From :
..the voice
.. www.MyanmarExpress.net
ရန်ကုန်မြို့တော်နှင့် ၆၄ မိုင်အကွာ တွင် တည်ရှိသော ဥက္ကံမြို့တွင် ဘာသာရေး အသွင်ဆောင်သော
ပဋိပက္ခများ ဖြစ်ပွားခဲ့သည့်အတွက် တိုက်ကြီးမြို့နယ် တစ်ခုလုံးကို
မေလ၂ရက်နေ့တွင် ညနေ ၅ နာရီ မှ နံနက် ၅ နာရီထိ အပြင်မထွက်ရ ဒေသန္တရ
အမိန့်ပုဒ်မ ၁၈၈ ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း တိုက်ကြီးမြို့နယ်
ရဲစခန်းက အတည်ပြုပြောကြားသည်။
"ခုလော်စပီကာနဲ့ ရပ်ကွက်တွေထဲမှာ လိုက်ကြေညာနေတယ်။ တစ်မြို့နယ်လုံးက သက်ဆိုင်ရာ ရပ်ကွက်တွေမှာ လော်စပီကာနဲ့ လိုက်အော်နေတယ်။ ဆူညံ့နေတာပဲ" ဟု အနော်ရထာ ရပ်ကွက်တွင်နေထိုင်သော ကျောင်းဆရာဟောင်းတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့တွင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဆွမ်းခံနေသော အသက် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါးကို မဝင်းဝင်းစိန်ဆိုသူ အမျိုးသမီးတစ်ဦးက
တိုက်မိပြီး သပိတ်အဖုံး ကျကွဲရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး အိမ်အလုံး တစ်ရာ့သုံးဆယ် ဖျက်ဆီးခံရကြောင်း ဒေသခံများနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
ကိုရင်လေး၏ ဆွမ်းခံသပိတ်အဖုံး ပြုတ်ကျကွဲသွားသဖြင့် အလျော်တောင်းစဉ် အလျော်မပေးဘဲ အချင်းများကြရာ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင်က မဝင်းဝင်းစိန်ကို အရေးယူပေးရန် တိုင်ကြား၍ ဥက္ကံရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူခဲ့
သော်လည်း ယင်းဖြစ်ရပ်ကို မကျေနပ်သည့် ဒေသခံပြည်သူ ၂၀၀ ခန့်က မွန်းလွဲ ၁ နာရီ ဝန်းကျင်တွင် အနော်ရထာရပ်ကွက်ရှိ ဈေးဆိုင်ခန်းများ၊ ဘာသာရေး အဆောက်အအုံ၊ ဈေးဆိုင်များ၊ နေအိမ်များကို စတင် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အကြမ်းဖက်သူများက ဆိုင်ခန်းများကို ဖျက်ဆီးနေစဉ် ဥက္ကံဈေးအနီး ပြည်တန်းလမ်းရှိ အစ္စလာမ်ဘာသာဝင် တစ်ဦး၏ နေအိမ်တစ်လုံးတွင် ဓာတ်ဆီအနံ့များ ထွက်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင် များနှင့်အတူ ရပ်ကွက်တာဝန်ရှိသူ များကသွားရောက်ခဲ့ရာ ယင်းအိမ်တွင် ငါးဂါလန်ဆံ့ ဓာတ်ဆီပုံး မှောက်နေပြီး အဆိုပါအိမ်မှ မိသားစုဝင်များ က အိမ်ကိုသော့ခတ်ကာ တိမ်းရှောင်နေကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ညွှန့်က ပြောကြားသည်။
လုံခြုံရေးရဲတပ်ဖွဲ့ဝင် များက ဥက္ကံမြို့ပေါ်တွင် ထိန်းချုပ်နိုင်ပြီဟု ညနေ ၃ နာရီ ခန့်တွင် သတင်းထုတ်ပြန် ခဲ့သော်လည်း ညနေ ၄ နာရီ နောက်ပိုင်းတွင် ဥက္ကံမြို့အနီးရှိ အစ္စလာမ်ဘာသာဝင်များ အများဆုံး နေထိုင်သော ရတနာကုန်းကျေးရွာ၊ ပနီပင် ကျေးရွာ၊ ခြောက်သဲကျေးရွာနှင့် သဲကုန်း ကျေးရွာတို့တွင် လူနေအိမ်ခြေ ၁၀၀ နီးပါး ဖျက်ဆီးမီးရှို့ခံရမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း အဆိုပါကျေးရွာများသို့ ရောက်ရှိနေသူ သတင်းထောက်များက ပြောကြားသည်။
ပဋိပက္ခဖြစ်စဉ်ကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့ အနက် နှစ်ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်း မှတ်တမ်းများနှင့် ပြင်းထန်လူနာ များကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပေးခဲ့သူ ဦးသန်းဆွေ၏ ပြောကြားချက်အရ သိရသည်။
အကြမ်းဖက် ဖျက်ဆီးမှုများတွင် သံသယရှိသည့် ပနီပင်ကျေးရွာမှ (၁၅)ဦး နှင့် ဥက္ကံမြို့မှ သုံးဦး စုစုပေါင်း ၁၈ ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀၊ ၃၀၂၊ ၄၂၇/ ၁၁၄နှင့် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဒုတိုင်းရဲတပ်ဖွဲမှူး ဒုတိယ ရဲမှူးကြီးသက်လွင်က ပြောကြားသည်။

1 comments:
သောက်ကုလားက
သူ့အိမ်သူ ဓါတ်ဆီလောင်းပြီး
မင်းစွဲလွယ်အောင် ညစ်ပတ်သွားတာနေမှာ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်