ရုံ ပိုင်ရှင်လည်းဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုတော့ အာဏာပိုင်တွေက သိမ်းဆည်းထိန်းချုပ်ထားဖို့ အင်္ဂါနေ့တုန်းက အထက်တရားရုံးကနေ အမိန့်ချခဲ့ပါတယ်။

အဆောက်အဦး မပြိုကျခင်တုန်းက အဲ့ဒီမှာ အက်ကြောင်းတွေ တွေ့တာကြောင့် အဆောက်အဦးထဲ လူမနေဖို့ တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူဟာ အဲ့ဒီသတိပေးချက်ကို မလိုက်နာခဲ့ဘူးလို့ ရဲက ပြောပါတယ်။ ဒီအဆောက်အဦး ပြိုကျတာနဲ့ပတ်သက်လို့ အဆောက်အဦး အင်ဂျင်နီယာတွေ အပါအ၀င် လူ ၈ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေဟာ အဆောက်အဦးပျက် နေရာမှာ စက်ယန္တယားတွေ သုံးပြီး ရှာဖွေရှင်းလင်းနေတုန်းပါ။ လူရာနဲ့ချီ ပျောက်ဆုံးနေတာမို့ သေဆုံးသူ အရေအတွက် တိုးလာမယ်လို့လည်း ခန့်မှန်းရပါတယ်။ ပြိုကျတဲ့အချိန်မှာ အဆောက်အဦးထဲ လူ သုံးထောင်ကျော် ရှိနေတာပါ။
.. www.MyanmarExpress.net
 

နေမျိုးဇင် ထောင် သုံးလ ကျမှု လူထုဝမ်းသာ



ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အောက်ကဇင်းကျေးရွာ တွင် လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးရာ၌ ရဲ တပ်ဖွဲ့ အပေါ် စော်ကားပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့် နေမျိုးဇင်၏ အမှုအား ယနေ့တွင် ပန်းတနော် တ ရား ရုံးမှ အမိန့်ချ မှတ် လိုက်ပါသည်။ တရားရုံးမှ အမိန့်ချမှတ်ခဲ့မှုတွင် နေမျိုးဇင်အား ဒဏ်ငွေ ၂ သောင်း (သို့ မဟုတ်) ထောင်ဒဏ် ၃ လ ကျခံစေ ဟု အမိန့်ချမှတ်ခဲ့ပြီး နေမျိုးဇင်မှ ထောင်ဒဏ် ၃ လကို ရွေးချယ် ခဲ့သည့် အတွက် ယခု မအူပင် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထိုသို့  ပို့ဆောင်ရာတွင် လက်ပြန်ကြိုးတုတ်ပြီး သံခြေကျင်းခတ်ကာ ထောင်သားတို့၏ ပုံစံအတိုင်း ခေါ်သွား ခြင်း ဖြစ်ပြီး ထိုဖြစ်ရပ်အတွက် “ အရင်တုန်းက သူ့ကိုယ်သူရိုက်ခိုင်းပြီး တင်တဲ့ ဗီဒီယို ရှိတယ်။ ရဲ တစ်ယောက် လက်ထိပ်ခတ်တော့ ငါ့လက်နာနေပြီကွ ဆိုပြီး ငိုသံပါကြီးနဲ့ပြောတာ။ အခုတော့ ဘယ်လို မျက်နှာ  နဲ့ ပါသွားလဲ မသိဘူး ” ဟု ၄င်း၏ လက်ထိပ်ခတ်တုန်းက ငိုသံနဲ့ပြောဆိုခဲ့သည့် ဗီဒီယိုအား ကြည့်ခဲ့ သူ ၁ ဦးက ဆိုသည်။

