From : ခေတ်လူငယ်
ဆွီဒင်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သော Ericsson နှင့်ဖရန်ကို အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ Aleatel-Lucent တို့က ၂၀၁၂ ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးဈေးကွက်အတွင်း ဝင်ရောက် လာတော့ မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများ၏ ထုတ်ပြန်ကြေညာ ချက်အရသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ မြန်မာ့ဆက်သွယ်ရေး ဈေးကွက်တွင် နေရာတစ်နေရာ ရရှိရေးအတွက် ရန်ကုန်မြို့တွင် ယခုလ အတွင်း Ericsson ကုမ္ပဏီက ရုံးခန်းလာရောက် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ အလားတူ Nokia ၊ တရုတ်နိုင်ငံအခြေစိုက် Huawei Technologies ZTE ကုမ္ပဏီတို့လည်း မြန်မာ့ ဆက်သွယ်ရေး ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး Alcatel- Lucent ကမြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ ၎င်း၏ ဈေးကွက်ချဲ့ထွင်းမည့်အစီအစဉ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က အတည်ပြုခဲ့ကြောင်း၊ မိုဘိုင်းလ်ဖုန်းသိပ်သည်းဆနည်းပါးသည့် နိုင်ငံများတွင် ဈေးကွက်ရရန် အလား အလာကောင်းကြောင်းဖြင့် အဆိုပါ ကုမ္ပဏီ၏ အာရှ -ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးအကြီးအကဲက သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရသည်။
Myanmar Express

1 comments:
ဝမ်းသာ စရာ သတင်းကောင်း ပေါ့ဗျာ.. ပြည်ပနိုင်ငံတွေက မြန်မာမှာ ဒီလို စီပွားရေး လုပ်ငန်းတွေ လာပီး လုပ်ကြတော့ ဘာပဲ ပြောပြော နိုင်ငံ အနေနဲ့ ကြည့်မယ် ဆိုလဲ တိုးတတ် ပြောင်း လလြာတော့မဲ့ အခြေအနေတွေပေါ့.. လူမှု့ ရေးလဲ ဒွလိုပဲ .. အစစ အရာရာ ပြောင်းလဲ တိုးတတ်လာတော့ မှာ မို့ ကျနော်ကတော့ တွေးရင်း ၀မ်းသာ နေမိတာတော့ အမျန်ပဲ ။ အဲ ပြောသာပြောရတယ် .. မမစုကော ကျနော့်လို ၀မ်းသာနေပါ့ မလားး တော်ကြာ ဆွီဒင်နိုင်ငံ သွားပီး မြန်မာ နိုင်ငံ မကောင်းကြောင်း သွားပြောနေအုံးမယ်.. သူမ၇ဲ့ အဖြစ်ကြီးကလဲ သနား စ၇ာ ကောင်းလှပါတယ်.. သူများ နိုင်ငံတွေက အားနဲသူကို ၀ိုင်းဝန်းဖေးမ နေတဲ့ အချိန်မှာ သူကိုယ်တိုင်လဲ မဖေးမ မကူညီတဲ့ အပြင် လာပီး ကူညီတဲ့ သူတွေကိုလဲ မကူညီဖို့ ပြောနေတာ သူမ၇ဲ့ စိတ်ထားက တကယ် အောက်တန်း ကျလွန်းပါတယ်.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်