Subscribe to our RSS Feed

တပ်မတော် အစိုးရက မ အုပ်ချုပ်ခြင်းကြောင့် မှုခင်းဖြစ်ပွားမှုနှုန်း မြင့်တက်နေ

From : 7Days News


ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်လျှင် လူသတ်မှုပေါင်း ၁၀၀ ကျော်ဖြစ်ပွားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများ အားလုံးထဲတွင် မှုခင်းအများဆုံးဖြစ်ပွားသော တိုင်းဒေသကြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဌာနခွဲမှူး ဦးစီး(၂) ရဲမှူးမြင့်ထွေးက ပြောသည်။ “တစ်ပြည်လုံးမှာ ရှိတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုမှာ တက်လာတဲ့ အမှုနဲ့ ရန်ကုန်နဲ့က အတူတူလောက် ရှိပါတယ်။ မှုခင်းတက်တာက ကျွန်တော်တို့ဆီမှာ တစ်နှစ်တစ်နှစ် ၄၀ နဲ့ ၅၀ ကြားမှာ ရှိတယ်” ဟု ရဲမှူးမြင့်ထွေးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားသော အမှုများတွင် လူသတ်မှုနှင့် မုဒိမ်းမှုမှာ အများဆုံးဖြစ်ပွားသည့် အမှုများဖြစ်သည်။ ရန်ကုန်မြို့တွင်ဖြစ်ပွားသော အမှုများသည် ပညာသားပါသော အမှုများဖြစ်လေ့ရှိကြောင်း သိရသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ လူမျိုးစုံလင်သကဲ့သို့ အတွေ့အကြုံ စုံလင်ခြင်းများကြောင့်လည်း ယခုလမ်းမတော်မြို့နယ်တွင် ဖြစ်ပွားသော အမှုကဲ့သို့သော အမှုမျိုးဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။ “ရန်ကုန်တိုင်းက မြို့တော်ကြီးဖြစ်ပေမယ့် လူသတ်မှုက ခုချိန်ထိ နယ်တွေထက် ပိုနေသေးတယ်” ဟု ရန်ကုန်နှင့်ပတ်သက်သော မှုခင်းအနေအထားကို ၎င်းက ဆက်လက်ပြောသည်။ အမှုဖြစ်ပွားသော နေရာတော်တော် များများသည် မြို့ပေါ်ဒေသထက် မြို့မကျ၊ တောမကျနေရာ များ၌ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ “၂၀၁၀ ၊ ၂၀၁၁၊ ၂၀၁၂ နှစ်များ အနေအထားနဲ့ ကြည့်ရင် မှုခင်းပိုများလာတယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

1 comments:

စစ်တပ်ကိုပြန်တောင့်တနေကြလေသည်။လိုချင်ကြအုန်း
ဒိမိုကေ၇စိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်