ဗိုလ်ကြီးဟောင်း အမည်ခံ နေမျိုးဇင်၏ ထောင်ဒဏ် ၃ လ အား ရွေးသည့် အကြောင်းနှင့် စပ်လျှဉ်းပြီး မေးမြန်း ရာ “ဒဏ်ငွေ ၂ သောင်းဆောင်လိုက်လို့ ဘာအကျိုးမှ မရှိဘူး။ ထောင်ထဲဝင်လိုက်ရင် အလုပ်လဲ လုပ် စ ရာ မလို၊ အ ထောက် အပံ့တွေကလည်း ရ၊ မီဒီယာတွေ ၀ိုင်းဖွရင် နာမည်ကြီးပြီး ဆုရနိုင်တာပေါ့ ” ဟု အချို့က ဆိုပါ သည်။ အချို့သူများကတော့ “ အခုက ထောင်ကျရင် ပျော်တဲ့ခေတ် ရောက်နေပြီ။ နော်အုံး လှတို့ ၊ရဲမင်းဦး တို့ ၈၈ တို့ ၊ အကုန်လုံးက ဖမ်းပါစေ ထောင်ချပါစေ ဆိုပြီး အတင်း အမှုရှာနေကြတာ။ နေမျိုးဇင် ကတော့ အကြိုက် ဖြစ် သွားတာပေါ့၊ ဒါပေမယ့် သူသိပ်ကံကောင်းမယ် မထင်ဘူး  ”ဟု ဆိုပါ သည်။

ပြည်သူလူထုမှ ထိုသို့ ဆိုကြသော်လည်း နေမျိုးဇင်၏ ညီဖြစ်သူ ခင်မောင်ဌေးဟု အမည်ရှိသူ မှ “ပြည် သူတွေ အားလုံး ၀ိုင်းပြီး တောင်းဆိုဖို့ ကျွန်တော့်အစ်ကိုက မှာခဲ့ပါတယ်။” ဟု ပြောခဲ့သည်။

နေမျိုးဇင်သည် ရဲတပ်ဖွဲ့ဝင်များကို အကြိမ်ကြိမ် စော်ကားခြင်း၊ ပါးစပ် စည်းကမ်းမရှိခြင်းနှင့် ၄င်း၏ အသက် ထက် ၀က် ငယ်သော အရာရှိငယ် တစ်ဦး၏ ဓာတ်ပုံကို အသုံးပြုပြီး တိုက်ခိုက် ပြောဆို ခဲ့ခြင်း တို့ကြောင့် မြန် မာ့ တပ်မတော် အရာရှိများ၏ အမြင်မကြည်မှုကို ခံရကာ၊ ပြည်သူအများစု ကလည်း နှစ်သက်လက် ခံခြင်း မရှိပေ။

Lu Zoe Mg Mg  မင်္ဂလာရှိတဲ့ သတင်းပါ။ ၃ လ လောက်တော့ မျက်စိနောက်သက်သာသွားပြီ။ ထောင်ထဲမှာ ထပ်မမွှေဖို့ပဲ ထိန်းရမှာ။

Zaw Gyi သေဒဏ်ပေးလိုက်ပါလါးးးမြန်မာပြည်ကိုချောက်ထဲတွန်းချနေတဲ့ ရာသက်ပန်ဗိုလ်ကြီးးဟောင်းကို ----ဒါမှမဟုတ်ဆေးးထိုးပီးးသတ်လိုက်


မိုထက် ကင်း ဒဏ်ငွေမဆောင်ပဲ...ထောင်ကျခံတယ်ဆိုတော့..ထောင်ထဲကအနေအစားပိုချောင်လို့ ထင်တယ်

Aye Thu နံမည်ကြီချင်တာ

 Htinaung Latt ထပ်ခါ ထပ်ခါ like လို့  ရလား.....ဟိဟိ....ဘာ ရယ် တော့ မဟုတ်ပါဘူး....စောက်မြင် ကပ် လို့  ပါ.......

