Subscribe to our RSS Feed

ပညာရေး အဆင့်မြှင့်တင် မှုကြောင့် နည်းပညာ တက္ကသိုလ် ၂ ခုမှ အမှတ် ၄၅၀ နှင့်အထက် ကျောင်းသား များကိုသာ ရွေးချယ် ခေါ်ယူသွားမည်

From : .mrtv4

လာမယ့် ပညာသင်နှစ်မှ စတင်ကာ ရန်ကုန် နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် များကို အဆင့်မြင့် နည်းပညာ တက္ကသိုလ်Center of Excellent အဖြစ် တိုးမြှင့် သတ်မှတ်ပြီး အဆိုပါ တက္ကသိုလ် ၂ တို့ခုမှာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ရမှတ် ၄၅၀ မှတ်နဲ့ အထက် ရရှိသူ များကို ရွေးချယ်ကာ တက်ရောက် ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တက္ကသိုလ် တစ်ခုစီ အတွက် တစ်နှစ်မှာ ကျောင်းသား၊ ကျောင်းသူ ဦးရေ အများဆုံး ၂၅၀ ဦးစီကို စီစစ် ရွေးချယ်ပြီး နိုင်ငံတကာ အဆင့်မီ သင်ရိုး ညွှန်းတမ်းများ၊ သင်ကြားမှု နည်းစနစ် များ၊ စာမေးပွဲ စစ်ဆေးတဲ့ နည်းစနစ်များ၊ အရည်အချင်းရှိတဲ့ သင်ကြားရေး ဆရာ၊ ဆရာမများနဲ့ သင်ကြား သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရွေးချယ် ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကို ပထမနှစ် မှစပြီး ပညာသင်ကာ ခြောက်နှစ် ဆက်တိုက် သင်ယူကာ အောင်မြင်တဲ့ သူတွေ ကိုတော့ B.E ဘွဲ့နဲ့ B.Arch ဘွဲ့များကို တိုက်ရိုက် ပေးအပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Bio.Technology ဘာသာရပ် ၀ါသနာပါ သူများ ကိုလည်း လေးနှစ် ဆက်တိုက် ပညာသင်ယူပြီး အောင်မြင်သူများကို B.S(Bio Tech) ဘွဲ့ကို ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်