Subscribe to our RSS Feed

လျှံထွက်နေသော မှောင်ခိုဈေးကွက်ကို အလဲထိုးတော့မည်ဟု ဆို


From : P News Group

မှောင်ခိုတင်သွင်းမှု များပြားနေ၍ နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ဇူလိုင်လမှစကာ သိသိသာသာကျ ဆင်းလာနေခြင်းကြောင့် ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဟု စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ ''အရေးမယူတဲ့ အတွက် ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်'' ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။ နယ်စပ် ကုန်သွယ်မှု အဓိက နေရာများဖြစ်သည့် မ
ူဆယ်နှင့် မြ ဝတီ လမ်းကြောင်းတို့မှ နေ၍ ကန်ဒေါ်လာ ၅ သန်းမှ ၁ဝ သန်းအ ထိ မှောင်ခိုလုပ်နေကြကြောင်း၊ နယ် စပ်ဂိတ်များမှ နေ၍ပါလမ်းကြောင်း တစ်ကြောင်းဖြင့် မှောင်ခိုလုပ်နေ ကြသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။

''ကျွန်တော် ပြည်ထောင်စု ဝန်ကြီး လုပ်ကတည်းကိုက မှောင်ခို ထွက်သွား တဲ့ ကျွဲပေါင်း၊ နွားပေါင်း မနည်းတော့ဘူး။ ပစ္စည်းသေးသေး လေးတွေ မပြောနဲ့ ထိုင်းကို ကြီးတဲ့ ဆင်တောင် မှောင်ခိုပို့တယ်။ ဒါက ထွက်တာ။ ဝင်လာတဲ့ဟာတွေ လည်း မနည်းဘူး။ အရက်တို့၊ ဆေးလိပ်တို့ ပိတ်ထား တယ်။ ဒါပေ မဲ့ ဘယ်ဆိုင်မှာ ဝယ်ဝယ် ရတယ်။ ဒါပဲကြည့်တော့'' ဟု ပြည်ထောင် စုဝန်ကြီးက ပွင့်လင်းစွာ ထုတ်ဖော် ပြောသည်။ စီးပွား/ ကူးသန်း ဝန်ကြီးဌာန က ယခင်က OSS အဖွဲ့ခေါင်းဆောင်လုပ် ခဲ့သော် လည်း နောက်ပိုင်းတွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခြင်း မရှိသည့် အပြင် စစ်ဆေးရေး စခန်း နှစ်ခုတို့ ကိုပါ ဖျက်သိမ်းခဲ့ခြင်း၊ ¤င်းအပြင် မိမိတို့၏ တာဝန်မှာ ကုန်သွယ်မှု လိုင်စင်ထုတ်ပေးခြင်းသာ ဖြစ်၍ ဖမ်းဆီးအရေးယူမှု မပြုနိုင်ကြောင်း၊ ယခု မှောင်ခိုစစ်ဆေးသွားနိုင်ရန် သမ္မတ ရုံးမှ ဗိုလ်မှူးကြီးအဆင့်ရှိ အထူးအရာရှိ နှစ်ဦးကို စီးပွား/ကူးသန်း သို့ ချထားပေးလိုက်ကြောင်း ဦးဝင်းမြင့်က ပြောသည်။

နယ်စပ်ကုန်သွယ်ရေး ညွှန် ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးညွန့်အောင်က မှောင် ခိုတင်သွင်းမှု ပပျောက်စေရန် စားသောက်ကုန် အချို့ကို တရား ဝင်ခွင့်ပြုပေးနေသော်လည်း အချို မှုန့်နှင့် အချိုရည်တင် သွင်းရန် လိုင်စင်လာတင်မှု မရှိသလောက် နည်းပါးနေသည်ဟု မှတ်ချက်ပြု သည်။ မြဝတီအခြေစိုက် ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ''မှန်မှန်ကန်ကန်နဲ့ သွင်းတဲ့သူက မှောင်ခိုထက်ကို ပို ကြာနေတယ်။ တွက် ကြည့်ရင် လည်း မှောင်ခိုက ပိုပြီး တွက်ခြေ ကိုက်နေတော့ ဒီလမ်းကြောင်း ကို အများက ကြိုက်နေကြပြီ'' ဟု ပြောသည်။ မှောင်ခိုတင်သွင်း၊ တင်ပို့မှု တွင် လယ်ယာထွက်ကုန်ပစ္စည်းများပါ ပါဝင်နေပြီး ဆန်ဆိုပါက တစ်နှစ်လျှင် တန်ချိန် နှစ်သိန်း၊ သုံးသိန်းခန့် ရှိနေကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ သိရသည်။ ပြည်ထောင်စုဝန်ကြီးက ''ဒါကြောင့် စာရင်းတွေကို နှစ်နိုင်ငံ တိုက်ကြည့်လိုက်ရင် တရုတ်နဲ့ပဲဖြစ်ဖြစ်၊ အိန္ဒိယနဲ့ပဲ ဖြစ်ဖြစ်၊ ထိုင်းနဲ့ပဲဖြစ်ဖြစ် ကွာခြားနေတယ်။ မှန်မှန် ကန်ကန် တင်သွင်းကြပါ။ ကျွန် တော်တို့ကို မည်သူမဆို သတင်းပေးပါ။ အရေးယူပါ့မယ်။ ဒီအပိုင်း မှာအားမနည်းပါဘူး'' ဟု ပြောသည်။ မှောင်ခိုတင်သွင်းမှု များကြောင့် ဒေသတွင်း အလုပ်ရုံ စက်ရုံများ အရှုံးများပြီး အကျပ်ရိုက်နေကြ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

စီးပွား/ကူးသန်း စာရင်းများအရ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်းက တရားဝင်နယ်စပ်လမ်းကြောင်းများမှ နယ်စပ်ကုန်သွယ်မှု တွင်သွင်း ကုန်ထက် ပို့ကုန်က ကန်ဒေါ် လာသန်းချီ၍ သာလွန်နေခဲ့ ကြောင်း သိရှိရသည်။

Myanmar Express

1 comments:

Where we can inform?There has no phone number or address!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်