 KyawKyaw Soe  တပ်ထွက် NLD လုပ် တပ်နှင့်ရဲကို အပြစ်ပြောတဲ့ သူ သစ္စဖောက်ကို ထောင်ကိုပို့လိုက်ပြီ ထောင်ပိုင်ကြီး ရေ တန်းစီးကို လက်တို့ပေးဖိုပဲကျန်တော့တယ် လှော်လိုက်တော့ဟေ့ အတော်ပဲ့တဲ့ လူ

Zaw Myo Thwin တပ်မတော်ကမင်းလိုလူကိုမွေးထုတ်ပေးတာဝမ်းနည်းတယ်ကွာ မင်းသစ္စာဆိုခဲ့တာစူးလိမ့်မယ်ကွ

 Moe Myint   သေလိုက် ကြည့်မရတာကြာပြီ ခုအေးရော သုံးလမဟုတ်ဘူး သုံးနှစ်လောက်ဖြစ်ရမှာ

 Sayar Rapper     ဝမ်းသာလွန်းလို့ ထပ်ခါထပ်ခါ like လို့ရရင်ကောင်းမယ်

Ko Paing  Very goooood...

Winmin Thein  နည်းလိုက်တာ သူများကို ပြသနာတက်အောင် လိုက်ဖွတဲ့သူက ဒီလောက်ပဲလား

 Htinlin Htike အေးကောင်းတယ်ကွ

 .. www.MyanmarExpress.net
 

နေပြည်တော်ကို အခြေပြုပြီး လေကြောင်းလိုင်းသစ်သုံးခု ထပ်တိုးရန်ရှိ

From : ..ခေတ်လူငယ်


နိုင်ငံသားပိုင် ပြည်တွင်းအခြေပြု လေကြောင်းလိုင်းသုံးခု ထပ်မံထွက်ပေါ်လာရန် ရှိနေသည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရပြီး ၎င်းသုံးခုစလုံးမှာ နေပြည်တော်လေဆိပ်ကို အခြေပြု ပြေးဆွဲရမည်ဟု ၂၅-၄-၂၀၃ ရက်က သိရသည်။ နေပြည်တော် လေဆိပ်သစ်ကြီးကို ပြည်တွင်းလေကြောင်းများ ပျံသန်းမှု အားနည်းနေပြီး ယခုတစ်ကြိမ်တွင် ပြည်တွင်းလေကြောင်းလိုင်း သုံးခုစလုံး အနေဖြင့် ထပ်ဆင့် တင်ပြချက် ပြုလုပ်ရဦးမည်ဖြစ်ကာ နေပြည်တော် လေဆိပ်တွင် ဆင်းသက်စေရေး အတွက်ကိုမူ စဉ်းစား တွက်ဆစရာ ဖြစ်နေသည်ဟု သိရသည်။ “FMI ရယ်၊ Apex ရယ်၊ MAS (Myanmar Aviation Service) တို့ သုံးခုပါပဲ။ သူတို့က ခွင့်ပြုချက်ကို တင်ပြီးတော့ စောင့်နေတာ။ နေပြည်တော်လေဆိပ်မှာ ဆင်းရမယ့် ကိစ္စကိုလည်း သူတို့ပြန်တွက်နေကြတယ်” ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ နေပြည်တော် အခြေပြုပြီး ပျံသန်းစေမည်ဖြစ်သော အဆိုပါ လေယာဉ်များကို အစောပိုင်း Promotion များအဖြစ် အခွန်ကောက်ခံမှု လျှော့ချပေးခြင်းနှင့် အခြားသော ဖြေလျှော့ပေးသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ “ဝန်ကြီးဌာနဘက်က သူတို့ကို မှာထားတာ ရှိတယ်။ နေပြည်တော်ကို ပျံသန်းစေချင်တယ်။ ဖြစ်နိုင်ရင် ပြန်ပြီးစာရင်းပေးဖို့ ပြောထားတယ်။ သူတို့ဘက်က ပြန်တင်ရင် စိစစ်ပြီး ချပေးမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

