From :
..hot news
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေး မြို့လေယာဉ်ကွင်းသည်မြို့အလယ် တွင်တည်ရှိနေပြီး လေကြောင်း ခရီးစဉ်များလာသည်နှင့် အမျှမြို့ တွင်းနေပြည်သူလူထုတို့အတွက် မလိုလားအပ်သောဘေးအန်္တရာယ် များဖြစ်ပေါ်လာနိုင်သည့်အတွက် ကလေးမြို့လေယာဉ်ကွင်းကိုအခြား သင့်တော်ရာမြေနေရာတွင် ရွှေပြောင်းပေးရန်ပြည်ထောင်စု လွှတ်တော်အဆင့်အထိတင်ပြ တောင်ဆိုသွားရန် အစီအစဉ်ရှိနေ ကြောင်း ကလေးဒေသပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းမှပြောသည်။
“ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က စလို့လေယာဉ်ကွင်းမြေနေရာကို လေ့လာကြည့်ပါတယ်။ ကလေး မြို့တောင်ဖက်မှာလည်းဟိုအရင် ဒုတိယကမ္ဘာစစ်အတွင်းကအသုံး ပြုတဲ့ လေယာဉ်ကွင်းရှိတယ်။ ကလေးမြို့မြောက်ဖက်ရာဇဂြိုဟ် ရွာမှာ လေယာဉ်ကွင်းဟောင်းရှိ တယ်။ ပြုပြင်တည်ဆောက်သွား ရင်ဖြစ်နိုင်တယ်”ဟု လွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်သန်းမှ ပင်ပြောသည်။
ကလေးမြို့လေယာဉ်ကွင်း၏ အရှေ့ဖက်တွင် အောင်မင်္ဂလာ ရပ်ကွက်ရှိပြီး လေယာဉ်ကွင်း အနောက်ဖက်တွင် ပင်လုံရပ်ကွက်၊ စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်သာရပ်ကွက်တို့တည်ရှိသည်။ ထိုလေယာဉ်ကွင်းနှင့် ယှဉ်လျက် မြောက်ဖက်တွင် ဗိုလ်ချုပ်လမ်း၊ ပင်လုံလမ်းမတော်လမ်းအိမ်တန်း ကြီးများတည်ရှိပြီး၊ တောင်ဖက် တွင်အောင်သစ်္စာရပ်ကွက်၊ တပ်မ တော်စစ်ဆေးရုံနှင့် ခလရ (၈၉) တည်ရှိသည်။ မြန်မာပြည်နိုင်ငံတွင် ကလေးမြို့တစ်မြို့တည်းသာမြို့ လယ်တွင် လေယာဉ်ကွင်းတည်ရှိ သည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်