From : ခေတ်လူငယ်
မြန်မာနိုင်ငံရှိ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ပထမအကြိမ် ကျင်းပစဉ်က ထင်မှတ်ထားသည်ထက် အောင်မြင်မှု ရရှိခဲ့သောကြောင့် ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူကို အေးစန်းက သြဂုတ် ၃ ရက်တွင် ပြောပြခဲ့သည်။ ယင်းပြပွဲအတွက် အဓိကရည်ရွယ်ချက် သုံးချက်ရှိကြောင်းအား “နိုင်ငံအတွက် အလုပ်အကိုင်နေရာများ ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းရှင်နဲ့ အလုပ်အကိုင် ရှာဖွေနေတဲ့ လူငယ်များ တစ်နေရာတည်းမှာ တိုက်ရိုက်တွေ့နိုင်ရန်၊ လူငယ်တွေ မိမိနဲ့ သင့်လျော်မယ့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရန်၊ အလုပ်ရှာနေတဲ့ လူငယ်များအတွက် အချိန်၊ ငွေကြေး အကုန်အကျ သက်သက်သာသာနဲ့ ဝန်ဆောင်ခမကုန်ဘဲ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကိုင် ရရှိစေရန် ဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။ ပထမအကြိမ် အလုပ်အကိုင်ပြပွဲ၌ လုပ်ငန်းရှင် တစ်ဦးလျှင် အလုပ်လျှောက်ထားသူများ၏ အလုပ်လျှောက်လွှာပေါင်း ရာနှင့်ချီ၍ ရရှိခဲ့ပြီး အလုပ်လုပ်လိုသော သူများအတွက်ပါ အဆင်ပြေသောကြောင့် ယခုပွဲအား ထပ်မံစီစဉ်ခြင်း ဖြစ်သည်ဟု ပြောပြခဲ့သည်။ ယခုပြသမည့် အလုပ်အကိုင်ပြပွဲအား တပ်မတော်ခန်းမတွင် သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပြခန်းပေါင်း ၁၃၀ ခန့်ပါဝင်မည်ဟု ပြောပြခဲ့သည်။ ယင်းပြပွဲတွင် လုပ်ငန်းရှင်ကြီးများ အများအပြား ပါဝင်မည်ဖြစ်၍ မိမိအရည်အချင်းနှင့် ကိုက်ညီသော အမျိုးအစားအား စိတ်ကြိုက်ရွေးချယ် လျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်