From : MRTV4
အသစ် ထုတ်ပြန်လိုက်သည့် စစ်တမ်း တွေ့ရှိမှု တစ်ခုအရ ဗြိတိန် နိုင်ငံရှိ အမျိုးသမီး အလုပ်သမားများမှာ အလုပ်ခွင် အတွင်း နေ့စဉ်နှင့်အမျှ
လိင်ပိုင်းဆိုင်ရာ ခွဲခြား နှိမ့်ချ ဆက်ဆံ ခံနေရကြောင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
အဆိုပါ ရလဒ်အရ အလွန် များပြားသည့် ဗြိတိန် အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ ခွဲခြား နှောက်ယှက်မှုကို ခံစားရမည်ကို ကြောက်ရွံသဖြင့် ပူလောင်သည့် လများတွင်ပင် မိမိတို့ကိုယ်ကို လုံခြုံအောင် ဝတ်စား ဆင်ယင်ကြကြောင်း သိရကာ ရုံးအတွင်းတွင် မလိုလားအပ်သော သတိထားမှုများကို ရင်ဆိုင်ရခြင်း မရှိစေရေး အတွက် ဖြစ်သည်ဟု Daily Mail သတင်းတွင် ဖော်ပြခဲ့သည်။
အမျိုးသမီးပေါင်း ၃၄၀၀ ကို ပျံကျ မေးမြန်းရာမှ တစ်ဆင့် ရရှိလာသည့် အဖြေအရ နှစ်ဦးလျင် တစ်ဦးမှာ ကျား ၊ မ ခွဲခြား ဆက်ဆံမှုကို ခံခဲ့ရကြောင်း ဖြေကြားခဲ့ပြီး အချို့မှာ လိင်ပိုင်းဆိုင်ရာ မှတ်ချက်ပြု ခံရခြင်းနှင့် အချို့မှာ ခွဲခြား ဆက်ဆံခံရခြင်းများ ရှိခဲ့ကြောင်း သိရသည်။ ယခုလို မေးမြန်းခံရသူများထဲမှ ၁၂၀၀ ကျော်မှာ ယခုလို ခံစားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယခုလို မေးမြန်းခံရသူများထဲတွင် ဆယ်ဦးလျင် လေးဦးမှာ စိတ်မသက်မသာသော ကိုယ်ထိလက်ရောက် ထိတွေ့မှုကို ခံစားခဲ့ရကာ ၂၇ ရာနှုန်းမှာ ၎င်းတို့ ငြင်းပယ်ခဲ့သော်လည်း တစ်စုံတစ်ဦး၏ အနမ်းပေးခြင်းကိုပင် ခံခဲ့ရကြောင်း ဖြေကြား သွားခဲ့သည်။

Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်