 .. www.MyanmarExpress.net
 

ကချင်-ကုလား အဓိကရုဏ်း ကချင်ပြည်နယ် ဖားကန့်တွင် ဖြစ်




ကချင်ပြည်နယ် ဖားကန့်မြို့တွင် မေလ ၂ ရက်နေ့ မနေ့က ညနေ ၅ နာရီခန့်က အစ္စလာမ် ဘာသာဝင်တွေ ပိုင်သော ၀င်းမေတ္တာ၊ မလိခ၊ ကမ္ဘာကျော် ကုန်မာဆိုင် ၃ ဆိုင်ကို ကချင် လူအုပ်ကြီးက ၀ိုင်း ဝန်း ဖျက်ဆီးခဲ့သည်ဟု ဘီဘီစီ မြန်မာပိုင်း Facebook တွင် ဖော်ပြထားခဲ့သည်။ ကချင်လူထုသောက်မည့် သောက်ရေ ထဲကို အဆိပ်ခပ်မည် ဟူသော သတင်းလည်း ပျံ့နှံ့နေသောကြောင့်  လူအများ စိုးရိမ် ထိတ်လန့်နေကြောင်း သိရသည်။ 

 .. www.MyanmarExpress.net
 

ကလေးမြို့တွင်လေယာဉ်ကွင်းအသစ်တည်ဆောက်ပေးရန်တင်ပြမည်

From : ..hot news


စစ်ကိုင်းတိုင်းဒေသကြီး၊ကလေး မြို့လေယာဉ်ကွင်းသည်မြို့အလယ် တွင်တည်ရှိနေပြီး လေကြောင်း ခရီးစဉ်များလာသည်နှင့် အမျှမြို့ တွင်းနေပြည်သူလူထုတို့အတွက် မလိုလားအပ်သောဘေးအန်္တရာယ် များဖြစ်ပေါ်လာနိုင်သည့်အတွက် ကလေးမြို့လေယာဉ်ကွင်းကိုအခြား သင့်တော်ရာမြေနေရာတွင် ရွှေပြောင်းပေးရန်ပြည်ထောင်စု လွှတ်တော်အဆင့်အထိတင်ပြ တောင်ဆိုသွားရန် အစီအစဉ်ရှိနေ  ကြောင်း ကလေးဒေသပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းမှပြောသည်။
“ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က စလို့လေယာဉ်ကွင်းမြေနေရာကို လေ့လာကြည့်ပါတယ်။ ကလေး မြို့တောင်ဖက်မှာလည်းဟိုအရင် ဒုတိယကမ္ဘာစစ်အတွင်းကအသုံး ပြုတဲ့ လေယာဉ်ကွင်းရှိတယ်။ ကလေးမြို့မြောက်ဖက်ရာဇဂြိုဟ် ရွာမှာ လေယာဉ်ကွင်းဟောင်းရှိ တယ်။ ပြုပြင်တည်ဆောက်သွား ရင်ဖြစ်နိုင်တယ်”ဟု လွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်သန်းမှ ပင်ပြောသည်။
ကလေးမြို့လေယာဉ်ကွင်း၏ အရှေ့ဖက်တွင် အောင်မင်္ဂလာ ရပ်ကွက်ရှိပြီး လေယာဉ်ကွင်း အနောက်ဖက်တွင် ပင်လုံရပ်ကွက်၊ စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်သာရပ်ကွက်တို့တည်ရှိသည်။ ထိုလေယာဉ်ကွင်းနှင့် ယှဉ်လျက် မြောက်ဖက်တွင် ဗိုလ်ချုပ်လမ်း၊ ပင်လုံလမ်းမတော်လမ်းအိမ်တန်း ကြီးများတည်ရှိပြီး၊ တောင်ဖက် တွင်အောင်သစ်္စာရပ်ကွက်၊ တပ်မ တော်စစ်ဆေးရုံနှင့် ခလရ (၈၉) တည်ရှိသည်။ မြန်မာပြည်နိုင်ငံတွင် ကလေးမြို့တစ်မြို့တည်းသာမြို့ လယ်တွင် လေယာဉ်ကွင်းတည်ရှိ သည်။


