From : MRTV4
အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းမှ မြန်မာနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့ အကြား ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကျိုးတူ ပူးပေါင်း
ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများနဲ့ ပတ်သက်ပြီး ဟောပြောမူကို မေလ ၂၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဟောပြောပွဲမှာ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းမှ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေ အတွက် အချက်အချာ ဒေသတစ်ခု ဖြစ်လာနိုင်တဲ့ ဒေသ ဆိုင်ရာ စီးပွားရေး အင်အား တစ်ရပ်ကို ထူထောင်ဖို့ အတွက် မြန်မာနိုင်ငံကို အတူ လက်တွဲ လုပ်ကိုင်ဖို့ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အရောင်းအ၀ယ် လုပ်ငန်းများ အဆင်ပြေ စေရန် နှစ်နိုင်ငံဘဏ် လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက် ဖို့လည်း စီစဉ် လျက်ရှိပြီး စွမ်းအင်၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးတွေ၊ အိုင်စီတီ ကဏ္ဍတွေနဲ့ ပတ်သက်ပြီးလည်း ဟောပြော ခဲ့တယ်လို့ သိရပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်