Subscribe to our RSS Feed

ပဋိပက္ခကြောင့် ပညာရေး၊ ကျောင်းဆရာ/မများနှင့် ကျောင်းသားများ အခက်အခဲကြုံနေရဆဲ


From : သဇင်ဥ

ရခိုင်ပြည်နယ်တွင် ဇွန် ၈ ရက်နေ့က ဘင်္ဂလီများ စတင်အကြမ်းဖက်သည့်နေ့မှစတင်၍ ကျောင်းသူ/သားများ ပညာရေးနှင့် ကျောင်း ဆရာ/မများ၏ အခက်အခဲများမှာ ယခုအချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်တွင်းမှ ပညာရေးအသိုင်းအ၀ိုင်းများက ပြောသည်။

သမ္မတ ဦးသိန်းစိန်မှ ယင်းအကြမ်းဖက်မှုကြောင့် ဇွန် ၁၀ ရက်နေ့မှစ၍ ပုဒ်မ (၁၄၄)နှင့် အရေးပေါ် အခြေအနေများကို ထုတ်ပြန် ထားချိန်တွင် ဇူလိုင်လ တတိယအပတ်က မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပဋိပက္ခဖြစ်ပေါ်ခဲ့သော မြို့နယ်အသီးသီးတို့တွင် ဖွင့်လှစ်ပေးခဲ့သော်လည်း ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများမှာ လုံခြုံရေးအရ ကျောင်းတက်ပညာသင်ကြားရန် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြကြောင်း ဆိုသည်။

ရသေ့တောင်မြို့နယ်ရှိ မူလတန်းကျောင်းသား/သူ ၅၀၀ ခန့်ကို ကျောင်းတက်နိုင်ရန် သက်ဆိုင်ရာမှ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ မူလတန်းပြ ဆရာ/မ ၂၀ ဦးရှိကြောင်း၊ အလယ်တန်း ကျောင်းများကို လုံခြုံရေးအရ ပိတ်ထားရဆဲဖြစ်ကြောင်း၊ စစ်တွေမြို့ တက္ကသိုလ်ကျောင်းကို တနင်္လာနေ့က စတင်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းဆရာ/မ၊ ကျောင်းသူ/သားနှင့် မိဘများက စိုးရိမ်နေရဆဲ အခြေအနေ ဖြစ်သောကြောင့် စာသင်ကြားနိုင်ခြင်း လုံးဝမရှိသေးကြောင်း၊ မောင်တောခရိုင်အတွင်း စုစုပေါင်း ရွာ ၄၀ ကျော်မှ စာသင်ကျောင်း ၃၀ ခန့်၊ ကျောင်းဆရာ/မပေါင်း ၆၀ ကျော်နှင့် ကျောင်းသားဦးရေ ၄၀၀၀ ခန့်တို့မှာလည်း ပုံမှန်စာသင်ကြားနိုင်မည့် အခြေအနေ မရှိသည့်အပြင် ဗုံးဖေါက်ခွဲရန် ခြိမ်းခြောက်ခံနေရကြောင်း စစ်တွေ-မောင်တောမြို့များမှ ကျောင်းသားနှင့် မြို့မိမြို့ဘများက ပြောသည်။
“ ဒီကနေ့ သတင်းအရတော့ လုံခြုံရေးရဲတပ်ဖွဲ့တွေ တိုးချပေးဖို့ သိရပါတယ်၊ ဒါပေမယ့် ကုလားတွေက ရဲဆိုရင် လုံးဝကြောက်တာ မရှိဘူး၊ သံတွဲ၊ မင်းပြား၊ စစ်တွေစတဲ့မြို့တွေက ဆရာ/မတွေက လုံခြုံရေးဘယ်လောက်ဘဲချပေးပါစေ ဒီမှာစာပြနေဖို့ စိုးရိမ်ကြတယ်ပြောပြီး ပြန်မလာကြတော့ဘူး၊ ကုလားတွေကို ခလေးဘ၀ကတည်းက စာသင်ပေးတဲ့ သရေကုန်ဘောင်ကျေးရွာက ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာကို မသေမချင်းသတ်ခဲ့တယ်၊ သူ့ဇနီးကတော့ ဆေးကူးသမှုခံယူနေတုန်းပါ၊ ကျောင်းအုပ်ဆရာကြီး အောင်သန်းကျော် အသတ်ခံရပါတယ်။ ဆရာ/မတွေကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ သင်္ခန်းစာဖြစ်ရတယ်လို့ ဆိုကြပါတယ်။ ပညာရေးသမားတွေက ပညာရေးကို ဘယ်ကနေစသင်ဖို့ ကြိုးပမ်းနေကြတယ်။ ဒါပေမဲ့ တွေးကြည့်ရင် စိုးရိမ်စရာတွေက အများကြီးဆိုတော့ ပညာရေးက ဘယ်လိုဖြစ်လာ မလဲ အသေအချာမပြောနိုင်သေးပါဘူး။ ” ဟု အမည်မဖေါ်လိုသူ မောင်တောမြို့ခံတစ်ဦးက ပြောသည်။

မောင်တောမြို့တွင် အထက်တန်း ၂ ကျောင်း၊ အလယ်တန်း ၅ ကျောင်းနှင့် မြို့နယ်တစ်ခုလုံးတွင် မူလတန်း ၃၀ ခန့်ရှိကြောင်း အတည်ပြု ရှင်းပြသည်။