.. www.MyanmarExpress.net
 

ဘင်္ဂလီထွန်းအောင်အား ရခိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါင်းဆောင် အဖြစ် ခန့်အပ်ရန် ကင်တေးနားတောင်းဆို

From : ..narajia


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ် ကင်တေးနားမှ ထောင်ထဲတွင် ရောက်ရှိနေသော မောင်တော အကြမ်းဖက်မူကို စီစဉ်ခဲ့သူဟု စွပ်စွဲခံထားရသူမွတ်ဆလင် ခေါင်းဆောင် ဘင်္ဂလီ ထွန်းအောင်အား အမြန်ဆုံး ပြန်လွတ်ပြီး ရခိုင်နှင့် မူဆလင်များအကြား စေ့စပ်ရေး ဆွေးနွေးမူ ပြုလုပ်ရာတွင် ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် တောင်းဆို လိုက်သည်။

မေလ (၁) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော Myanmar / Rakhine Commission: “Positive starting point but Government must address impunity” – UN expert တွင် ထိုသို့ ထောင်းဆိုထားခြင်း ဖြစ်သည်။

ကင်တေးနားမှ ဘင်္ဂလီထွန်းအောင်မှာ ထိုကဲ့သို့ လူမျိုးနှစ်ခုအကြား စေ့စပ် ဆွေးနွေးပွဲကို ဦးဆောင် ဦးရွက် ပြုလုပ်နိုင်သူများထဲမှ တစ်ဦး ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းပြင် ကင်တေးနားက ရခိုင် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ ရခိုင်ပြည်နယ် အတွင်းရှိ ဘာသာ လူမျိုး မတူသော လူမျိုးများ အကြား အပြန်အလှန် ယုံကြည်မူနှင့် နားလည်မူကို တည်ဆောက်ရန် အတွက် တစ်ဘက်နှင့် တစ်ဘက် ပြောဆိုဆွေးနွေးမူများ ပြုလုပ်ရန် လိုအပ်သည်ဟု ဆိုသော အချက်ကို ထောက်ခံကြောင်း ပြောဆိုသည်။

ထိုသို့ ပြောဆိုပြီး ကင်တေးနားက ဆက်လက် ပြောဆိုရာတွင် ထိုကဲ့သို့ စနစ်တကျ စေ့စပ်ဆွေးနွေးပွဲများပြုလုပ်ရာတွင် ဒေသဆိုင်ရာ အဆင့် ခေါင်းဆောင်များ ပါဝင်ရန် လိုအပ်ကြောင်း၊ ထိုခေါင်းဆောင်များထဲတွင် ထောင်ထဲမှ လွှတ်ပေးလိမ့်မည်ဟု သူမျှော်လင့်နေသော ထွန်းအောင်မှာ ထိုကဲ့သို့ အရည်အချင်းရှိသော ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်ကြောင်း ဆိုသည်။

ရခိုင်အမျိုးသားများကမူ ဘင်္ဂလီထွန်းအောင်ကို ဘာသာရေးအရ သွေးထိုး လုံ့ဆော်နေသူ တစ်ဦးအဖြစ် သဘောထားကြပြီး မောင်တောမြို့တွင် ဇွန်လ ၈ ရက်က ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူကိုလည်း ဦးဆောင်ခဲ့သည်ဟု မြင်နေကြသည်။

ထိုကဲ့သို့ ရခိုင်လူမျိုးများမှ အမြင်ရှိနေသူ ဘင်္ဂလီထွန်းအောင်အား ငြိမ်းချမ်းရေး ဗိသုကာ အဖြစ် သတ်မှတ်ပြီး ရခိုင်ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် ဦးဆောင်မူ အခန်းကဏ္ဍမှ ပါဝင်ရန် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားက တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလီထွန်းအောင်မှာ မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူနှင့် ပတ်သက်ပြီး ထောင် (၈) နှစ် ကျော် ချမှတ် ခံထားရသည်။


