From : ခေတ်လူငယ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၀၉- ၈၆xxxx ဖြင့်စသော ကမ်းရိုးတန်းဖုန်းများကို မကြာမီအချိန်အတွင်း ကြိုတင်ငွေဖြည့်ကတ်စနစ်သို့ ပြောင်းလဲပေးတော့မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းမှ သတင်းရရှိသည်။ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများသို့ သုံးစွဲသူကိုယ်တိုင် ကျသင့်ဖုန်းဘီလ်များကို သွားရောက်ပေးဆောင်နေကြရသည့် Post Paid စနစ်မှ Pre paid စနစ်သို့ ပြောင်းလဲရန်အတွက် အထက်ပါလုပ်ငန်းမှ အသုံးပြုသူများ၏ ဖုန်းနံပါတ်များအတွင်းသို့ စာတိုစနစ်ဖြင့် ပေးပို့အကြောင်းကြားခြင်းကို ယခုလ ၁ ရက်က စတင်ပြုလုပ်ပေးနေကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ယခင်Post Paid စနစ်ဖြင့် ဖုန်းအသုံးပြုခများကို ပေးဆောင်ခဲ့ကြရသော ဈေးနှုန်းမြင့်မားလွန်းခဲ့သည့် မိုဘိုင်းဖုန်းများ အားလုံးကို တဖြည်းဖြည်းချင်း ကြိုတင်ငွေဖြည့်ကတ်စနစ်ကို ပြောင်းလဲပေးနေသည်ဟု ယင်းလုပ်ငန်း၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုလက်ရှိအချိန်ထိ ကြိုတင်ငွေဖြည့်ကတ်စနစ်သို့ မပြောင်းလဲနိုင်သေးသည့် ဖုန်းများ အနေဖြင့် ဖုန်းဘီလ်များ သွားရောက်ပေးဆောင်ရာတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း၊ ဖုန်းဘီလ်ကျ သင့်ငွေ စာရင်းများတွင် မကြာခဏဆိုသလို လွဲချော်မှုများ ရှိနေခြင်းတို့ကြောင့် Pre Paid စနစ်ကို အမြန်ဆုံးပြောင်းလဲလိုနေကြသည်ဟု သုံးစွဲသူများက ပြောကြားခဲ့ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်