Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


From : မြဝတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Air Chief Marshal Su-kumpol Suwanatat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တာ် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သော အဖွဲ့ကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အဆွေတော်၏ ခရီးစဉ်သည် နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် များစွာအထောက်အကူပြုမည့် ခရီးစဉ်ဖြစ်မည်ဟု ယုံကြည်ထားပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီးက မိမိအနေဖြင့် နေပြည်တော်သို့ ပထမဆုံးအကြိမ် လာရောက်သည့် ဤခရီးစဉ်တွင် နိုင်ငံတော်သမ္မတကြီးအား လာရောက် ဂါရဝပြု တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကလည်း ဂါရဝပြုကြောင်းကို အမှာစကားပါးလိုက်ပါကြောင်း၊ ယခုခရီးစဉ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုင်း-မြန်မာနယ်စပ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်နိုင်ငံနယ်စပ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လိုပါကြောင်း၊ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်ခိုးဝင်မှုများနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များအား နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်လိုပါကြောင်းဖြင့် ပြောကြားသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်