 .. www.MyanmarExpress.net
 

ကျော်မင်းဆွေ သတင်းလိမ်ပြန်၊ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးဥက္ကဌမှ နှုတ်ထွက်ခြင်းမရှိ

From : ..rfa



ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း၊ ပါတီဥက္ကဌအဖြစ် သမ္မတဦးသိန်းစိန်က ဒီကနေ့အထိ ဆက်လက် တာဝန်ယူထားဆဲဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံကို တက်ရောက်နေတဲ့ ပါတီကိုယ်စားလှယ်တွေက ပြော ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ပါတီဥက္ကဌအဖြစ်က နှုတ်ထွက်ခြင်းမရှိသေးဘဲ ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက ဥက္ကဌရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေခြင်းသာဖြစ်တယ်လို့ ပါတီလူငယ်ညီလာခံ တက်ရောက်နေတဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။

“နဂိုအတိုင်းပဲ၊ ဥက္ကဌက နိုင်ငံတော်သမ္မတကြီးပေါ့၊ သမ္မတကြီးက ဥက္ကဌတာဝန်ကို ယူထားပေမယ့် ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့်မို့ ယာယီဥက္ကဌက ဥက္ကဌတာဝန်ကို ထမ်းဆောင်နေတာခင်ဗျ၊ ကျနော်တို့ ပါတီဥက္ကဌကြီးကတော့ ဦးသိန်းစိန်ပါပဲ၊ သို့သော် ဦးသိန်းစိန်ဟာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ရခြင်းမရှိပါဘူး၊ ဥပဒေအရ သူကနာမည်သာရှိတာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမရှိပါဘူး၊ သူကပါတီတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ယာယီဥက္ကဌဖြစ်တဲ့ ဦးသူရရွှေမန်းက ဥက္ကဌတာဝန်၊ ဥက္ကဌအလုပ်တွေကို အကုန်လုပ်ပါတယ်ခင်ဗျ၊ ဒီနေ့ဆိုရင် ပြည်ထောင်စုဝန်ကြီး ၄ ပါးလောက်လည်းတက်တယ်၊ သို့သော်သူတို့ဟာ ပါတီမှာရာထူးတွေ ယူထားသော်လည်း ပါတီအလုပ်တွေကို မလုပ်ပါဘူး၊ ဆိုလိုတာက CEC တို့ EC တို့စသဖြင့် ယူထားပါတယ်၊ ယူထားပေမယ့် သူတို့ကလာပြီးတော့ပါတီမှာ တာဝန်ထမ်းဆောင်ခြင်းမရှိပါဘူး၊ မျက်နှာလေးလာပြပြီးတော့ ပြန်သွားတာပါပဲ၊ အဲ့ဒီသဘောပါ”

သမ္မတဦးသိန်းစိန်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌအဖြစ်က နှုတ်ထွက်လိုက်ပြီဖြစ်ပြီး၊ လက်ရှိပါတီဥက္ကဌအဖြစ် သူရဦးရွှေမန်းက ဆောင်ရွက်နေကြောင်း The Voice  နေ့စဉ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။


ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းဟာ ယခင်က ဦးသိန်းစိန်ရဲ့ ဥက္ကဌလုပ်ငန်းတာဝန်တွေကို ပူးတွဲထမ်းဆောင်နေခဲ့တာဖြစ်ပြီး၊ အခုနေပြည်တော်မှာ ၃ ရက်ကြာကျင်းပနေတဲ့ လူငယ်ညီလာခံအတွင်း ဦးသိန်းစိန်ထံက ဥက္ကဌရာထူး လွှဲပြောင်းရယူလိုက်တာဖြစ်တယ်လို့ အဲဒီစာစောင်တွေမှာ ဖော်ပြထားပါတယ်။
ဦးလှဆွေနဲ့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။
  နားထောင်ရန် အသံဖိုင်ယူရန်


.. www.MyanmarExpress.net