From : ခေတ်လူငယ်
နိုင်ငံတော်အနှံ့ လျှပ်စစ်မီးများ အမြန်ရရှိစေရေး နိုင်ငံတော် အစိုးရနှင့်အတူ ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကများလည်း ပါဝင်ရင်းနှီးပေးပါရန် အထူးလိုအပ်လျက်ရှိပါသည်။ မဟာ ဓာတ်အားလိုင်းသို့ လျှပ်စစ်မီးဓာတ်အား လိုင်းထည့်ဝင်ခြင်း၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရယူဖြန့်ဖြူးခြင်း၊ မဟာဓာတ်အားလိုင်းမှ အပ အခြားသင့်တော်မည့် နေရာများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မဟာဓာတ်အားလိုင်းမှလည်း အဆိုပါ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ဝယ်ယူမည်ဖြစ်ပါသည်။ အသေးစိတ်ညှိနှိုင်းရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဖုန်း -၀၆၇ -၄၀၆၃၃၄၊ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဖုန်း - ၀၆၇-၄၁၁၀၇၁၊ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဖုန်း -၀၆၇- ၄၁၀၂၀၃ နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖုန်း -၀၆၇-၄၀၅၀၅၀ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်