“ အရေးပေါ် အခြေအနေက ထုတ်ပြန်ထားတယ်။ စာသင်ကျောင်းတွေကို ဖွင့်ပါတယ်လို့လည်း ပြောတယ်။ ကျောင်းတက်သူ ဆရာ/မနဲ့ ကျောင်းသားတွေက အနည်းစုသာရောက်တယ်။ ဒါလည်းစာသင်မဖြစ်ကြဘူး။ ကျောင်းမတက်တဲ့ရက်က ဒီကြားထဲမှာ အများကြီး၊ ဆရာ/မတွေ လခတောင် ပုံမှန်မဖြစ်တဲ့ အနေအထားဆိုတော့ အခက်အခဲတွေက ရှိနေကြပါတယ်။ ” ဟု စစ်တွေမြို့က ကျောင်းသား အမေတစ်ဦးဖြစ်သူ ဒေါ်တင်တင်သန်းက ရှင်းပြသည်။

သြဂုတ်လ ပထမအပတ်က စတင်အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ကျောက်တော်မြို့နယ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်ထား သော်လည်း ကျောင်းသား/သူ၊ ဆရာ/မများနှင့် ရပ်မိ/ရပ်ဖ လူကြီးများမှာ ကျောင်းတက်စာသင်ကြားနိုင်ရန် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသောကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာနေကြကြောင်း စစ်တွေမြို့မှ လေ့လာသိရှိနေကြသည့် ကျောင်းသား တချို့က ပြောသည်။

မြောက်ဦးမြို့နယ်တွင် ပဋိပက္ခဖြစ်ပေါ်မည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ စာသင်ကျောင်းများတွင် စာသင်ကြားမှုများ ရှိနေသော်လည်း ထုတ်ပြန်ထားသော ပုဒ်မ (၁၄၄)ကြောင့် အိမ်ကျောင်းဝိုင်းများ ပိတ်ထားရကြောင်းနှင့် လွတ်လပ်စွာ စာပေမသင်ကြားနိုင်ကြောင်း မြောက်ဦးမြို့ တောင်ရပ်ကွက်မှ ကျောင်းသားတစ်ဦးကပြောသည်။

ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရ အနေဖြင့် ယနေ့ရခိုင်ပြည်ပဋိပက္ခအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းမှာ ဆက်လက်ပြဿနာ မကြီးပွားစေရေးအတွက် သင့်တော်ကြောင်း မိန်းကြားထားသည်။

အခြားတစ်ဖက်မှာ ရခိုင်ပြည်နယ်အတွင်း ခြစားမှုမှာ ယနေ့အထိ ဒေသအာဏာပိုင်များအတွင်းတွင် ပေါ်ထွက်လျက်ရှိနေပြီး ပြည်နယ် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူ/သားများမှာ ရင်ဆိုင်လျက်ရှိနေဆဲဖြစ်ကြောင်း ဆိုသည်။

ရန်ကုန်ရောက် ရခိုင်ကျောင်းသားများနှင့် ရခိုင်ပြည်နယ် ကျောင်းသားများက ဒေသအတွင်း ပညာရေးကို လွတ်လပ်စွာ သင်ကြားနိုင်ရန် နည်းမျိုးစုံဖြင့် သက်ဆိုင်ရာသို့ ပန်ကြားတောင်းဆိုထားမှုများ ရှိနေသော်လည်း ပိုမိုဆိုးရွာသည့် အခြေအနေသို့သာ ဆိုက်ရောက်လာ ကြောင်း ကျောင်းသားများက ဆိုသည်။

သို့သော်လည်း ယင်းတို့အနေဖြင့် ဒေသအတွင်း ပညာရေးအတွက် ရပိုင်ခွင့်အခွင့်အရေးများနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး လုံခြုံစွာ သင်ကြားနိုင်ရေးကို တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းနေကြကြောင်း ပြောသည်။

ကျောင်းသားများ အနေဖြင့် ပညာရေးရှုဒေါင့်မှ ကျောင်းသားမိဘများအား ၀ိုင်းဝန်းကူညီရန် တိုက်တွန်းမှုများ ရှိနေကြောင်း၊ မောင်တောခရိုင်အတွင်း ဒုက္ခရောက်နေကြသည့် မိဘများ အနေဖြင့် သားသမီး ပညာရေးဘက်သို့ လှည့်မကြည့်နိုင်သည့် အခြေအနေနှင့် ဆိုက်ရောက်နေကြောင်းနှင့် နေစဉ်စားဝတ်နေရေးအပြင် လုံခြုံရေးကိုသာ အာရုံစိုက်နေကြရကြောင်း မောင်တောမြို့ အလယ်တန်းပြ ဆရာမတဦးက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ဇူလိုင် တတိယအပတ်က လွှတ်တော်တွင် ပြောဆိုခဲ့သော ရခိုင်ပြည်နယ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်ဖြန့်ကြဲချရေးကို ယခုလ အစောင်ပိုင်းက ထပ်မံပြီး ကမ်းခြေစောင့်ရဲကင်းများ အပါအ၀င် ရဲကင်းတပ်ဖွဲ့ ၃၀ ကို မောင်တော ခရိုင်အတွင်း ချပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း ဒေသခံများအနေဖြင့် ရဲတပ်ဖွဲ့များက မောင်တောခရိုင်အတွင်း လုံခြုံရေးအား ထိမ်းသိမ်းနိုင်မည်မဟုတ်ကြောင်း ပြောသည်။

Myanmar Express

1 comments:

http://ireport.cnn.com/docs/DOC-801221

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်